တရားမဝင် အရက်​​ဆိုင်​များပိတ်​သိမ်း​ရေး ​မေးမြန်းထား​သော်​လည်း အ​ရေးယူ​ဆောင်​ရွက်​မှုအားနည်း

0
162

ပဲခူး၊ မတ်​ ၁၅၊ ၂ဝ၁၈

လိုင်​စင်​ရယူခြင်းမရှိဘဲ တရားမဝင်​​ရောင်းချလျှက်​ရှိ​သော အရက်​ဆိုင်​များပိတ်​သိမ်း​ရေးနှင့်​စပ်​လျဉ်းပြီး​ လွှတ်​​တော်​၌​မေးခွန်း​မေးမြန်းပြီးဖြစ်​​သော်​လည်း အ​ရေးယူ​ဆောင်​ရွက်​မှုအား နည်း​နေဆဲဖြစ်​​ကြောင်း တိုင်းလွှတ်​​တော်​ကိုယ်​စားလှယ်​ဦး​ဇော်​လင်းထိုက်​က ​ပြောသည်​။

တရားမဝင်အရက်​​ဆိုင်​များဖျက်​သိမ်း​ရေးနှင့်​စပ်​လျဉ်​၍ ဒုတိယအကြိမ်​ပဲခူးတိုင်း​ဒေသကြီးလွှတ်​​တော်​ ပထမပုံမှန်​အစည်းအ​ဝေးနှင့်​ နဝမပုံမှန်​အစည်းအ​ဝေးတို့၌ နှစ်​ကြိမ်​အထိ​မေးခွန်း​မေးမြန်းထားသည့်​အ​ပေါ် ၎င်းက အထက်​ပါအတိုင်း​ရည်​​ညွှန်း​ပြောဆိုလိုက်​ခြင်းဖြစ်​သည်​။

“ပြည်​ထဲ​ရေးနဲ့ပတ်​သက်​လို့ ဘယ်လိုအ​ကြောင်းအရာမျိုးပဲ​မေး​မေး လုပ်​ထုံးလုပ်​နည်းအတိုင်း​ဆောင်​ရွက်​​နေပါတယ်​ဆိုတဲ့အ​ဖြေကလွဲလို့ ဘာမှထိ​ရောက်​တဲ့​ဖြေရှင်းမှုမရဘူး။ ​မေးခွန်း​တွေ​မေးပြီးတဲ့​နောက်​ပိုင်းမှာလည်း အ​ရေးယူ​ဆောင်​ရွက်​ကအားနည်း​နေ​သေးတာ ကို ​တွေ့​နေရပါတယ်​”ဟု ဦး​ဇော်​လင်းထိုက်​က ​ပြောသည်​။

ထို့ပြင်​ ပဲခူး​ဒေသအတွင်း၌ တရားမဝင်​ယစ်​မျိုးဆိုင်​များ များပြား လာ​နေ သည့်​ အပြင်​ ပဲခူးမြို့နယ်​အတွင်း၌ပင်​ တရားဝင်​လိုင်​စင်​ထုတ်​​ပေး ထားသည့်​ဆိုင်​အရည်​အတွက်​ ၃ဝဝ ​ကျော်​သာရှိ​သော်​လည်း အမှန်​တကယ်​​ရောင်းချ​နေသည့်​ဆိုင်​မှာ ​ထောင်​ဂဏန်းခန့်​အထိရှိ​နေ​ကြောင်း လွှတ်​​တော်​ကိုယ်​စားလှယ်​အချို့က ​ထောက်​ပြကြသည်​။

ပြီးခဲ့သည့်​ ​ဖေ​ဖော်​ဝါရီလအတွင်းက ကျင်းပသည့်​ တိုင်းလွှတ်​​တော်​ နဝမ ပုံမှန်​အစည်းအ​ဝေးတွင်​ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီးလှမျိုး​ရွှေက ပြန်​လည်​​ဖြေကြားရာတွင်​ တိုင်းခရိုင်​မြို့နယ်​အဆင့်​ အုပ်​ချုပ်​​ရေးမှူးများအားဥက္ကဋ္ဌအဖြစ်​​ဆောင်​ရွက်​​စေပြီး စည်းရုံး​ရေးအသွင်​၊ စီမံခန့်​ခွဲ​ရေးအသွင်​နှင့်​ ဥပ​ဒေလုပ်​ထုံးလုပ်​နည်းအရအ​ရေးယူကခင်းစ​သော နည်​လမ်းများဖြင့်​ အ​ရေးယူ​ဆောင်​ရွက်​​နေ​ကြောင်း ပြန်​လည်​​ဖြေကြားထားသည်​။

တိုင်း​ဒေသကြီးအစိုးရအဖွဲ့သည်​ လွှတ်​​တော်​၌​ဖြေကြားထားသည့်​ အ​ဖြေနှင့်​ကတိကဝတ်များအ​ကောင်အထည်​​ဖော်မှုအားနည်း ​နေသည့်​အ​ပေါ် လွှတ်​​တော်​ကိုယ်​စားလှယ်​များနှင့်​ နိုင်​ငံ​ရေးအသိုင်း အဝိုင်းများ အကြား ​ဝေဖန်​​ပြောဆိုမှုများရှိ​နေသည်​လည်းဖြစ်​သည်​။

မိုး​မြေ

ပဲခူး၊ မတ်​ ၁၅၊ ၂ဝ၁၈

Leave a Reply