ချန်ပီယံလိဂ်မှ မန်ယူအသင်း ထွက်ခဲ့ရခြင်းအတွက် ပရိသတ်တွေကို အဲရစ်ဘိုင်လီ တောင်းပန်

0
161

မတ် ၁၅ ၊ ၂၀၁၈

ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ ဆီးဗီးလားအသင်းကို ၁-၂ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတဲ့ အတွက် အသင်းပရိသတ်တွေကို မန်ယူနောက် ခံလူ အဲရစ်ဘိုင်လီက တောင်းပန်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆီးဗီးလားအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ နှစ်ကျော့စလုံးမှာ ကစားပုံတွေ လေးလံထိုင်းမှိုင်းခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ အဆိုပါ လေးလံထိုင်းမှိုင်းမှုတွေကြောင့် ဆီးဗီးလားကွင်းမှာ သရေရလဒ်သာ ရယူနိုင်ခဲ့သလို မန်ယူအိမ်ကွင်းမှာတော့ ၁-၂ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။

ဒါ့အပြင် အသင်းနဲ့ စာချုပ်အသစ် ချုပ်ဆိုထားတဲ့ နည်းပြမော်ရင်ဟိုကိုလည်း ဆီးဗီးလားကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ပရိသတ်တွေက အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့ကလည်း ယနေ့ရရှိတဲ့ သတင်းများအရ မော်ရင်ဟိုကို အသင်းကနေ ရာသီအကုန်မှာ ထွက်ခွာခွင့် ပြုလိုက်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

“ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ် ပရိသတ်တွေအနေနဲ့ ခွင့်လွှတ်ပေးကြပါ။”လို့ အဲရစ်ဘိုင်လီက သူ့ရဲ့ twitter မှတဆင့် တောင်းပန်ခဲ့ပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမြဲရေး အတွက် တိုက်ပွဲဝင်နေရသလို ဖလားတစ်လုံးမျှော်လင့်ချက်အဖြစ် FA ဖလားတစ်ခုသာ ကျန်ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ အဆင့်တစ်နေရာက မန်စီးတီးနဲ့ ၁၆ မှတ် ကွာဟနေပြီး အမှတ်ပေးဖလား ချန်ပီယံဆုရဖို့ ယခုနှစ်မှာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း FA ဖလား ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းထားနိုင်ခဲ့တဲ့အတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်။

မန်ယူအသင်းဟာ လာမယ့် စနေနေ့မှာ FA ဖလား ကွားတားဖိုင်နယ်အဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply