ေဂ်႐ုဆလင္အား အစၥေရးၿမိဳ႕ေတာ္အျဖစ္ အေမရိကန္သမၼတထရမ့္ အသိအမွတ္ျပဳ

0
200

ဝါရွင္တန္ ဒီဇင္ဘာ ၇

ေဂ်႐ုဆလင္အား အစၥေရးနုိင္ငံ၏ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဒီဇင္ဘာ ၆ ရက္ အေႏွာင္းပိုင္းတြင္ ထုတ္ျပန္လိုက္ၿပီျဖစ္သည္။

အေရွ႕အလယ္ပိုင္းၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ ေဂ်႐ုဆလင္ကို အစၥေရးၿမိဳ႕ေတာ္အျဖစ္သတ္မွတ္ရန္ အခ်ိန္ပင္ေနာက္က်ေနၿပီျဖစ္ေၾကာင္း ထရမ့္ကေျပာဆုိခဲ့သည္။ အစၥေရးႏွင့္ပါလက္စတုိင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ေနာက္ဆံုးအဆင့္မွသာ ေဂ်႐ုဆလင္ၿမိဳ႕၏အဆင့္အတန္းႏွင့္ပတ္သက္၍ ေဆြးေႏြးရန္ ယခင္က သေဘာတူညီခဲ့သည္။

အစၥေရးႏွင့္ပါလက္စတိုင္းတို႔က သေဘာတူညီပါက အစၥေရးႏွင့္ ပါလက္စတုိင္း ႏွစ္ႏိုင္ငံသီးျခားတည္ေထာင္ေရးရလဒ္ကို အေမရိကန္က ေထာက္ခံေနဆဲျဖစ္ေၾကာင္း ထရမ့္ကေျပာဆုိခဲ့သည္။ ပါလက္စတိုင္းသမၼတမာမြတ္အဘၻာစ္က ထရမ့္၏ထုတ္ျပန္ခ်က္သည္ စိတ္ပ်က္စရာေကာင္းလွၿပီး အေမရိကန္သည္ ၿငိမ္းခ်မ္းေရးၾကားဝင္ေစ့စပ္ေပးသူမျဖစ္ႏုိင္ေတာ့ေၾကာင္း ေျပာဆုိခဲ့သည္။

ကုလသမဂၢလံုၿခံဳေရးေကာင္စီအဖဲြ႕ဝင္ ၁၅ ႏိုင္ငံအနက္ ရွစ္ႏုိင္ငံက အေမရိကန္သမၼတ၏ဆံုးျဖတ္ခ်က္ႏွင့္ပတ္သက္ၿပီး အေရးေပၚ အစည္းအေဝးက်င္းပေပးရန္ ေတာင္းဆိုခဲ့သည္။ အေမရိကန္က ေဂ်႐ုဆလင္အား အစၥေရးၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ျခင္းသည္ ႏုိင္ငံတကာအသုိင္းအဝုိင္းက ေဂ်႐ုဆလင္အေပၚထားရွိသည့္ အျမင္မ်ားႏွင့္ ေျပာင္ေျပာင္ႀကီးဆန္႔က်င္ေနသည္။ ပါလက္စတုိင္းသားမ်ားက အေရွ႕ေဂ်႐ုဆလင္သည္ ၎တို႔၏အနာဂတ္ႏုိင္ငံေတာ္၏ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ထားသည္။

အစၥေရးက ေဂ်႐ုဆလင္အား အုပ္ခ်ဳပ္ေနျခင္းကို ႏုိင္ငံတကာ အသိအမွတ္ျပဳျခင္းမရွိဘဲ ႏုိင္ငံအားလံုးသည္ ယခုအခ်ိန္အထိ ၎တုိ႔၏သံ႐ုံးမ်ားကုိ တယ္လ္အဗီး၌သာ ဖြင့္လွစ္ထားသည္။ ေဂ်႐ုဆလင္၌ ဂ်ဴးဘာသာ၊အစၥလာမ္ဘာသာႏွင့္ ခရစ္ယာန္ဘာသာဆုိင္ရာ အထြတ္အျမတ္ထားရာေနရာမ်ားရွိေနသည္။

၁၉၆၇ ခုႏွစ္ ေျခာက္ရက္စစ္ပဲြၿပီးေနာက္တြင္ အစၥေရးးသည္ ၿမိဳ႕ေဟာင္းေနရာအပါအဝင္ အေရွ႕ေဂ်႐ုဆလင္ကုိ သိမ္းပိုက္ခဲ့ေသာ္လည္း ယင္းကို ႏုိင္ငံတကာက အစၥေရးႏိုင္ငံတစ္စိတ္တစ္ပိုင္းအျဖစ္ အသိအမွတ္ျပဳျခင္းမရွိခဲ့ေခ်။

အေမရိကန္ျပည္ေထာင္စု၏အက်ိဳးစီးပြားႏွင့္ အစၥေရး-ပါလက္စတုိင္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ ေဂ်႐ုဆလင္အား အစၥေရးၿမိဳ႕ေတာ္ အျဖစ္သတ္မွတ္လိုက္ရျခင္းျဖစ္ေၾကာင္း ထရမ့္က အိမ္ျဖဴေတာ္၌ ေျပာဆုိခဲ့သည္။ ထို႔ျပင္ တယ္လ္အဗီးရွိ အေမရိကန္သံ႐ုံးအား ေဂ်႐ုဆလင္သို႔ေျပာင္းေရႊ႕ရန္ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကို ညႊန္ၾကားလိုက္ၿပီျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆုိခဲ့သည္။

ထရမ့္သည္ ေရြးေကာက္ပဲြမဲဆြယ္စည္း႐ုံးခ်ိန္တြင္ ေပးထားသည့္ ကတိကုိ အေကာင္အထည္ေဖာ္လိုက္ျခင္းျဖစ္သည္။ ေရြးေကာက္ပဲြကတိကုိ အေကာင္အထည္ေဖာ္လိုက္ျခင္းသာမက လက္ေတြ႕ မ်က္ေတြ႕ အမွန္တရားကိုပါ အသိအမွတ္ျပဳလုိက္ျခင္းလည္းျဖစ္ေၾကာင္း ထရမ့္ကေျပာဆုိခဲ့သည္။ ရီပတ္ဘလီကန္ဂ်ဴးညႊန္႔ေပါင္းအဖဲြ႕က ထရမ့္ကို ေက်းဇူးတင္ေၾကာင္း နယူးေယာက္တုိင္းမ္သတင္းစာ၌ ေၾကာ္ျငာထည့္ၿပီး ေျပာဆုိခဲ့သည္။ ယင္းအဖဲြ႕ကို ထရမ့္ ေရြးေကာက္ပဲြမဲဆြယ္မႈအတြက္ ေငြေၾကးမ်ားစြာ လွဴဒါန္းခဲ့သည့္ ရွယ္ဒန္အဒယ္ဆင္က ေထာက္ပံ့ ထားျခင္းျဖစ္သည္။

ထရမ့္၏ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက သမုိ္င္းဝင္ေသာေန႔ဟု ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ အိမ္ျဖဴေတာ္၌ မိန္႔ခြန္းေျပာဆုိခဲ့သည့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်င္မင္ေနတန္ယာဟု။

ဝါရှင်တန် ဒီဇင်ဘာ ရ

ဂျေရုဆလင်အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ်သတ်မှတ်ရန် အချိန်ပင်နောက်ကျနေပြီဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ အစ္စရေးနှင့်ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ဆုံးအဆင့်မှသာ ဂျေရုဆလင်မြို့၏အဆင့်အတန်းနှင့်ပတ်သက်၍ ဆွေးနွေးရန် ယခင်က သဘောတူညီခဲ့သည်။

အစ္စရေးနှင့်ပါလက်စတိုင်းတို့က သဘောတူညီပါက အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံသီးခြားတည်ထောင်ရေးရလဒ်ကို အမေရိကန်က ထောက်ခံနေဆဲဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ပါလက်စတိုင်းသမ္မတမာမွတ်အဘ္ဘာစ်က ထရမ့်၏ထုတ်ပြန်ချက်သည် စိတ်ပျက်စရာကောင်းလှပြီး အမေရိကန်သည် ငြိမ်းချမ်းရေးကြားဝင်စေ့စပ်ပေးသူမဖြစ်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ရှစ်နိုင်ငံက အမေရိကန်သမ္မတ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးကျင်းပပေးရန် တောင်းဆိုခဲ့သည်။ အမေရိကန်က ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းက ဂျေရုဆလင်အပေါ်ထားရှိသည့် အမြင်များနှင့် ပြောင်ပြောင်ကြီးဆန့်ကျင်နေသည်။ ပါလက်စတိုင်းသားများက အရှေ့ဂျေရုဆလင်သည် ၎င်းတို့၏အနာဂတ်နိုင်ငံတော်၏မြို့တော်အဖြစ် သတ်မှတ်ထားသည်။

အစ္စရေးက ဂျေရုဆလင်အား အုပ်ချုပ်နေခြင်းကို နိုင်ငံတကာ အသိအမှတ်ပြုခြင်းမရှိဘဲ နိုင်ငံအားလုံးသည် ယခုအချိန်အထိ ၎င်းတို့၏သံရုံးများကို တယ်လ်အဗီး၌သာ ဖွင့်လှစ်ထားသည်။ ဂျေရုဆလင်၌ ဂျူးဘာသာ၊အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာဆိုင်ရာ အထွတ်အမြတ်ထားရာနေရာများရှိနေသည်။

၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲပြီးနောက်တွင် အစ္စရေးသည် မြို့ဟောင်းနေရာအပါအဝင် အရှေ့ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့သော်လည်း ယင်းကို နိုင်ငံတကာက အစ္စရေးနိုင်ငံတစ်စိတ်တစ်ပိုင်းအဖြစ် အသိအမှတ်ပြုခြင်းမရှိခဲ့ချေ။

အမေရိကန်ပြည်ထောင်စု၏အကျိုးစီးပွားနှင့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဂျေရုဆလင်အား အစ္စရေးမြို့တော် အဖြစ်သတ်မှတ်လိုက်ရခြင်းဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်၌ ပြောဆိုခဲ့သည်။ ထို့ပြင် တယ်လ်အဗီးရှိ အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ပြောင်းရွှေ့ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်တွင် ပေးထားသည့် ကတိကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကတိကို အကောင်အထည်ဖော်လိုက်ခြင်းသာမက လက်တွေ့ မျက်တွေ့ အမှန်တရားကိုပါ အသိအမှတ်ပြုလိုက်ခြင်းလည်းဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ ရီပတ်ဘလီကန်ဂျူးညွှန့်ပေါင်းအဖွဲ့က ထရမ့်ကို ကျေးဇူးတင်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာ၌ ကြော်ငြာထည့်ပြီး ပြောဆိုခဲ့သည်။ ယင်းအဖွဲ့ကို ထရမ့် ရွေးကောက်ပွဲမဲဆွယ်မှုအတွက် ငွေကြေးများစွာ လှူဒါန်းခဲ့သည့် ရှယ်ဒန်အဒယ်ဆင်က ထောက်ပံ့ ထားခြင်းဖြစ်သည်။

ထရမ့်၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သမိုင်းဝင်သောနေ့ဟု ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ အိမ်ဖြူတော်၌ မိန့်ခွန်းပြောဆိုခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင်နေတန်ယာဟု။

Leave a Reply