(၂) နှစ် (၅) လအရွယ်ကလေးငယ်ကို မုဒိမ်းပြုကျင့်သူအား ရုံးထုတ်ရာတွင် လူ (၁၅၀) ခန့် စောင့်ကြည့်မှုပြုလုပ်မည်

0
185

မန္တလေး၊ မတ် ၁၅၊ ၂၀၁၈

မတ္တရာမြို့နယ် ဝန်စုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မုဒိမ်းကျင့်ခံရ၍ (၂) နှစ် (၅) လအရွယ်ကလေးငယ် သေဆုံးခဲ့မှုအတွက် ကျူးလွန်သူကို မတ်လ ၁၆ ရက်နေ့က ပြင်ဦးလွင်ခရိုင်တရားရုံး၌ စစ်ဆေးမည်ဖြစ်ပြီး ထိုသို့စစ်ဆေးမှု ကို လူ (၁၅၀) ခန့် လေ့လာစောင့်ကြည့်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့လေ့လာစောင့်ကြည့်မှုများလုပ်ရာတွင် စစ်ကိုင်း၊ မန္တလေး နှင့် မတ္တရာမြို့နယ်များက သက်ငယ်မုဒိမ်းသေဒဏ်ပေးရေး လှုပ်ရှားသူများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းတွေက တစ်နိုင်ငံလုံးက နေရာတိုင်းမှာ ဖြစ်နေတယ်။ ခု မတ္တရာမှာဖြစ်တာကျတော့ ကလေးမှာ ခံစားပြီး သေသွားရတာ လူမဆန်တဲ့ လုပ်ရပ်ကြောင့် သေရတာ ။ သူမြေချတဲ့ နေ့မှာမှ နှစ်နှစ် ငါးလ ပြည့်တာ။ ကျွန်တော်တို့ ဒါမျိုးတွေကို သေဒဏ်ပေးသင့်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လေ့လာ စောင့်ကြည့်မှုတွေ လုပ်သွားမယ်။ ကျွန်တော်တို့ကတော့ လူသတ် မုဒိမ်း ရိုးရိုးတောင်မဟုတ်ဘူး သက်ငယ်မုဒိမ်းကို သေဒဏ်ပေးစေချင်တယ်” ဟု သက်ငယ်မုဒိမ်း သေဒဏ်ပေးရေးတောင်းဆိုသူ ဦးသန်းလွင်က ပြောသည်။

အဆိုပ်အမှုသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ကလေး မိဘများသည် ကျေးရွာအနီးရှိ တောတန်းတစ်ခုတွင် လှည်းဖြင့် ထင်းခုတ် သွားသည့်နေရာသို့ ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့ကာ တောတန်း အနီးမှ မိတ်ဆွေ မိသားစုတစ်ခုထံ အပ်နှံထားခဲ့ရာမှ ကလေးငယ်မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးသွားသည့်ကလေးငယ်ကို လိုက်လံရှာဖွေရာတွင် လယ်ကွင်းတစ်ခု၌ ဖြိုးထက်အောင် (၂၅) နှစ်က သားမယားပြုကျင့်နေသည်ကို ယင်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး အော်ဟစ်အကူအညီတောင်းခဲ့ရာ ကျူးလွန်သူမှာ ထွက်ပြေး သွားခဲ့သည် ။ ထို့နောက်သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ ကျူးလွန်သူအား ဘောင်ကြီးတံတားချောင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ မုဒိမ်းကျင့်ခံရသော (၂) နှစ် (၅) လ အရွယ်ကလေးငယ် သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ ကျူးလွန်သူအား သေဒဏ်ချပေးရေးအတွက် ဖေဖော် ဝါရီ လထဲက မတ္တရာမြို့ပေါ်တွင် လူအင်အား ထောင်နှင့်ချီကာ ဆန္ဒပြ ခဲ့သည်။

နိုင်လင်းဦး

Leave a Reply