မြန်​မာနိုင်​ငံတွင်​ ဗီယက်​နမ်​ ထိပ်​တန်း ကုမ္ပဏီ တစ်​ခုမှ ကိုယ်​စားလှယ်​ရုံးနှင့်​ စက်​ရုံဖွင့်​မည်

0
180

ရန်ကုန်​ ၊မတ်​လ ၁၅၊၂၀၁၈

မြန်​မာနို​င်​ငံတွင်​ တံခါးများ၊အ​ဆောက်​အဦ မျက်​နှာစာများအတွက်​ ​ထုတ်​ကုန်​များ ​ရောင်းချ ဝန်​​ဆောင်​မှု​ပေး​နေ​သော ဗီယက်​နမ်​နို​င်​ငံမှ ထိပ်​တန်း ကုမ္ပဏီ တစ်​ခုဖြစ်​သည့်​ Eudowindow က ကိုယ်​စားလှယ်​ရုံးခန်း​နှင့်​ စက်​ရုံ ကို ဖွင့်​လှစ်​သွားမည်​ဖြစ်​​ကြောင်း အဆိုပါကုမ္ပဏီ၏ သတင်း​ထုတ်​ပြန်​ချက်​အရသိရသည်​။

အဆိုပါ ကိုယ်​စားလှယ်​ရုံးနှင့်အ​ရောင်းပြခန်းကို ယခုလ ၁၆ရက် ​၌ ရန်​ကုန်​မြို့တွင်​ ဖွင့်​လှစ်​သွားမည်​ဖြစ်​ပြီး​ ဈေးကွက်​ဝယ်​လိုအား ပြည့်​မီ​​စေ​ရေး အတွက်​ ၂၀၁၉ခုနှစ်​မှ စတင်​ကာ စက်​ရုံ ၁ရုံကိုလည်း တည်​​ဆောက်​သွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

“အ​ဆောက်​အဦမျက်​နှာစာရဲ့ ဒီဇိုင်းဟာ တည်​​ဆောက်​လိုက်​တဲ့ အ​ဆောက်​အဦတိုင်းအတွက်​ အဆင်​​ပြေလွယ်​ကူ​စေ​ရေး၊​ဘေးအန္တရာယ်​ကင်း​ရှင်း​ရေး ၊ မီး​ဘေးကာကွယ်​​ရေး၊စွမ်းအင်​​ချွေတာ​ရေးနဲ့ သဘာဝပတ်​ဝန်းကျင်​ထိခိုက်​​မှုမရှိ​စေ​ရေး တို့ကိုလဲ ရရှိ​စေရပါမယ်​။မြန်​မာနို​င်​ငံက အ​ဆောက်​အ​ဦ​တွေအတွက်​ လှပ​ခေတ်​မီတဲ့အသွင်​ကို ပံ့ပိုး​ပေးနို​င်​ဖို့ရာ မြန်​မာနို​င်​ငံမှာ ရင်းနှီးမြှုပ်​နှံဖို့​ရွေးချယ်​လိုက်​ခြင်းပဲဖြစ်​ပါတယ်​။”ဟု Eudowindow ၏ အမှု​ဆောင်​အရာရှိချုပ်​ Mr.Nguyen Canh Hong က​ပြောသည်​။

ထို့ပြင်​ မြန်​မာနို​င်​ငံ၏ဆောက်​လုပ်​​ရေးကဏ္ဍအတွက်​ တံခါးများ၊နံရံများအား အပြည့်​စုံဆုံးထုတ်ကုန်များပံ့ပိုးခြင်းနှင့်​ပတ်သက်သည့်​ ​ဟော​ပြော​ဆွေး​နွေးပွဲကိုလည်း ယခုလ ၁၆ရက်​၌ ရန်​ကုန်​မြို့ရှိ Melia Hotelတွင်​ ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

ယင်း​ဆွေး​နွေးပွဲတွင်​ မြန်​မာနို​င်​ငံတွင်​တည်​​ဆောက်​မည့်​ အ​ဆောက်​အဦးသစ်​များ၏အသွင်​သဏ္ဍန်​ကို ​ပြောင်းလဲဆန်းသစ်​​ပေးမည့် တံခါးနှင့်​ နံရံသုံးထုတ်​ကုန်​များအ​ကြောင်းကို မိတ်​ဆက်​​ပေးသွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply