ပြည်​ပသို့ပဲမျိုးစုံ တင်​ပို့မှု ယခင်​ဘဏ္ဍာနှစ်​ထက်​ တန်​ချိန်​ ၆​ထောင်​ခန့် လျော့နည်း

0
188

ရန်​ကုန်​၊ မတ်​လ ၁၆၊၂၀၁၈

ယခုဘဏ္ဍာနှစ်​ ၁၁လ​ကျော်​ကာလအတွင်းပြည်​ပသို့ ပဲမျိုးစုံ တန်​ချိန်​ ၁ ဒသမ ၃သန်း​နီးပါးခန့်​ တင်​ပို့ထားပြီး ယခင်​ဘဏ္ဍာနှစ်​ထက်​ တန်​ချိန်​ ၆​ထောင်​ခန့်​ လျော့နည်း​ခဲ့​ကြောင်း စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်
ရေး ဝန်ကြီးဌာနမှ သိရသည်​။

ပြည်​ပနို​င်​ငံများသို့ ပဲမျိုးစုံတင်​ပို့ရာတွင်​ ပဲတီစိမ်း​ဈေးကွက်​မှာ များစွာ ရှိသည့်​အတွက်​ ​ပြောင်းလဲမှုမရှိ​နို​င်​​သော်​လည်း မတ်​ပဲနှင့်​ ပဲစင်းငုံ ​ဈေးကွက်​မှာ အိန္ဒိယ​ဈေးကွက်​ကို အဓိကတင်​ပို့​ ​နေရသော​ကြောင့်​ ​ရေရှည်တွင်​ အိန္ဒိယ​နို​င်​ငံ၏ ပဲထွက်​ရှိမှုနှုန်းကို ကြည့်​ပြီးမှသာ မိမိတို့ဘက်​မှ ​ဈေးကွက်​အခြ​နေအား ခန့်​မှန်း၍ စိုက်​ပျိုးထုတ်​လုပ်​သင့်​​ကြောင်း စီးပွား​ရေးနှင့်​ ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်​ ဦးတိုး​အောင်​မြင့်​ က​​ပြောသည်​။

“ပဲတန်​ချိန်​က ပြည်​ပကို အခုလက်​ရှိမှာ ၁ ဒသမ ၃ သန်း​နီးပါး​လောက်​ တင်​ပို့ထားတယ်။မနှစ်ကနဲ့စာရင်​​တော့တန်ချိန်​ ​ထောင်ဂဏန်း​လောက်ပဲ ​လျော့ နည်းပါ​သေးတယ်​။ အများကြီး​တော့မဟုတ်​ဘူး။ ရာခိုင်​နှုန်းနဲ့​ပြောမယ်​ဆိုရင်​ ၁ ရာခိုင်​နှုန်း​တောင်​ မပြည့်​ပါဘူး။”ဟု၎င်းက​ပြောသည်​။

ပြည်​ပသို့ ပဲမျိုးစုံတင်​ပို့မှုနှင့်​ပတ်​သက်​ပြီး အိန္ဒိယနိုင်​ငံကလွဲ၍ ကျန်​ရှိ​သည့်​ နို​င်​ငံများကို တင်​ပို့ရာတွင်​ အ​ပြောင်း​အလဲမရှိ​သော်​လည်း ၂၀၁၇ခုနှစ်​ အတွင်း က အိန္ဒိယနိုင်​ငံသည်​ ရာသီဥတု​ကောင်းမွန်၍ ပဲအထွက်​​နှုန်း ကောင်း​ခဲ့ပြီး​ ယင်းနိုင်​ငံအတွင်း ပဲဖူလုံသည့်​အတွက်​ ပဲတင်​ပို့မှု​များတွင်​ ကိုတာ သတ်​မှတ်​ပြီး တင်​သွင်း​လာခြင်း​ကြောင့်​ ပဲ​ဈေးနှုန်း​များ ကျဆင်း​ခဲ့ခြင်းဖြစ်​​ကြောင်း​သိရသည်​။

လက်​ရှိ ပဲ​ပေါ်​နေသည့်​ကာလတွင်​ မတ်​ပဲဈေးနှုန်းမှာ ၅သိန်း​ဝန်းကျင်​ရှိပြီး ပဲစင်းငုံ​ဈေးနှုန်း​မှာ ၄သိန်း​ဝန်း​ကျင်​ခန့်​ ဖြင့်​ အ​ရောင်းအဝယ်​ပြုလုပ်​လျှက်​ရှိ​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply