လီဗာပူးလ်မှာ အနှစ် ၂၀ နီးပါး နေမယ့် နည်းပြ ဂျာကင်ကလော့

0
186

မတ် ၁၆ ၊ ၂၀၁၈

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ အပြောင်းအလဲတွေ မရှိခဲ့ဘူးဆိုရင် လီဗာပူးလ်မှာ အနှစ် ၂၀ နီးပါးအထိ နည်းပြဘ၀နဲ့ နေထိုင်မယ်လို့ ပရိသတ်တွေကို ပြောကြားလိုက်ပါတယ်။

ကလော့ဟာ သူ့ရဲ့ အသက် ၇၀ အထိ လီဗာပူးနဲ့ လက်တွဲသွားဖို့ ဆန္ဒရှိနေတယ်လို့ အသင်းရဲ့ပရိသတ်တွေကို ပြောကြားလိုက်ပြီး အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့လို နေထိုင်နိုင်ဖို့တော့ မလွယ်ကူနိုင်ဘူးလို့ ၀န်ခံလိုက်ပါတယ်။

မန်ယူနည်းပြ ဖာဂူဆန်နဲ့ လက်ရှိအာဆင်နယ်နည်းပြ အာစင်ဝင်းဂါးတို့ဟာ လက်ရှိမှာ အသင်းတစ်သင်းထဲမှာ အကြာဆုံး နည်းပြခဲ့တဲ့ သက်တော်ရှည် နည်းပြတွေ ဖြစ်ပြီး ယင်းတို့ကဲ့သို့ လီဗာပူးလ်အသင်းမှာ ဂန္တ၀င်နည်းပြ ဘ၀ကို ရရှိဖို့တော့ ယနေ့ဘောလုံးလောကမှာ မဖြစ်နိုင်ဘူးလို့ ကလော့က ဆိုပါတယ်။

“ကျွန်တော် အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်ကို လေးစားပါတယ်။ သူတို့ဟာ တစ်သင်းထဲမှာ အကြာကြီး နည်းပြခဲ့တယ်။ ဒါပေမယ့် ကစားပွဲတွေဟာ ဒီကနေ့မှာတော့ အရာရာ ပြောင်းလဲသွားပါပြီ”လို့ ကလော့က ပြောပါတယ်။

ဂျာကင်ကလော့ဟာ ၂၀၁၅ ခုနှစ်မှာ လီဗာပူးလ်နည်းပြ ရော်ဂျာကို ထုတ်ပယ်ပြီးတဲ့နောက်မှာ အစားထိုး ခန့်အပ်ခံထားရတဲ့ သူဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံး နည်းပြဖြစ်နေပြီး လီဗာပူးလ်အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာအောင် စွမ်းဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဂျာကင်ကလော့ကို ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

“ကျွန်တော် အာမခံပါတယ်။ အသက် ၇၀ ၊ နောက်ထပ်အနှစ် ၂၀ အထိ လီဗာပူးလ်မှာ ဆက်ရှိနေမယ်ထင်ပါတယ်”ဟု ကလော့က ဆက်ပြောသွားပါတယ်။

NN

Leave a Reply