ဘိန္းျဖဴ ႏွင့္ စိတ္ႂကြေဆးျပား က်ပ္သိန္း ၃၈၀ ေက်ာ္ဖိုးဖမ္းဆီးရမိ

0
193

မႏၲလး ။ ဒီဇင္ဘာ ၇။ ၂၀၁၇။

မႏၲေလးၿမိဳ႕တြင္ ဒီဇင္ဘာလ ၆ ရက္ေန႔က ဘိန္းျဖဴ ႏွင့္ စိတ္ႂကြ ေဆးျပား က်ပ္သိန္း ၃၈၀ ေက်ာ္ဖိုးႏွင့္အတူ တရားခံ(၄) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုး က သိရသည္ ။

သတင္းအရ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားက သြားေရာက္ေစာင့္ဆိုင္းဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး 125 Kenbo ဆိုင္ကယ္ ေမာင္းႏွင္လာသည့္ ကိုမိုးေဇာ္ ကို စစ္ေဆးၾကည့္ရာ ၎၏ လြယ္အိပ္အတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ ။ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမ်ားမွာ 88/1 စာတန္းပါ စိတ္ႂကြေဆးျပား ၆၀၀၀ ျပား (ကာလေပါက္ေစ်း က်ပ္သိန္း ၃၀၀) ႏွင့္ ဘိန္းျဖဴ ၁၂၁ ဂရမ္ (ကာလေပါက္ေစ်း ၈၄၇၀၀၀၀ က်ပ္) တို႔ျဖစ္ေၾကာင္း သိရ
သည္။

ကိုမိုးေဇာ္အား စစ္ေဆးရာ ကြတ္ခိုင္ၿမိဳ႕ေနသူ မ်ိဳးသက္ဦး ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္ ဉာဏ္ေတာေက်းရြာအုပ္စု ေနထိုင္သူ မစန္းစန္းျမင့္ (ခ) မငယ္တို႔က ေရာင္းခ်ျခင္းျဖစ္ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ ၄၉ လမ္း ႏွင့္ မဥၨဴလမ္းေထာင့္မွာ ေစာင့္ဆိုင္းေနေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တဲ့အတြက္ သက္ဆိုင္ရာက သြားေရာက္ဖမ္းဆီးခဲ့ပါသည္ ။ ထို႔ေနာက္ မ်ိဳးသက္ဦးကို ထပ္မံစစ္ေဆးရာ ကြတ္ခိုင္ၿမိဳ႕ေနသူ တ႐ုတ္လူမ်ိဳး မေမာ္ေမာ္ဆိုင္း ဆိုသူထံက ယူေဆာင္လာေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တဲ့အတြက္ မေမာ္ေမာ္ဆိုင္း တည္းခိုေနထိုင္ရာ ပုသိမ္ႀကီးၿမိဳ႕နယ္ အုန္းေခ်ာေက်းရြာ မႏၲေလး – ျပင္ဦးလြင္သြား ကားလမ္းေဘးမွာရွိသည့္ သရဖူအေအးခန္း ဧည့္ရိပ္မြန္သို႔ သက္ဆိုင္ရာက သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္ ။

ျဖစ္စဥ္ႏွင့္ပတ္သတ္၍ ကိုမိုးေဇာ္ပါ ၄ ဦးကို စက္မႈ နယ္ေျမခံရဲစခန္းမွာ မယ(ပ) ၁၀/၂၀၁၇ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က) အမႈဖြင့္အေရးယူထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုး က သိရသည္ ။

ႏိုင္လင္းဦး

 

မန္တလေး ။ ဒီဇင်ဘာ ရ။ ၂၀၁၇။

မန္တလေးမြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က ဘိန်းဖြူ နှင့် စိတ်ကြွ ဆေးပြား ကျပ်သိန်း ၃၈၀ ကျော်ဖိုးနှင့်အတူ တရားခံ(၄) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် သက်သေများက သွားရောက်စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး 125 Kenbo ဆိုင်ကယ် မောင်းနှင်လာသည့် ကိုမိုးဇော် ကို စစ်ဆေးကြည့်ရာ ၎င်း၏ လွယ်အိပ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ 88/1 စာတန်းပါ စိတ်ကြွဆေးပြား ၆၀၀၀ ပြား (ကာလပေါက်စျေး ကျပ်သိန်း ၃၀၀) နှင့် ဘိန်းဖြူ ၁၂၁ ဂရမ် (ကာလပေါက်စျေး ၈၄၇၀၀၀၀ ကျပ်) တို့ဖြစ်ကြောင်း သိရ
သည်။

ကိုမိုးဇော်အား စစ်ဆေးရာ ကွတ်ခိုင်မြို့နေသူ မျိုးသက်ဦး နှင့် နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာအုပ်စု နေထိုင်သူ မစန်းစန်းမြင့် (ခ) မငယ်တို့က ရောင်းချခြင်းဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၄၉ လမ်း နှင့် မဥ္ဇူလမ်းထောင့်မှာ စောင့်ဆိုင်းနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့ပါသည် ။ ထို့နောက် မျိုးသက်ဦးကို ထပ်မံစစ်ဆေးရာ ကွတ်ခိုင်မြို့နေသူ တရုတ်လူမျိုး မမော်မော်ဆိုင်း ဆိုသူထံက ယူဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် မမော်မော်ဆိုင်း တည်းခိုနေထိုင်ရာ ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ မန္တလေး – ပြင်ဦးလွင်သွား ကားလမ်းဘေးမှာရှိသည့် သရဖူအအေးခန်း ဧည့်ရိပ်မွန်သို့ သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်နှင့်ပတ်သတ်၍ ကိုမိုးဇော်ပါ ၄ ဦးကို စက်မှု နယ်မြေခံရဲစခန်းမှာ မယ(ပ) ၁၀/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

နိုင်လင်းဦး

Leave a Reply