ချင်းတွင်းသင်္ကြန်ပွဲ​တော်ကျင်းပ​ရေးကန့်ကွက်မှုများရှိ​နေခြင်းအ​ပေါ်  ​ပြေလည်​​အောင်ညှိနှိုင်းမည်

0
155

ရန်​ကုန်​၊မတ်​လ ၁၆၊ ၂၀၁၈

စစ်​ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ဦး​ဆောင်​မှုဖြင့်​ ချင်းတွင်း သင်္ကြန်​​ ရေကစားပွဲ​တော်​ကို မုံရွာ​မြို့၊ချင်းတွင်းမြစ်​ကမ်း​ဘေး ဇက်​ဆိပ်​အနီးရှိ သဲ​သောင်​ပြင်​​ပေါ်တွင်​ ကျင်းပပြုလုပ်​​ရေးနှင့်​ပတ်​သက်​ပြီး ကန့်​ကွက်​မှုများရှိ​နေခြင်းအ​ပေါ် ​ပြေလည်​​အောင်​ ညှိနှိုင်းသွားမည်​ဖြစ်​​ကြောင်း စစ်​ကိုင်း​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ မုံရွာမှ ညွှန်​ကြား​ရေးမှူး
ဦး​ကျော်​ဝင်းလှိုင်​ က​ပြောသည်​။

“ကန့်​ကွက်​တဲ့သူ​တွေ ရှိတာ​ပေါ့။ အခု​လော​လောဆယ်​​တော့ တရားဝင်​ ဘယ်​သူမှ မကန့်​ကွက်​​သေးဘူး။ ကန့်​ကွက်​စာ​တော့မပို့​သေးဘူး။ ချင်း​တွင်းသင်္ကြန်​ကို နို​င်​ငံ​တော်​ဘတ်​ဂျက်​ထဲက​နေသင့်​​တော်​သလိုသုံးမယ်​။ ဒါ​ပေမယ့်​ အကျိုးရလဒ်​ကိုလဲ ကြီးကြီးမားမားရ​အောင်​လုပ်​မယ်​။ လူများလာရင်​​တော့ စိတ်​​တွေက ကွဲပြားမှာပဲ၊လွတ်​လပ်​စွာကွဲလွဲခွင့်​ ရှိပါတယ်​။ ဒါ​တွေကို ​ပြေလည်​​အောင်​ ညှိနှိုင်းပါမယ်​။”ဟု ၎င်းက​ပြောသည်​။

သင်္ကြန်​ပွဲ​တော်​ကျင်းပ​ရေးကိစ္စနှင့်​ပတ်​သက်​ပြီး ပြည်​နယ်​​အစိုးရအဖွဲ့ အ​နေဖြင့်​ မတ်​လ ၁၇ရက်​တွင်​ လူထုနှင့်​​တွေ့ဆုံ​ဆွေး​နွေးပွဲ ပြုလုပ်​မည်​ဖြစ်​ပြီးပွဲ​တော်​ပြုလုပ်​ခြင်းကိစ္စရပ်များကိုချပြရှင်းလင်းသွားမည်​ဖြစ်​​သော ​ကြောင့်​ မိမိတို့ဘက်​မှလဲ လိုချင်​သည့်​ အချက်​များကို ​ဆွေး​နွေးနိုင်​သည်​ဟု ၎င်းကဆိုသည်​။

အဆိုပါသင်္ကြန်​ပွဲ​တော်​ကို စစ်​ကိုင်းတိုင်း​ဒေသကြီးအတွက်​ ဝန်​ကြီးချုပ်​မှ ခရီးသွားလာ​ရေးလုပ်​ငန်းဖွံ့ဖြိုးတိုးတက်​​အောင်​ ​ဆောင်​ရွက်​ချင်​​သော​ကြောင့်​ ပထမဆုံးအကြိမ်​ စတင်​လုပ်​​ဆောင်​ခြင်းဖြစ်​​ကြောင်းသိရသည်​။

“ဒီအ​ပေါ်မှာ စိတ်​ကူးအမျိုးမျိုး​တော့ရှိကြတာပဲ။မြစ်​ကမ်း​ဘေးမှာလုပ်​တာဖြစ်​တဲ့တွက်​ ​နေပူမယ်​။အဲ့​တော့လူ​တွေအန္တရာယ်​ဖြစ်​နိုင်​မလား၊မြစ်​ထဲကိုလူ​တွေဆင်းရင်​ ​ရေနစ်​နို်​င်​မလား၊ဘတ်​ဂျက်​အသုံးပြုမှု​တွေက​ရော ဘယ်​လိုရှိလဲ ဒါ​တွေကို မနက်​ဖြန်​​ဖြေရှင်းပါမယ်​။”ဟု ဦး​ကျော်​ဝင်းလှိုင်​က​ပြောသည်​။

အခါကြီး၊ရက်​ကြီး​နေ့များနှင့်​ သင်္ကြန်​ပွဲ​တော်​များတွင်​ အသုံးပြုရန်​အတွက်​ လွှတ်​​တော်​မှ ဘတ်​ဂျက်​ချထား​ပေးပြီးဖြစ်​​သော​ကြောင့်​ ယင်းပွဲ​တော်​ ပြုလုပ်​​ရေးအတွက်​ ဘတ်​ဂျက်​ကို ကုန်​ကျစရိတ်​ အနည်း​ဆုံး
ဖြစ်​​အောင်​ လုပ်​​ဆောင်​မည်​ဖြစ်​​ကြောင်းသိရသည်​။

ထို့ပြင်​ အိန္ဒိယနိုင်​ငံရှိ မဏိပူ ပြည်​နယ်​အစိုးရအဖွဲ့မှ ယင်းပွဲ​တော်​ကို လာ​ရောက်​လည်​ပတ်​မည်​ဟု ကမ်းလှမ်းထား​သော်​လည်း အစိုးရအ​နေဖြင့်
အိန္ဒိယ-တမူးနယ်​စပ်​ တရားဝင်​ဖြတ်​​ကျော်​ခွင့်​ကို လုပ်​​ဆောင်​​ပေးမှသာ လာ​ရောက်​လည်​ပတ်​နိုင်​မည်​ဖြစ်​​ကြောင်း​သိရသည်​။

ချင်းတွင်းသင်္ကြန်​​ရေကစားပွဲ​တော်​ကို ဧပြီလ ၁၁ရက်​မှ ၁၇ရက်​အထိ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​ပြီး စီးပွား​ရေးလုပ်​ငန်းရှင်​များနှင့်​ ​ဒေသတွင်းမှ အ​သေးစားနှင့်​အလတ်​စား စွန့်​ဦးတီထွင်​လုပ်​ငန်းများအ​နေနှင့်​ သနပ်​ခါး၊​ကျောက်​စိမ်း၊ပယင်း စသည့်​ ​ဒေသတွင်း ယဉ်​​ကျေးမှုဆိုင်​ရာထုတ်​ကုန်​များ၊ အမှတ်​တရပစ္စည်း​များနှင့်​ အစားအ​သောက်​များအား ခင်း​ကျင်း ပြသ​ရောင်းချသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊မတ်​လ ၁၆၊ ၂၀၁၈

Leave a Reply