ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုနဲ့ မတွေ့ချင်ဘူးလို့ အာစင်ဝင်းဂါးဆို

0
182

မတ် ၁၆ ၊ ၂၀၁၈

အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးက ယူရိုပါလိဂ် ကွားတား ဖိုင်နယ်အဆင်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ မတွေ့ချင်ဘူးလို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ၁၆သင်းအဆင့်မှာ အီတလီထိပ်သီးကလပ် အေစီမီလန်ကို နှစ်ကျော့ပေါင်း ၅-၁ နဲ့ အနိုင်ကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၆ နေရာ၌ ရပ်တည်နေတဲ့ အတွက် လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကို အားစိုက်ပြီး ကစားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို အာဆင်နယ် ၊ အက်သလက်တီကို ၊ စီအက်စ်ကေအေမော်စကို ၊ လာဇီယို ၊ စပို့တင်းလစ္စဘွန်း ၊ မာဆေး ၊ လိုက်ပဇက် ၊ ဆဲလ်ဘတ်တို့ တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ယခုနှစ်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ရေပန်းအစားဆုံး အသင်းဖြစ်နေပြီး အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာလည်း ရေပန်းစားတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကစားသမား စုဖွဲ့မှု အင်အားနဲ့ နည်းပြဆီမြွန်နီရဲ့ အရည်အချင်းတွေကြောင့် အာစင်ဝင်းဂါးဟာ ကွာတားဖိုင်နယ်အဆင့်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို ရှောင်းရှားလိုခြင်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ နောက်တစ်ဆင့်အတွက် မဲခွဲပွဲကို ယနေ့ညနေ ၆ နာရီမှာ ဆွတ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

NN

Leave a Reply