ချန်ပီယံလိဂ်မှာ ရေပန်းစားနေတဲ့ လီဗာပူးလ်နဲ့ မန်စီးတီး ကွားတား ဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့မလဲ

0
145

မတ် ၁၆ ၊ ၂၀၁၈

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေကို ယနေ့ညနေမှာ ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ မဲခွဲတော့မှာ ဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ခြေစွမ်းပြ နေတဲ့ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားလျှက်ရှိပါတယ်။

အဆိုပါနှစ်သင်းကို ဘယ်အသင်းက ရပ်တန်းမလဲဆိုတာ တစ်ကမ္ဘာလုံးက အားကစားဝါသနာရှင်တွေက စိတ်ဝင်စားနေကြပါတယ်။

လီဗာပူးလ်အသင်းဟာ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို ၁၆သင်း အဆင့်မှာ နှစ်ကျော့ပေါင်း ရလဒ် ၅-၀ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်သလို မန်စီးတီးအသင်းကလည်း ဘေဆယ် အသင်းကို နှစ်ကျော့ပေါင်းသွင်းဂိုး ၅-၂ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာခဲ့ပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ တော့ လီဗာပူးလ် ၊ မန်စီးတီး ၊ ဂျူဗင်တပ် ၊ ရီးရဲမက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် ၊ ဘာစီလိုနာ ၊ ဆီဗီးလား ၊ရိုးမားတို့သာ ကျနေပါတော့တယ်။ အဆိုပါ ၈သင်းအနက် မဲအိုးနံပါတ် တစ်မှာ ကျရောက်တဲ့ အသင်းတွေဟာ ပထမအကျော့ကို အိမ်ကွင်းမှာ စတင်လက်ခံ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်တွေကို ဧပြီလ ၃ ရက်နဲ့ ၄ ရက်မှာ စတင်ကစားမှာ ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဧပြီလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကစားမှာ ဖြစ်ပါတယ်။

NN

Leave a Reply