သတ္မွတ္လစာအျပည့္မရရွိျခင္းအတြက္ Maishaစက္႐ံုကို အထည္ခ်ဳပ္၀န္ထမ္းမ်ားက အလုပ္သမားေရးရာ၀န္ႀကီးဌာနသို႔တိုင္ၾကားမည္

0
161

ရန္ကုန္။ ဒီဇင္ဘာ ၇။ ၂၀၁၇။

အလုပ္ခန္႔ထားစဥ္က ညိွႏိႈင္းထားသည့္လုပ္ခလစာအျပည့္အ၀ေပးျခင္းမရွိသည့္ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္းစက္မႈဇုန္ရွိ Maisha အထည္ခ်ဳပ္စက္႐ံုကို ယင္းအထည္ခ်ဳပ္စက္႐ံု၀န္ထမ္း၁၀၀ေက်ာ္က အလုပ္သမားလူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အား၀န္ႀကီးဌာန ရန္ကုန္႐ံုးခ်ဳပ္ထံယေန႔တိုင္ၾကားမည္ျဖစ္ေၾကာင္း အဆိုပါစက္႐ံု အလုပ္သမားေခါင္းေဆာင္တစ္ဦးျဖစ္သည့္ မတင္ဇာလင္းကေျပာသည္။

အလုပ္ခန္႔ထားစဥ္က စက္ခ်ဳပ္ကၽြမ္းက်င္တစ္ဦးလ်င္အရည္အခ်င္းစစ္ေဆး၍ အနိမ့္ဆံုးလစာ ၁၈၀၀၀၀က်ပ္မွ အျမင့္ဆံုး၃၀၀၀၀၀က်ပ္အထိေပးမည္ဟု ညိွႏိႈင္းခဲ့ေသာ္လည္း လစာေပးေခ်သည့္အခ်ိန္တြင္အနိမ့္ဆံုးလစာေအာက္ သာေပးေခ်သည့္ခဲ့ၿပီး စက္႐ံုႏွင့္ညိွႏိႈင္းခဲ့ေသာ္လည္းအဆင္မေျပခဲ့ေၾကာင္းသိရသည္။

” အလုပ္ခန္႔တုန္းက အဆင့္ဆင့္စစ္ေဆးၿပီး အရည္အခ်င္းအလိုက္လစာသတ္မွတ္ေပးမယ္လို႔သေဘာတူထားခဲ့တာ တကယ္လစာေပးေတာ့အနိမ့္ဆံုးတစ္သိန္းရွစ္ေသာင္းထက္ေတာင္နည္းေနတယ္။ အခ်ိန္ပိုဆိုတာလည္းတနဂၤေႏြ တိုင္းမဆင္း ရတဲ့ရက္ဆိုတာရွားတယ္”ဟု မတင္ဇာလင္းကေျပာသည္။

တနဂၤေႏြေန႔တိုင္းနီးပါးအခ်ိန္ပိုဆင္းရသည့္လုပ္ခအတြက္ အစိုးရမွသတ္မွတ္ထားသည့္အမ်ားျပည္သူအလုပ္ပိတ္ ရက္တြင္အခ်ိန္ပိုဆင္းရပါက အလုပ္ရွင္ဘက္မွေပးရသည့္အခ်ိန္ပိုလုပ္ခ က်ပ္၇၂၀၀ကိုေပးေခ်ေသာ္လည္း လစာ တြင္ရက္သံုးဆယ္စာလုပ္ခကိုေပးေခ်ျခင္းမရွိေၾကာင္း၎ကဆိုသည္။

ႏို၀င္ဘာ ၆၇က္ေန႔က ဒဂံုၿမိ္ဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ အလုပ္သမားလူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အား၀န္ႀကီး ဌာန႐ံုးတြင္ စက္႐ံုတာ၀န္ရွိသူမ်ားႏွင့္ေတြ႕ဆံုညိွ ႏိႈင္းခဲ့ေသာ္လည္း အဆင္မေျပခဲ့ျခင္းေၾကာင့္ ယခုကဲ့သုိ႔ ထပ္မံတိုင္ၾကားရျခင္းျဖစ္ေၾကာင္းသိရသည္။

Miasha အထည္ခ်ဳပ္စက္႐ံုတြင္၀န္ထမ္း၁၀၀၀နီးပါးရွိၿပီး ၀န္ထမ္းအားလံုးလုပ္ခလစာအျပည့္အ၀ရရွိေရးအတြက္ ဆက္လက္ေဆာင္ရြက္သြားမည္ဟု အဆိုပါစက္႐ံုရွိ အလုပ္သမားေခါင္းေဆာင္မ်ားကေျပာသည္။

“ကၽြန္မတို႔က ၀န္ထမ္းတိုင္းကိုကိုယ့္လုပ္အားခတန္ရာတန္ေၾကးကို တေျပးတည္းရေစခ်င္တာ ရတဲ့အထိဆက္လုပ္ သြားမယ္။စက္႐ံုမွာက်န္ခဲ့တဲ့သူေတြကလည္း သူတို႔က်န္ခဲ့တဲ့သူေတြကိုလည္းနားလည္ပါတယ္ “ဟု မတင္ဇာလင္းကဆိုသည္။

အနည္းဆံုးအခေၾကးေငြ တစ္ရက္ ၅၆၀၀က်ပ္အျမန္ဆံုးသတ္မွတ္ေပးေရးအတြက္ ရန္ကုန္ ၊ မႏၱေလးၿမိဳ႕ႀကီးမ်ားတြင္ ဒီဇင္ဘာ ၃ရက္ေန႔က အလုပ္သမားဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ကိုဥာဏ္

ရန်ကုန်။ ဒီဇင်ဘာ ရ။ ၂၀၁၇။

အလုပ်ခန့်ထားစဉ်က ညှိနှိုင်းထားသည့်လုပ်ခလစာအပြည့်အဝပေးခြင်းမရှိသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းစက်မှုဇုန်ရှိ Maisha အထည်ချုပ်စက်ရုံကို ယင်းအထည်ချုပ်စက်ရုံဝန်ထမ်း၁၀၀ကျော်က အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်ရုံးချုပ်ထံယနေ့တိုင်ကြားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မတင်ဇာလင်းကပြောသည်။

အလုပ်ခန့်ထားစဉ်က စက်ချုပ်ကျွမ်းကျင်တစ်ဦးလျင်အရည်အချင်းစစ်ဆေး၍ အနိမ့်ဆုံးလစာ ၁၈၀၀၀၀ကျပ်မှ အမြင့်ဆုံး၃၀၀၀၀၀ကျပ်အထိပေးမည်ဟု ညှိနှိုင်းခဲ့သော်လည်း လစာပေးချေသည့်အချိန်တွင်အနိမ့်ဆုံးလစာအောက် သာပေးချေသည့်ခဲ့ပြီး စက်ရုံနှင့်ညှိနှိုင်းခဲ့သော်လည်းအဆင်မပြေခဲ့ကြောင်းသိရသည်။

” အလုပ်ခန့်တုန်းက အဆင့်ဆင့်စစ်ဆေးပြီး အရည်အချင်းအလိုက်လစာသတ်မှတ်ပေးမယ်လို့သဘောတူထားခဲ့တာ တကယ်လစာပေးတော့အနိမ့်ဆုံးတစ်သိန်းရှစ်သောင်းထက်တောင်နည်းနေတယ်။ အချိန်ပိုဆိုတာလည်းတနင်္ဂနွေ တိုင်းမဆင်း ရတဲ့ရက်ဆိုတာရှားတယ်”ဟု မတင်ဇာလင်းကပြောသည်။

တနင်္ဂနွေနေ့တိုင်းနီးပါးအချိန်ပိုဆင်းရသည့်လုပ်ခအတွက် အစိုးရမှသတ်မှတ်ထားသည့်အများပြည်သူအလုပ်ပိတ် ရက်တွင်အချိန်ပိုဆင်းရပါက အလုပ်ရှင်ဘက်မှပေးရသည့်အချိန်ပိုလုပ်ခ ကျပ်ရ၂၀၀ကိုပေးချေသော်လည်း လစာ တွင်ရက်သုံးဆယ်စာလုပ်ခကိုပေးချေခြင်းမရှိကြောင်း၎င်းကဆိုသည်။

နိုဝင်ဘာ ၆၇က်နေ့က ဒဂုံမြိ်ု့သစ်အရှေ့ပိုင်းမြို့နယ်ရှိ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးတွင် စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံညှိ နှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထပ်မံတိုင်ကြားရခြင်းဖြစ်ကြောင်းသိရသည်။

Miasha အထည်ချုပ်စက်ရုံတွင်ဝန်ထမ်း၁၀၀၀နီးပါးရှိပြီး ၀န်ထမ်းအားလုံးလုပ်ခလစာအပြည့်အဝရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု အဆိုပါစက်ရုံရှိ အလုပ်သမားခေါင်းဆောင်များကပြောသည်။

“ကျွန်မတို့က ၀န်ထမ်းတိုင်းကိုကိုယ့်လုပ်အားခတန်ရာတန်ကြေးကို တပြေးတည်းရစေချင်တာ ရတဲ့အထိဆက်လုပ် သွားမယ်။စက်ရုံမှာကျန်ခဲ့တဲ့သူတွေကလည်း သူတို့ကျန်ခဲ့တဲ့သူတွေကိုလည်းနားလည်ပါတယ် “ဟု မတင်ဇာလင်းကဆိုသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ၅၆၀၀ကျပ်အမြန်ဆုံးသတ်မှတ်ပေးရေးအတွက် ရန်ကုန် ၊ မန္တလေးမြို့ကြီးများတွင် ဒီဇင်ဘာ ၃ရက်နေ့က အလုပ်သမားဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကိုဉာဏ်

Leave a Reply