ကျောက်စိမ်းတောင် စွန့်ပစ်မြေစာပုံ ပြိုကျ၊ သေဆုံးမှုစာရင်း အတိအကျ မရသေး

0
163

ဖားကန့်၊ မတ် ၁၇၊ ၂၀၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကံခါကျေးရွာ အနီးရှိ ကျောက်စိမ်းတောင် စွန့်ပစ်မြေစာပုံပြိုကျမှုတစ်ခု မတ်လ ၁၆ ရက်နေ့၊ ည ၁၁ နာရီခန့်က ဖြစ်ပွား ခဲ့ပြီး အသေအပျောက်စာရင်းကိုအတိအကျမရသေးကြောင်းဖားကန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း က ပြောသည်။

မြေစာပုံပြိုကျမှုနှင့်ပတ်သက်ပြီး ဖားကန့်ဒေသရှိ လူမှုကူညီရေး အသင်း အချို့က ကူညီရှာဖွေ ကယ်ဆယ်မှုများပြုလုပ်နေပြီး ဒဏ်ရာရသူ တစ်ဦးကို ဖားကန့်ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

“ဖြစ်တဲ့ မြေစာပုံကတော့ ကျောက်စိမ်းတောင် မြေစာပုံပဲ။ ဘာမှတော့ တိတိကျကျမသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ အသေအပျောက် ဘာမှ မသိရသေးဘူး” ဟု ဦးဒါရှီလဆိုင်းက ဆက်ပြောသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများအနေဖြင့် မြေစာပုံ ပုံရာတွင် စနစ်တကျစုပုံခြင်းမရှိပဲ သတ်မှတ်စည်းကမ်းများကို ချိုးဖောက်၍ လုပ်ဆောင်နေမှုများရှိနေကြောင်း သိရသည်။

နိုင်လင်းဦး

ဓာတ်ပုံ – Zaw Moe Htet

Leave a Reply