အီဗရာဟီမိုဗစ်အတွက် မော်ရင်ဟိုကို မေးခွန်းထုတ်လိုက်တဲ့ မူတူး

0
128

မတ် ၁၇ ၊ ၂၀၁၈

ချယ်လ်ဆီးကစားသမားဟောင်း အန်ဒရီ မူတူးဟာ ယူနိုက်တက်ရဲ့ နံပါတ် ၁၀ ကစားသမား အီဗရာဟီမိုဗစ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုကို မေးခွန်းထုတ်လိုက်ပါတယ်။

မူတူးရဲ့ အဆိုအရ အီဗရာဟီမိုဗစ်ဟာ ဒဏ်ရာရရှိနေခြင်း မရှိဘဲ နည်းပြမော်ရင်ဟိုအနေနဲ့ လစ်လျူ ရှုထားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ယင်းသို့ လုပ်ဆောင်မှုအတွက် မော်ရင်ဟိုအပေါ် မူတူးက မကျေမနပ် ဖြစ်နေပါတယ်။

စပါယ်ရှယ်ဝမ်းလို့ လူသိများတဲ့ နည်းပြမော်ရင်ဟိုဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီးဗီးလားကို ရှုံးခဲ့တဲ့နောက် ယူနိုက်တက်ရဲ့ ခံစစ်ကစားပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်း အထန် ခံနေရပါတယ်။ယခုအခါမှာတော့ မူတူးဟာ မော်ရင်ဟိုရဲ့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး လူသိထင်ရှား ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ရိုမေးနီးယား မီဒီယာဖြစ်တဲ့ Telekom Sport Romania နဲ့ တွေ့ဆုံစဉ် မူတူးက မော်ရင်ဟိုနဲ့ ပတ်သက်ပြီး ဘာမှကို မပြောချင်ဘူးလို့ ဆိုပါတယ်။ သူဟာ ဘယ်တုန်းကမှ အသင်းရဲ့ ပရိသတ်တွေကို ဂရုမစိုက်သလို သူလုပ်ချင်တာ လုပ်ပြီး အသင်းရဲ့ ရလဒ်အပေါ်သာ ဂရုစိုက်တဲ့ နည်းပြတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ထို့အပြင် တိုက်စစ်မှူး အီဗရာဟီမိုဗစ်အနေနဲ့ ဒဏ်ရာရရှိထားခြင်း လုံးဝ မရှိဘဲ နည်ပြမော်ရင်ဟို ရဲ့ ချန်လှပ်ခြင်းကို ခံနေရတာကြောင့်သာ ပွဲမထွက်ရခြင်းဖြစ်တယ်လို့ မူတူးက ပြောလိုက်ပါတယ်။

မူတူးဟာ ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိခဲ့ပြီး သူ့ရဲ့ ပထမဆုံး ပွဲစဉ် ၃ ပွဲမှာတင် သွင်းဂိုး ၄ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။သို့သော်လည်း နွေရာသီမှာ နည်းပြမော်ရင်ဟို တစ်ယောက် ချယ်လ်ဆီးကို ကိုင်တွယ်ချိန်က စတင်ပြီး သူဟာ ဒဏ်ရာရတဲ့ ကစားသမားအဖြစ်နဲ့သာ ၂၀၀၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင်အထိ ဖြတ်သန်းခဲ့ရပါတယ်။ သည့်နောက်မှာတော့ မူတူးဟာ ကိုကင်း သုံးစွဲမှုနဲ့ ပွဲပယ်ပြစ်ဒဏ် ၇ လ ကျခံခဲ့ရပြီး ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးသွားခဲ့ရပါတယ်။

မူတူးဟာ ၂၀၀၅ – ၂၀၀၆ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း၌ အီဗရာဟီမိုဗစ်နဲ့ အတူ တွဲဖက်ကစားခဲ့သူ ဖြစ်ပါတယ်။

NN

Leave a Reply