ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ ရီးရဲမက်ဒရစ်တို့ အကြိုသဘောတူညီမှုရရှိ

0
150

မတ် ၁၇ ၊ ၂၀၁၈

စပိန်သတင်းဌာန မန်ဒို ဒီပို့တီဗိုရဲ့ ဖော်ပြမှုအရ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လာမယ်နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဆိုပါတယ်။

ပိုလန်နိုင်ငံသား လီဝန်ဒေါစကီးဟာ ယချုနှစ်ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် ၃၆ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၃၂ ဂိုးအထိ ရယူပေးထားပါတယ်။သူဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေပါသေးတယ်။ ဒါပေမယ့်လည်း မန်ဒို ဒီပို့တီဗို သတင်းစာကတော့ လီဝန်ဒေါစကီးဟာ နွေရာသီမှာ ရီးရဲမက်ဒရစ်ကို ပြောင်းဖို့ အလံဖြူ ပြထားပြီလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မန်ဒို ဒီပို့တီဗိုက လီဝန်ဒေါစကီးရဲ့ အေးဂျင့်အသစ်ဖြစ်တဲ့ ပီနီ ဇာဟာဗီနဲ့ ရီးရဲဥက္ကဋ္ဌ ပီးရက်ဇ်တို့ဟာ လျှို့ဝှက်စွာ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ဂျက်ဟေးနက် ကတော့ သူ့ရဲ့ တိုက်စစ်မှူးကို အသင်းမှာ ဆက်ထိန်း ထားမယ်လို့ ပြောထားပေမယ့်လည်း လီဝန်ဒေါစကီးရဲ့ အေးဂျင့်အသစ်ကြောင့် နွေရာသီမှာ လီဝန်ဒေါစကီးဟာ ဘာနေဗျူးကွင်းကို ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လီဝန်ဒေါစကီးဟာ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ PSG စတဲ့ အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီး ရီးရဲမက်ဒရစ်က အဆိုပါအသင်းတွေထက် လက်ဦးမှု ရယူကာ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ဘန်ဇီးမား နဲ့ စီရော်နယ်ဒိုတို့ အပေါ်သာ မှီခိုနေရတဲ့ တိုက်စစ်ကို အားဖြည့်ဖို့အတွက် စပါးတိုက်စစ်မှူး ဟာရီကိန်း ၊ PSG တိုက်စစ်မှူး နေမာ တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သော်လည်း အဆင်မပြေမှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒါကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ပြောင်းလဲစီစဉ်လာခြင်းဖြစ်တယ်လို့ မန်ဒို ဒီပို့တီဗိုသတင်းအရ သိရပါတယ်။

NN

Leave a Reply