အိႏိၵယႏုိင္ငံဘက္ေရာက္ရွိေနသည့္ ဟိႏၵဴဘာသာ၀င္မ်ား ျပန္လာႏုိင္ရန္ ေလွ်ာက္လႊာ ပုံစံ ၆၀၀ ရြက္ ေပးပို႔ထား

0
169

ေနျပည္ေတာ္ ။ဒီဇင္ဘာ ၇။ ၂၀၁၇။

ရခုိင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ႔သည့္ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ေနရပ္ျပန္လာခ်င္သူမ်ားအတြက္ အိႏၵိယ အစုိးရထံသုိ႔ ေလွ်ာက္လႊာ ပုံစံ ၆၀၀ ရြက္အား ေပးပုိ႔ထားေၾကာင္း လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင္႔ ျပန္လည္ ေနရာခ်ထားေရး၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။

“ျပန္လည္လက္ခံတဲ႔ ေနရာမွာ ပုိၿပီးေတာ႔ လြယ္ကူေအာင္ ဒီဘက္ကေန ျပန္လာခ်င္သူေတြအတြက္ကုိ သူတုိ႔ သတ္မွတ္ထားတဲ႔ အခ်က္အလက္ေတြနဲ႔ ကုိက္ညီေအာင္ ႀကဳိတင္ၿပီးေတာ႔ ျဖည္႔ဆည္းတဲ႔ ပုံစံေတြကုိ ဟုိဘက္ ကုိပုိ႔ပါတယ္ဗ်။ လူ၀င္မႈႀကီးၾကပ္ေရးကေန တစ္ဖက္ႏုိင္ငံကုိ ပုံစံေတြပုိ႔တယ္။ ျပန္လာခ်င္တဲ႔သူေတြ သူတုိ႔ ဆႏၵရွိမွ ျပန္လာလုိ႔ရတယ္။ အတင္းသြားပါလုိ႔လဲေျပာလုိ႔မရဘူး။ အတင္းျပန္လာပါလုိ႔လဲ ေျပာလုိ႔မရဘူး”ဟု ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။

ေဒါက္တာ၀င္းျမတ္ေအးမွ ဒီဇင္ဘာလ ၇ ရက္ေန႔က ေနျပည္ေတာ္ရွိ လူမႈ၀န္ထမ္းကယ္ဆယ္ေရးႏွင္႔ ျပန္လည္ေနရာ ခ်ထားေရး၀န္ႀကီးဌာနရုံးတြင္ က်င္းပျပဳလုပ္ခဲ႔သည့္ UEHRD အဖြဲ႕မွ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ား သံရံုးမွတာဝန္ရွိသူမ်ားအား UEHRD လုပ္ငန္းစဥ္မ်ား ႏွင့္ပတ္သက္သည့္အစည္းအေဝး အၿပီး သတင္းေထာက္မ်ား၏ ေမးျမန္းမႈကုိ ေျဖၾကားခဲ႔ျခင္းျဖစ္သည္။

လက္ရွိတြင္ အိႏၵိယႏုိင္ငံဘက္သုိ႔ ထြက္ေျပးတိမ္းေရွာင္ေနခဲ႔သည့္ အိမ္ေထာင္စုမ်ားထဲမွ ဟိႏၵဴဘာသာ၀င္ ၄၀၀ ေက်ာ္သည္ ျပန္ခ်င္သည့္ သေဘာဆႏၵရွိ၍ ဦးစားေပးအေနျဖင့္ ေဆာင္ရြက္ေနေၾကာင္း ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။

“ပထမအသုတ္ကေတာ႔ တကယ္ႀကီး အကယ္၍သာ ျပန္လာခ်င္ေသာ ဟိႏၵဴေတြကုိ အစုလုိက္ ၄၀၀ ေက်ာ္ဟာ ပထမအသုတ္ျဖစ္မယ္။ က်ေနာ္တုိ႔က ဒီမွာေနသြားတဲ႔ သူေတြကုိ ျပန္လာမယ္႔ အစီအစဥ္ ကလည္း ႏွစ္ႏုိင္ငံ သေဘာတူညီတဲ႔ အထဲမွာလဲ သူတုိ႔ဟာ သိကၡာရွိရွိ လုံလုံၿခဳံၿခဳံဆုိတဲ႔ ပုံစံမ်ဳိးေတြလဲ ပါတယ္။ အခုဟာကလည္း ဟိႏၵဴစာပဲ ၆၀၀ ေလာက္ ပတ္၀န္းက်င္ေလာက္ ပုိ႔ထားတယ္”ဟု ေဒါက္တာ၀င္းျမတ္ေအးက ေျပာသည္။

ေနရပ္ျပန္လာသူမ်ား ေနထိုင္ႏိုင္ဖို ့အတြက္ မီးေလာင္သြားသည့္ေနအိမ္မ်ား အား ျပန္လည္တည္ေဆာက္မႈအေနျဖင့္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း လူသားျခင္းစာနာေထာက္ထားျခင္းအကူအညီဆိုသည့္ အစားအေသာက္ ရိကၡာ က်န္းမာေရးေစာင့္ေရွာက္မႈ ပညာေရး စသည့္အစီအစဥ္မ်ားကိုလည္း စီစဥ္ေဆာင္ရြက္ေနေၾကာင္း UEHRD မွရရွိထားသည့္ရံပံုေငြကိုလည္း မၾကာခင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာဝင္းျမတ္ေအးက ေျပာၾကားခဲ့သည္။

ယဥ္ေကႏြယ္ (ေနျပည္ေတာ္)

နေပြည်တော် ။ဒီဇင်ဘာ ရ။ ၂၀၁၇။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ပြန်လာချင်သူများအတွက် အိန္ဒိယ အစိုးရထံသို့ လျှောက်လွှာ ပုံစံ ၆၀၀ ရွက်အား ပေးပို့ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ပြန်လည်လက်ခံတဲ့ နေရာမှာ ပိုပြီးတော့ လွယ်ကူအောင် ဒီဘက်ကနေ ပြန်လာချင်သူတွေအတွက်ကို သူတို့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီအောင် ကြိုတင်ပြီးတော့ ဖြည့်ဆည်းတဲ့ ပုံစံတွေကို ဟိုဘက် ကိုပို့ပါတယ်ဗျ။ လူဝင်မှုကြီးကြပ်ရေးကနေ တစ်ဖက်နိုင်ငံကို ပုံစံတွေပို့တယ်။ ပြန်လာချင်တဲ့သူတွေ သူတို့ ဆန္ဒရှိမှ ပြန်လာလို့ရတယ်။ အတင်းသွားပါလို့လဲပြောလို့မရဘူး။ အတင်းပြန်လာပါလို့လဲ ပြောလို့မရဘူး”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဒေါက်တာဝင်းမြတ်အေးမှ ဒီဇင်ဘာလ ရ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် UEHRD အဖွဲ့မှ နိုင်ငံတကာ အဖွဲ့အစည်းများ သံရုံးမှတာဝန်ရှိသူများအား UEHRD လုပ်ငန်းစဉ်များ နှင့်ပတ်သက်သည့်အစည်းအဝေး အပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သည့် အိမ်ထောင်စုများထဲမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်သည် ပြန်ချင်သည့် သဘောဆန္ဒရှိ၍ ဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ပထမအသုတ်ကတော့ တကယ်ကြီး အကယ်၍သာ ပြန်လာချင်သော ဟိန္ဒူတွေကို အစုလိုက် ၄၀၀ ကျော်ဟာ ပထမအသုတ်ဖြစ်မယ်။ ကျနော်တို့က ဒီမှာနေသွားတဲ့ သူတွေကို ပြန်လာမယ့် အစီအစဉ် ကလည်း နှစ်နိုင်ငံ သဘောတူညီတဲ့ အထဲမှာလဲ သူတို့ဟာ သိက္ခာရှိရှိ လုံလုံခြုံခြုံဆိုတဲ့ ပုံစံမျိုးတွေလဲ ပါတယ်။ အခုဟာကလည်း ဟိန္ဒူစာပဲ ၆၀၀ လောက် ပတ်ဝန်းကျင်လောက် ပို့ထားတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေရပ်ပြန်လာသူများ နေထိုင်နိုင်ဖို ့အတွက် မီးလောင်သွားသည့်နေအိမ်များ အား ပြန်လည်တည်ဆောက်မှုအနေဖြင့် ပြီးစီးနေပြီဖြစ်ကြောင်း လူသားခြင်းစာနာထောက်ထားခြင်းအကူအညီဆိုသည့် အစားအသောက် ရိက္ခာ ကျန်းမာရေးစောင့်ရှောက်မှု ပညာရေး စသည့်အစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်နေကြောင်း UEHRD မှရရှိထားသည့်ရံပုံငွေကိုလည်း မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ယဉ်ကေနွယ် (နေပြည်တော်)

Leave a Reply