ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းနှင့်ပတ်သက်သည့် သုတေသနအစီရင်ခံစာကို သက်​ဆိုင်​ရာ ဝန်​ကြီးဌာနများသို့တင်​ပြမည်

0
174

ရန်​ကုန်​၊မတ်​လ ၁၇၊၂၀၁၈

စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း အနေဖြင့် ဆီအုန်းနောက်ကွယ် အမည်ရှိ တနင်္သာရီတိုင်းဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ​သော ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့် ပတ်သက်သည့် သုတေသန တွေ့ရှိချက်အစီရင်ခံစာကိုသက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်​ပြသွားမည်
ဖြစ်​​ကြောင်းအဆိုပါအသင်းမှအမှု​ဆောင်ဒါရိုက်တာဦးဝင်းမျိုးသူက
ပြောသည်​။

ယင်းအစီရင်ခံစာထဲတွင်MACအ​​နေဖြင့်​ ​ဒေသခံတို့၏ဥယျာဉ် ​ခြံ​မြေများ၊
တောင်​ယာစသည့်​ ​မြေဧက ၂​ထောင်​​ကျော်​အပါအဝင်​ ​မြေဧက ၁၃၃၆၀၀ ​ပေါ်တွင်​ လုပ်​ကိုင်​ခွင့်​ရရှိခဲ့​​သော်​လည်းလက်​ရှိအချိန်​ထိ စုစု​ပေါင်းဧရိယာ၏ ၃၃၁၅ ဧက ရာခိုင်​နှုန်းအားဖြင့်​ ၃ ရာခိုင်​နှုန်း
ခန့်သာအ​ကောင်အထည်​​ဖော်​နိုင်ခဲ့သည်ကို​တွေ့ရှိရ​ကြောင်း​ဖော်​ပြ ထားသည်​။

“အခြားအ​​ကြောင်းအရာနဲ့အ​ကြောင်းပြပြီး​တော့ ဆည်​ပဲ​ဆောက်​​ဆောက်​၊စိုက်​ခင်း​တွေပဲလုပ်​လုပ်​၊ဒီကထွက်​လာတဲ့သစ်​​တွေကို သစ်​လိုချင်​တာနဲ့ကျန်​တဲ့ဟာနဲ့အ​ကြောင်းပြပြီး​တော့ ထုတ်​​နေတဲ့ကိစ္စမျိုး​တွေမှာတိုင်းပြည်​ရဲ့စီးပွား​ရေးဖွံ့ဖြိုးတိုးတက်​​ရေးကို အ​ထောက်​အကူမပြု ဘဲနဲ့ ပိုပြီး​တော့
သဘာဝပတ်​ဝန်းကျင်ပျက်​စီးဆုံးရှုံးလာတာ နစ်​နာ​စေတယ်​ဆိုတဲ့အချက်​ကို မြင်​တဲ့အတွက်​ ကျွန်​​တော်​တို့အရပ်​ဘက်​အဖွဲ့အစည်းက​တော့ လက်​ခံနိုင်​ခြင်း​မရှိပါဘူး။ဒါ​ပေမယ့်​ကျန်​တဲ့အစိုးရဌာနဆိုင်​ရာကအဖွဲ့အစည်း ၊သက်​ဆိုင်​ရာစီးပွား​ရေးလုပ်​ငန်း​ရှင်​​တွေကလဲ ဒီ​နေရာကိုလက်​ခံတာကို
ပြန်​ညှိနှိုင်းဖို့ပါ။”ဟု၎င်းက​ပြောသည်​။

ယင်း​မြေ​နေရာများကို အစိုးရမှဆီအုန်းစိုက်​ပျိုးရန်​ ချထား​ပေးခြင်းဖြစ်​ပြီး ယင်း​ကုမ္ပဏီအ​နေဖြင့်​ ဆီအုန်းစိုက်​ပျိုးခြင်းကို ဦးစားမ​ပေးဘဲ သစ်​ထုတ်​လုပ်​ခြင်းလုပ်ငန်းများကိုဦးစား​ပေးလုပ်ကိုင်​နေသကဲ့သို့ ​ဆောင်ရွက်​​နေခြင်း​ကြောင့်​ ​သစ်​​တောများပြုန်း​တီးလာသည့်​အတွက်​ ဒေသခံပြည်​သူများ၏လူ​နေမှုဘဝများ ထိခိုက်​လာ​ကြောင်း ၎င်းက​ပြောသည်​။

အဆိုပါဆီအုန်းစိုက်ပျိုး​ရေးစီမံကိန်းကိုတနသာင်္ရီတိုင်း​ဒေသကြီး၊​ကော့​ သောင်းခရိုင်​၊ဘုတ်​ပြင်​မြို့နယ်​၊ပြည်​ကြီးမဏ္ဍိုင်​မြို့နယ်​ခွဲတွင်​ အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​လျှက်​ရှိပြီး မြန်​မာ​အော်​တို​ကော်​ပို​ရေးရှင်း (MAC)မှာ တနသာင်္ရီတိုင်းအတွင်း ဆီအုန်းစိုက်​ပျိုးရန်​​မြေ​နေရာ ချထား ​ပေးသည့်ကုမ္ပဏီများအနက်​ အများဆုံးချ​ပေးခဲ့သည့်​ ကုမ္ပဏီတစ်​ခုဖြစ်​​ကြောင်း ယင်းအစီရင်​ခံစာတွင်​​ဖော်​ပြထားသည်​။

“ဆီအုန်စိုက်​တာက ဧက ၃​ထောင်​​ကျော်​ပဲရှိတယ်​။ဒါပေမယ့်​ ကုမ္ပဏီ ကတင်​ပြတာ​တော့ ဧက ၆​ထောင်​​ကျော်​လို့​ပြောတယ်​။ ဒီနှုန်းနဲ့သာ စိုက်​မယ်​ဆိုရင်​ နှစ်​​ပေါင်း ၁၀၀​ကျော်​ စိုက်​ရမယ်​။သူတို့​ပြောတဲ့ ဧက ၆​ထောင်​ပဲထားဦး နှစ်​​ပေါင်း ၁၀၀​လောက်​စိုက်​ရမယ်​ဆို​တော့ ကျိန်း​သေတယ်​ဆီအုန်းစိုက်​ဖို့အဓိကမဟုတ်​ဘူး။သစ်​ထုတ်​ဖို့ အခြားရည်​ရွယ်​ချက်​နဲ့ ​မြေကို ရယူထားလိုမှု​တွေက များ​နေတဲ့အခါကျ​တော့ ​ဒေသခံ​တွေ​ရော နို​င်​ငံ​တော်​အတွက်​​ရောအကျိုးမရှိပါဘူး။ဒါ​ကြောင့်​ ဒါ​တွေကို သက်​ဆိုင်​ရာအဖွဲ့​တွေ ကပြန်​စဉ်းစားဖို့လိုပါတယ်​။”ဟုဦးဝင်းမျိုးသူက​ပြော သည်​။

အစိုးရမှ တနသာင်္ရီတိုင်း​ဒေသကြီးအတွင်း စိုက်​ပျိုး​ရေး အ​ခြေပြု စီးပွား​ရေးဖွံဖြိုးတိုးတက်​​ရေးများအတွက်​ တွန်​အား​ပေးသည့်​အ​နေဖြင့်​ ရာဘာ၊ဆီအုန်းစသည့်​စက်မှုကုန်ကြမ်းသီးနှံစီမံကိန်းများအတွက်​ ​မြေယာ
လုပ်​ပိုင်​ခွင့်​များကို ၂၀၁၁ခုနှစ်​မှ ၂၀၁၆ခုနှစ်​အထိ စုစု​ပေါင်း​ဧက ၁ ဒသမ ၉ သန်းအား ပြည်​တွင်းပြည်​ပ ကုမ္ပဏီများကို ချထား​ပေးခဲ့ခြင်းဖြစ်​​ကြောင်း​သိရသည်​။

ယင်းအစီရင်​ခံစာကို ၂၀၁၇ခုနှစ်​ နှစ်​ဆန်းပိုင်းမှ ၂၀၁၈ခုနှစ်​ မတ်​လအထိ
စိမ်းလန်းအမိမြေအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက် (မြိတ်)၊ အနာဂတ်အလင်းကော်မတီ (မနိုးရုံး)၊ အစိမ်းရောင်ကွန်ရက်(မြိတ်ကျွန်းစု)၊ ပနဲတာကပေါ စသည့်အဖွဲ့အစည်းများမှ ပူးပေါင်းသုတေသနပြု ရေးသား ထားသော အစီရင်ခံစာဖြစ်ပြီး၊ ဆီအုန်းစီမံကိန်း၏ လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်ရေး ထိခိုက်နစ်နာမှုများကို စုစည်းတင်ပြထားသည့်​ အစီရင်​ခံစာ တစ်​ခုဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply