Life Of Pi နှင့် Slumdog Millionaire တို့တွင် ပါဝင်ခဲ့သည့် ဘောလီဝုဒ် သရုပ်ဆောင် အီဖန်ခန်း ရှားပါးရောဂါရှိနေပြီဟု ထုတ်ပြန်

0
208

မွမ်ဘိုင်း မတ် ၁၇

Life Of Pi ၊ Slumdog Millionaire နှင့် The Amazing Spider-Man တို့တွင်ပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် ဘောလီးဝုဒ်သရုပ်ဆောင် အီဖန်ခန်းသည် နျူရိုအင်ဒိုခရင်းအကျိတ်ခေါ် အူ၊ ပန်ကရိယနှင့် အဆုတ် တို့တွင် အဖြစ်များသည့် ရှားပါးရောဂါတစ်မျိုးရှိနေပြီဖြစ်ကြောင်း မတ် ၁၆ ရက်တွင် တွစ်တာ၌ ရေးသားထုတ်ပြန်လိုက်ပြီဖြစ်သည်။

ရှားပါးရောဂါသည် သွေးကြောထဲသို့ ဟော်မုန်းထုတ်ပေးသည့် ကလာပ် စည်းများကို ထိခိုက်စေသော ရောဂါဖြစ်သည်။ ရောဂါအခြေ အနေနှင့် ပတ်သက်၍ ခန်းက အပြည့်အစုံထုတ်ပြန်ခြင်းမပြုခဲ့ချေ။ ရှားပါးရောဂါ တစ်မျိုး ၎င်းတွင်ရှိနေပြီဖြစ်ကြောင်း ခန်းက မတ် ၆ ရက်တွင် ပြောဆိုခဲ့ပြီးဖြစ်သည်။

အသက် ၅၁ နှစ်အရွယ် ခန်းသည် Piku၊ Maqbool၊ Haasil နှင့် Paan Singh Tomar အပါအဝင် ဘောလီးဝုဒ်နာမည်ကျော် ရုပ်ရှင် ၁၀၀ ကျော်တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းဖြစ်နေသည့် ရောဂါ အခြေအနေနှင့်ပတ်သက်၍ ပရိသတ်များအနေဖြင့် သို့လောသို့လော မတွေးတောရန်နှင့် ရောဂါအခြေအနေကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ခန်းက ပြောဆိုခဲ့သည်။

ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ အကောင်းဆုံးဘဝအဖော်ဟာ အခက်အခဲတိုင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ရင်ဆိုင်နေတဲ့ သူရဲကောင်းဖြစ်ပါတယ် ဟု ဇနီးဖြစ်သူ ဆုတာပါဆစ်ဒါက ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

ထိပ်တန်းအားကစားသမားအဖြစ်မှ ဓားပြဘဝရောက်ခဲ့သည့် အတ္ထုပတ္တိ ရုပ်ရှင် Paan Singh Tomar တွင် အဓိကအခန်းမှ ပါဝင်သရုပ်ဆောင် ခဲ့သည့် အတွက် ခန်းသည် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယအမျိုးသားရုပ်ရှင်ဆု ကိုရရှိခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply