မက်ဆီနဲ့ စီရော်နယ်ဒိုကြောင့် ချန်ပီယံလိဂ်မှာ ရီးရဲနဲ့ ဘာကာတို့ ဗိုလ်စွဲနိုင်ခြေ အများဆုံး ရှိနေဟု အန်ဆယ်လော့တီဆို

0
117

မတ် ၁၇ ၊ ၂၀၁၈

အီတလီလူမျိုး နည်းပြ အန်ဆယ်လော့တီဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဗိုလ်စွဲရန် ရေးပန်းအစားဆုံး ဖြစ်နေတယ်လို့ အီတလီသတင်းစာ La Gazzetta dello Sport ကို ပြောကြားလိုက်ပါတယ်။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ တို့ဟာ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်နဲ့ ရိုးမားတို့ကို စီရော်နယ်ဒို ၊ မက်ဆီတို့ရဲ့ စွမ်းအားနဲ့ ကျော်ဖြတ်နိုင် လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ၌ ရီးရဲမက်ဒရစ်ကို ၁၅ မှတ်အသာစီးနဲ့ ဦးဆောင်ထားပေမယ့် ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ အဆင့်အတန်း တူညီတဲ့ အသင်းတွေ ဖြစ်တယ်လို့ အန်ဆယ်လော့တီက ဆိုပါတယ်။

“ပြိုင်ပွဲတစ်ခုနဲ့ တစ်ခုကြားမှာ ဆုံးဖြတ်ချက်အမှားတွေဆိုတာ ရှိတတ်ကြပါ တယ်။အထူးသဖြင့် ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက် အမှားဟာ ပွဲအဖြေကို ပြောင်းလဲစေနိုင်ပါတယ်။ မက်ဒရစ်နဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံကောင်းတွေ ရှိပြီးသား ဖြစ်လို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။ သူတို့အသင်းတွေမှာ ရောနယ်ဒိုနဲ့ မက်ဆီလို ကစားသမားတွေ ပိုင်ဆိုင်ထားတယ်”ဟု အန်ဆယ်လော့တီက ပြောပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင်ကို ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဆက်တက်လိမ့်မယ်လို့ အန်ဆယ်လော့တီက အခိုင်အမာ ယုံကြည်ပေ မယ့်လည်း ပြိုင်ပွဲရဲ့ နှစ်ကျော့ပေါင်း ရလဒ်အခြေအနေတွေဟာ ရိုးမားအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အပြောင်းအလဲတွေဖြစ်အောင် လုပ်နိုင်စွမ်း ရှိတယ်လို့ အန်ဆယ်လော့တီက ဆက်ပြောပါတယ်။

“ဂျူဗင်နဲ့ ရိုးမားက ရေပန်းစားတဲ့ အထဲမှာ မပါဘူး။သူတို့မှာ ဥရောပ အသင်းတွေနဲ့ အစဉ်အလာပိုင်း အတွေ့အကြုံပိုင်း ယှဉ်ရင် အင်အား သိပ်တော့ မရှိကြပါဘူး။ ဒါပေမယ့်လည်း သူတို့ဟာ ပြောင်းလဲနိုင်စွမ်းတော့ ရှိကြပါတယ်” ရီးရဲမက်ဒရစ်မှာ နည်းပြလုပ်ခဲ့ဖူးတဲ့ အန်ဆယ်လော့တီက ဆိုပါတယ်။

အန်ဆယ်လော့တီဟာ ၂၀၁၄ ခုနှစ်မှာ ရီးရဲမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်ဆုံတွေ့ရမယ့် ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ ရင်ဆိုင်ရမယ့် ရိုးမားထက် ချန်ပီယံလိဂ်အတွေ့အကြုံ ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆီမီးဖိုင်နယ် ရောက်ဖို့အတွက် ဂျူဗင်တက်က အပြောင်းအလဲတွေ လုပ်နိုင်စွမ်းမှာ ရိုးမားထက် ပို၍ အလေးသာနေတယ်လို့ ပြောကြားသွားပါတယ်။

NN

Leave a Reply