ပြည်​တွင်းဆီစက်လုပ်ငန်းအဆင့်​မြှင့်​တင်​​ရေးကိုကျပ်၂၅ဘီလီယံ  ​ချေး​ငွေဖြင့်​ လုပ်​​ဆောင်​မည်

0
180

ရန်​ကုန်​၊မတ်​လ ၁၇၊၂၀၁၈

ပြည်​တွင်း ဆီစက်​လုပ်​ငန်းများ အဆင့်​မြှင့်​တင်​​​ရေးအတွက်​ စီမံ​ကိန်းနှင့်​ ဘဏ္ဍာ​ရေးဝန်​ကြီးဌာနမှ မြန်​မာနို​င်​ငံ ဆီစက်​ပိုင်​ရှင်​များအသင်းသို့ ကျပ်​ ၂၅ ဘီလီယံ ​ချေး​ငွေ ချထား​ပေးပြီးဖြစ်​ရာ ယခုနှစ်​အတွင်း ထုတ်​​ချေး​ပေးသွား မည်​ဖြစ်​​ကြောင်း အဆိုပါအသင်း၏ ဥက္ကဋ္ဌ ဦးခင်​စိုးက​ပြောသည်​။

တောင်​သူများနှင့်​ အကျိုးတူလယ်​ယာစနစ်​ဖြင့်​လုပ်​​ဆောင်​မည့်​မြေပဲ မျိုး​ကောင်း မျိုးသန့်​ စိုက်​ပျိုးထုတ်​လုပ်​​ရေးအတွက်​ ကျပ်​ ၅ဘီလီယံ၊
ကျန်းမာ​ရေးနှင့်​ ညီညွှတ်​သည့်​ ​မြေပဲဆီ၊နှမ်း​ဆီများထုတ်​လုပ်​ရာတွင်​ ဆီစက်​များ အဆင့်​မြှင့်​တင်​​ရေးအတွက်​ ကျပ်​ ၇ ဘီလီယံနှင့်​ ကုန်​ကြမ်း​များဝယ်​ယူသို​လှောင်​စု​ဆောင်း​ရောင်းချရန်​အတွက်​ကျပ်​ ၁၀ ဘီလီယံဖြင့်​ အဆင့်​မြှင့်​တင်​​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

“ဒီလုပ်​ငန်း​တွေလုပ်​ဖို့အတွက်​ ကျပ်​ ၂၂ ဘီလီယံ ​တောင်းတာ ကို စီမံဘဏ္ဍာဝန်ကြီးက ၂၅ ဘီလီယံ ချ​ပေးတယ်​။ဒါကို ဘတ်​ဂျက်​လျာထားချက်​ထဲမှာ ချ​ပေးပြီးပြီ။ဆီစက်​​တွေကို ကျန်းမာ​ရေးနဲ့ညီညွှတ်​တဲ့ အရည်​အ​သွေးပြည့်​မီတဲ့စနစ်​နဲ့ ကြိတ်​ခွဲထုတ်​လုပ်​နိုင်​တဲ့အဆင့်​​ ရောက်​​အောင်​ မြှင့်​တင်​နိုင်​မှ FDA ရမှာပါ။ဒီနှစ်​ကုန်​မှာ FDAမရရင်​ ထုတ်​လုပ်​မှု​တွေကို ရပ်​ဆိုင်းမယ်​ဆိုတဲ့ အ​ခြေ​နေမှာရှိ​နေ​တော့FDA က မရလို့ မဖြစ်​ဘူး။ အဆင့်​မြှင့်​တင်​လို့လဲရမယ်​၊FDAလဲရနိုင်မယ့်​ စက်​​တွေ ကို ​ရွေးချယ်​ပြီး​ချေး​ငွေ ချ​ပေးမှာပါ။”ဟု ​၎င်းက​ပြောသည်​။

ထိုသို့ ​ချေး​ငွေများစတင်​ချထား​ပေး​ရေးအတွက်​ သတင်းအချက်​အလက်​များစု​ဆောင်း၍ စက်​များကို စစ်​​ဆေးပြီး FDA ရနိုင်​ရန်​နှင့်​ အဆင့်​မြှင့်​တင်​ရန်​လွယ်​ကူသည့်​ စက်​များကို စိစစ်​​ရွေးချယ်​ကာ ထုတ်​​ချေး​ပေးသွားမည်​ဖြစ်​သည်​။

အဆိုပါ ​ချေး​ငွေများကို မြန်မာ့စီးပွား​ရေးဘဏ်မှတဆင့်​ ထုတ်​​ချေး​ပေး မည် ​ဖြစ်​ပြီး အတိုးနှုန်း၉ရာခိုင်​နှုန်းဖြင့်​၃နှစ်မှ၅နှစ်အတွင်းပြန်လည်​ ​ပေးဆပ်​ရမည်​ဖြစ်​​ကြောင်းသိရသည်​။

“စက်​​ပေါ်မှာ စိစစ်​ပြီး အဆင့်​မြှင့်​ဖို့ကုန်​ကျတဲ့​ငွေကိုပဲ ​ချေးမှာပါ။ဘယ်​စက်​ကိုမှ ​ငွေသားအ​နေနဲ့ သုံးစွဲဖို့ ထုတ်​မ​ပေးဘူး။စက်​ပြင်​ဖို့အဆင့်​ထိ တွက်​ချက်​ပြီးကူညီမှာပါ။ဒါမှလဲအဆင့်​မြှင့်​ပြီးသားFDAရပြီးသားစက်​​တွေ ​ပေါ်လာမှာဖြစ်​ပါတယ်​။ FDA ကညွှန်​ကြားထားတဲ့ အချက်​​တွေနဲ့ ဒီစက်​​တွေကို ပြင်​​ပေးရမှာပါ။FDA လဲရပြီး ​ချေး​ငွေကိုလဲစိတ်​ဝင်​စားတယ်​၊ အဆင့်​မြှင့်​ဖို့ လုပ်​​နေတဲ့ စက်​​တွေက​တော့ ​လျှောက်​လွှာ​တွေဝင်​​နေပါပြီ။”ဟု ဦးခင်​စိုး က​ပြောသည်​။

အဆင့်​မြှင့်​တင်​ရန်​ ​ချေး​ငွေရယူလိုသူများအ​နေဖြင့်​ မြန်​မာနိုင်​ငံဆီစက်​ပိုင်​ရှင်​အသင်းဝင်​ဖြစ်​ရမည်​ဖြစ်​ပြီး၊FDA လက်​မှတ်​ရရှိပြီးသူသို့မဟုတ်​ ​လျှောက်​ထားဆဲဖြစ်​ရမည်​ဖြစ်​ကာ လက်​ရှိ ဆီစက်​လည်​ပတ်​​နေသူ စသည့်​အချက်​အလက်​များတင်​ပြရမည်​ဖြစ်​​ကြောင်းသိရသည်​။

ဆီထွက်​သီးနှံစိုက်​ပျိုး​ရေး ဖွံဖြိုးတိုးတက်​လာရန်​၊ကုန်​သွယ်​မှုပိုင်း၊ကုန်​ကြမ်းမပျက်​လက်​ရန်​​နှင့်​ စက်​များကို အဆင့်​မြှင့်​တင်​ရန်​တို့အတွက်​ အစိုးရမှ ပံ့ပိုး​ပေးမည်​ဖြစ်​​သော​ကြောင့်​ ကျန်းမာ​ရေးနှင့်​ညီညွှတ်​သည့်​ ​မြေပဲဆီ ၊နှမ်း ဆီ များထုတ်​လုပ်​လာနိုင်​မည်​ဆိုပါက စားသုံးသူများ၏ ​ဈေးကွက်​လိုအပ်​ချက်​ကို အမြန်​ဆုံး အ​ကောင်​အထည်​​ဖော်​​ဆောင်​​ပေးနိုင်​မည်​ဖြစ်​​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply