၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္မွ စတင္ကာ မႏၱေလး ၿမိဳ႕ဝင္ဂိတ္မ်ားကို ပုဂၢလိကသို႔ ခ်ထားေပးေတာ့မည္မဟုတ္

0
164

မႏၲေလး။ ဒီဇင္ဘာ ၇ ။ ၂၀၁၇။

မႏၲေလးၿမိဳ႕ဝင္ ဂိတ္မ်ားကို ၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္မွ စတင္ကာ ပုဂၢလိက လုပ္ငန္းရွင္မ်ားကို ခ်ထားေပးေတာ့မည္မဟုတ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္က ဒီဇင္ဘာလ ၇ ရက္ေန႔က က်င္းပသည့္ ဒုတိအႀကိမ္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (တတိယေန႔) မွာ ေျပာၾကားခဲ့သည္။

“၂၀၁၈ – ၂၀၁၉ ခုႏွစ္မွာ ၿမိဳ႕ဝင္ဂိတ္ေတြအဆင့္ျမႇင့္သြားမယ္။ ေငြေပးေခ်တဲ့ စနစ္ကိုလည္း ေျပာင္းလဲသြားပါမယ္ ။” ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ က ေျပာသည္ ။

ေငြေပးေခ်ေရးစနစ္ကိုေျပာင္းလဲရာတြင္ ႀကိဳတင္ေငြေပးေခ်စနစ္သို႔ ေျပာင္လဲရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္ ။

အမရပူရၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကိုယ္စားလွယ္ဦးျမင့္ေဆြ၏ ေမးျမန္းခ်က္ျဖစ္သည့္ အမရပူရၿမိဳနယ္အတြင္း တိုးဂိတ္မ်ားမွာ ယခုထက္ပိုမိုေကာင္းမြန္ေသာ ဝန္ေဆာင္မႈေပးရန္ရွိမရွိ ဆိုေသာ ေမးခြန္းကိုျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္ပါသည္ ။

“အမရပူရၿမိဳ႕နယ္ထဲက စြယ္ေတာ္တိုးဂိတ္နားမွာ ညေနဆို ကားႀကီးေတြ အမ်ားႀကီးဝင္တယ္ ။ အဲ့ဒီလိုဝင္တဲ့အခ်ိန္မွာ ဆိုင္ကယ္ေတြသြားလို႔မရဘူး ။ ဆိုင္ကယ္ေတြအတြက္ ေပးထားတဲ့ လမ္းက က်ဥ္းၿပီး ပ်က္ေနတယ္ ။” ဟု အမရပူရၿမိဳ႕နယ္ မဲတႏၵနယ္အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေဆြ က ေျပာသည္ ။

ၿမိဳ႕ဝင္ဂိတ္မ်ား အဆင့္ျမႇင့္တင္ၿပီးပါက လမ္းမ်ားေကာင္းမြန္ေအာင္ခင္းျခင္း ၊ လမ္းမီးမ်ားတပ္ဆင္ထားျခင္း တို႔ ပါဝင္မည္ျဖစ္ၿပီး ၿမိဳ႕ဝင္ဂိတ္မ်ားလည္း တိုးဖို႔ရွိေနေၾကာင္း သိရပါသည္ ။

ႏိုင္လင္းဦး

မန္တလေး။ ဒီဇင်ဘာ ရ ။ ၂၀၁၇။

မန္တလေးမြို့ဝင် ဂိတ်များကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ချထားပေးတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန်က ဒီဇင်ဘာလ ရ ရက်နေ့က ကျင်းပသည့် ဒုတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့) မှာ ပြောကြားခဲ့သည်။

“၂၀၁၈ – ၂၀၁၉ ခုနှစ်မှာ မြို့ဝင်ဂိတ်တွေအဆင့်မြှင့်သွားမယ်။ ငွေပေးချေတဲ့ စနစ်ကိုလည်း ပြောင်းလဲသွားပါမယ် ။” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောသည် ။

ငွေပေးချေရေးစနစ်ကိုပြောင်းလဲရာတွင် ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်လဲရန် ဆောင်ရွက်နေကြောင်း သိရသည် ။

အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဆွေ၏ မေးမြန်းချက်ဖြစ်သည့် အမရပူရမြိုနယ်အတွင်း တိုးဂိတ်များမှာ ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန်ရှိမရှိ ဆိုသော မေးခွန်းကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါသည် ။

“အမရပူရမြို့နယ်ထဲက စွယ်တော်တိုးဂိတ်နားမှာ ညနေဆို ကားကြီးတွေ အများကြီးဝင်တယ် ။ အဲ့ဒီလိုဝင်တဲ့အချိန်မှာ ဆိုင်ကယ်တွေသွားလို့မရဘူး ။ ဆိုင်ကယ်တွေအတွက် ပေးထားတဲ့ လမ်းက ကျဉ်းပြီး ပျက်နေတယ် ။” ဟု အမရပူရမြို့နယ် မဲတန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ က ပြောသည် ။

မြို့ဝင်ဂိတ်များ အဆင့်မြှင့်တင်ပြီးပါက လမ်းများကောင်းမွန်အောင်ခင်းခြင်း ၊ လမ်းမီးများတပ်ဆင်ထားခြင်း တို့ ပါဝင်မည်ဖြစ်ပြီး မြို့ဝင်ဂိတ်များလည်း တိုးဖို့ရှိနေကြောင်း သိရပါသည် ။

နိုင်လင်းဦး

Leave a Reply