မမှန်​မကန်​​ရောင်းချ​နေသည့်​ စားသုံးဆီများကို ထိ​ရောက်​စွာ အ​​ရေးယူ​ခြင်း​မရှိ​သေး

0
198

ရန်​ကုန်​၊ မတ်​လ ၁၈၊ ၂၀၁၈

ပြည်​​တွင်းဆီ​ဈေးကွက်​တွင်​ စံချိန်စံညွှန်နှင့် မကိုက်​ညီ​သောဆီများနှင့်​ မမှန်​မကန်​​ရောင်းချ​နေသည့်​ စားသုံးဆီများကို သက်​ဆိုင်​ရာ အဖွဲ့အစည်းများမှ ထိ​ရောက်​စွာ အ​ရေးယူ​ဆောင်​ရွက်​ခြင်းမရှိ​သေး​ကြောင်း မြန်​မာနို​င်​ငံဆီစက်​ပိုင်​ရှင်​များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက​ပြောသည်​။

ဈေးကွက်​အတွင်း၌ ​စံမမီ ၊ဘေးအန္တရာယ်​ရှိ၊ တရားမဝင်​စားသုံး​ဆီများ ထုတ်​လုပ်​​ရောင်းချ​​နေခြင်း​ကို FDA ၊ စားသုံးသူ​ရေးရာနှင့်​ သက်​ဆိုင်​ရာ ဦးစီးဌာနရှိ တာဝန်​ရှိသူများမှ ယခုနှစ်​အတွင်း ရှင်းလင်း​ပေးမည်​ဆိုပါက ပြည်​တွင်း SMEလုပ်​ငန်း​များနှင့် စိုက်​ပျိုး​ရေးလုပ်​ငန်းများတိုးတက်​လာခြင်း၊ ​ဈေးကွက်​​ဖွံဖြိုးလာခြင်းနှင့်​အတူ မြန်​မာနို​င်​ငံ၏ ဆီစားသုံးမှုကိုလည်းဖြည့်​တင်း
နိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​​။

“ဒီနှစ်​ဆို ကျွန်​​တော်​တို့မှာ ​ဈေးကွက်​မရှိဘူးဖြစ်​​နေတယ်​။ ​ဈေးကွက်​ထဲမှာ စံချိန်​စံညွှန်းမကိုက်​ညီဘဲနဲ့ ​ဘေးအန္တရာယ်​ရှိတဲ့ အတုအပ​တွေနဲ့ ဘယ်​တိုင်းပြည်​ကလာမှန်းမသိတဲ့ တရားမဝင်​ထုတ်​ကုန်​​တွေနဲ့ ​ရော​ပြော​နေတဲ့ ​ဈေးကွက်​ကြီးကို အခုနှစ်​ထဲမှာ အပြီးပြက်​ရှင်း​ပေးရင်​ နိုင်​ငံ​တော်​ရဲ့ ပံ့ပိုးမှုက​​နေဖြစ်​​ပေါ်လာတဲ့ တိုးတက်​မှုက အရှိန်​ရသွားမယ်​။ အခုဆီ​ဈေးကွက်​မှာ စံချိန်​စံညွှန်းလို့ တိတိကျကျ​ပြောဆို​ရောင်းချ​နေတဲ့ ကိစ္စ​တွေ၊ မမှန်​မကန်​​ရောင်းချ​နေတာ​တွေကို အခုထိ ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ဆောင်​ရွက်​ခြင်း​မရှိဘူး။ပြစ်​ဒဏ်​​ပေးခြင်းလဲမရှိဘူး။”ဟု ၎င်းက​ပြောသည်​။

လက်​ရှိတွင်​ ပြည်​တွင်း၌ ဆီစားသုံးမှုကို ၁၀ရာခိုင်​နှုန်းခန့်​သာ ဖြည့်​တင်းနိုင်​​သေးပြီး ၉၀ရာခိုင်​နှုန်းမှာ ပြည်​ပမှ ဝင်​​ရောက်​လာသည့်​ စံမမှီ၊ ​ဘေးအန္တရာယ်​ရှိ၊ တရားမဝင်​​ ဝင်​​ရောက်​​ရောင်းချ​နေသည့်​ဆီများ၊​ကြော်
ပြီးဆီများကို ပြန်​လည်​သန့်​စင်​​ရောင်းချ​နေခြင်း​နှင့်​ ဓာတုအနံ့​ပေးကာ ​မြေပဲဆီ၊နှမ်း​ဆီဟူ၍ တံဆိပ်​ကပ်​​ရောင်းချ​နေခြင်းတို့ဖြစ်​​ကြောင်း​သိရသည်​။

ယင်းကိစ္စရပ်​များကို သက်​ဆိုင်​ရာဌာနများက ယခုအချိန်​မှစတင်​၍ အပြီးပြက်​ကြိုတင်​ ရှင်းလင်းထားမည်​ဆိုပါက စိုက်​ပျိုး​ရေးကဏ္ဍများ​ဖွံဖြိုး တိုးတက်​လာမည်​ဖြစ်​သကဲ့သို့ ဆီစက်​များမှ ဆီ​ကောင်း၊ဆီသန့်​များ ထွက်​လာပြီး ​ဈေးကွက်​ကလည်း သန့်​ရှင်း​နေလျှင်​ ​လို
အပ်​​နေသည့်​ ဆီစားသုံးမှုကို ဖြည့်​တင်းနိုင်​မည်​ဖြစ်​​သည်​။

လက်​ရှိ၌ ပြည်​တွင်းဆီ​ဈေးကွက်​ထဲတွင်မ​လေးရှားနှင့်​ အင်​ဒိုနီးရှားနို​င်​ငံများမှ ဝင်​​ရောက်​​ ရောင်း​ချလျှက်​ရှိပြီး (၁) လလျှင် တန်​ချိန်​ ၆ ​သောင်းခန့်​ကို တရားဝင်​တင်​သွင်း​ရောင်း​ချလျှက်​ရှိ​​ကြောင်း​သိရသည်​။

“ကျွန်​​တော်​တို့ အသင်းအ​နေနဲ့၂၀၂၀ မှာ FDA လက်​မှတ်​ ရတဲ့စက်​​တွေများလာ​အောင်​ တွန်း​အား​ပေးမယ်​။နို​င်​ငံ​တော်​ကိုလည်း တင်​ပြမယ်​။အစိုးရရဲ့အ​ထောက်​အပံ့နဲ့ SME အ​ထောက်​အပံ့ကိုယူပြီးစက်​​ပေါင်း ၂၀၀ ကို လက်​မှတ်​ရတဲ့အထိ အဆင့်​မြှင့်​တင်​သွားမယ်​။”ဟု ဦးခင်​စိုးက​ပြောသည်​​။

လက်​ရှိတွင်​ FDA လက်မှတ် ရပြီး စက်​​ပေါင်း ၅၆ စက်​ရှိပြီး ယခုနှစ်​ကုန်​အထိ ဆီစက်​​ပေါင်း ၁၀၀ ကို
FDA လက်​မှတ်​ရရှိ​အောင်​ တွန်းအား​ပေးမည်​ဖြစ်​သည်​။

ယင်းကဲ့သို့ စက်​​ပေါင်း ၁၀၀ ရရှိပြီးမှ မြန်​မာနို​င်​ငံ ဆီစားသုံးမှု၏ ၄ပုံ ၁ပုံခန့်​ကိုသာ ထုတ်​လုပ်​နိုင်​ခြင်း​ဖြစ်​​သော​ကြောင့်​ ဆီစားသုံးမှု၏ ၅၀ ရာခိုင်​နှုန်းကို ဖြည့်​တင်းနိုင်​ရန်​အတွက်​ ၂၀၂၀ခုနှစ်​တွင်​ စက်​​ပေါင်း ၂၀၀ ရရှိ​အောင်လုပ်​​ဆောင်​မည်​ဖြစ်​​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply