အသက် ၇ နှစ် ၃ လအရွယ် ကလေးငယ်အား မဖွယ်မရာပြုသူကို ရဲစခန်းမှထုတ်ပေးရန် တောင်းဆိုသဖြင့် သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရ

0
173

မန္တလေး၊ မတ် ၁၈၊ ၂၀၁၈

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၄)ရဲစခန်းရှေ့တွင် အသက် ၇ နှစ် ၃ လအရွယ် ကလေးငယ်အား မဖွယ်မရာကျူးလွန်သည့်သူကို ထုတ်ပေးရန် တောင်းဆိုသည့် လူအုပ်အား မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီကျော်အချိန်က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း အခင်းဖြစ်ပွားရာ နေရာမှ သတင်းရရှိသည်။

ထိုသို့တောင်းဆိုသည့် သူများက ရဲစခန်းကို ခဲဖြင့်ထုခြင်း ဆူပူခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ထိုလူစုလူဝေးများထဲက အချို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ကြောင်း သိရသည် ။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်တွင် အသက် (၇) နှစ် (၃) လအရွယ်ရှိ မိန်းကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်၍ မဖွယ်မရာပြုကျင့်ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် မတ်လ ၁၈ ရက်နေ့ ညဦးပိုင်းက အမှုဖွင့် ဖမ်းဆီးအရေးယူထားသည်။

နိုင်လင်းဦး

Leave a Reply