မန်ယူနဲ့စပါး ထိပ်တိုက်တွေ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ

0
180

မတ် ၁၉ ၊ ၂၀၁၈

မန်ယူနည်းပြမော်ရင်ဟိုဟာ FAဖလား ဆီမီးဖိုင်နယ်မှာ အသင်းဟောင်း ချယ်လ်ဆီးကို ရှောင်နိုင်ခဲ့ပြီး စပါးနဲ့တွေ့ခဲ့ပြီလို့ ဆိုပါတယ်။

FAဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို တနင်္ဂနွေနေ့ က မဲခွဲခဲ့ရာမှာ မန်ယူအသင်းဟာ စပါးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ ဆောက်သမ်တန်အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ FAဖလား ကွာတားဖိုင်နယ်မှာ ဘရိုက်တန်အသင်းကို လူကာကူ ၊ မာတစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာလည်း ဆွမ်ဆီးအသင်းကို ၃- ၀ ရလဒ်နဲ့အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းကို မိနစ် ၉၀အတွင်း ၁- ၁ ကစားပြီး အချိန်ပို ဆက်ကစားချိန်မှ အနိုင်ဂိုးရရှိကာ ၂-၁နဲ့ ဆီမီးဖိုင်နယ်ကို တက်လာတာဖြစ်ပါတယ်။

ဆောက်သမ်တန် အသင်းကတော့ ဝီဂန်အသင်းကို ၂-၀နဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဧပြီလ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

NN

Leave a Reply