ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕၀င္ SSPPႏွင့္ TNLA တို႔တိုက္ပြဲဆက္လက္ျဖစ္ပြားေတာ့ျခင္းမရွိဟုဆို

0
195

ရန္ကုန္ ၊ ဒီဇင္ဘာ ၇။၂၀၁၇။

ရွမ္းျပည္ေျမာက္ပိုင္းနမၼတူၿမိဳ႕နယ္ ၊မိုင္းရင္းေက်းရြာအနီးတြင္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕ FPNCC အဖဲြ႕၀င္မ်ားျဖစ္သည့္ ရွမ္းျပည္တိုးတက္ေရးပါတီ/ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္း SSPP/SSAႏွင့္ တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႕ TNLA တို႔အၾကားဒီဇင္ဘာ ၅ရက္ေန႔မွစတင္ ျဖစ္ပြားေနသည့္ တိုက္ပြဲြရပ္တန္႔ခဲ့ၿပီျဖစ္ေၾကာင္း TNLA ေျပာေရးဆိုခြင့္ရွိသူ တာ့ဖုန္းေက်ာ္ကေျပာသည္။

“ကၽြန္ေတာ္တို႔နဲ႔SSPPကမဟာမိတ္ေတြပါတိုက္ပဲြျဖစ္တာကႀကီးႀကီးမားမားမဟုတ္ပါဘူး။ ႏွစ္ဖက္ေခါင္းေဆာင္ေတြညိွ ႏိႈင္းၿပီးေျပလည္သြားပါၿပီ။ တိုက္ပဲြေတြမရွိေတာ့ပါဘူး”ဟုတာ့ဖုန္းေက်ာ္ ကဒီဇင္ဘာ ၇ရက္ေန႔ မြန္းလဲြပိုင္းက ပဥၥမလိႈင္း သို႔ေျပာသည္။

ဒီဇင္ဘာ ၅ရက္ေန႔နံနက္ပိုင္းကစတင္၍ ႏွစ္ဖက္ပစ္ခတ္မႈမ်ားရွိခဲ့ၿပီး ဒီဇင္ဘာ၆ရက္ေန႔ နံနက္၁နာရီေက်ာ္အထိဆက္ လက္ျဖစ္ပြားခဲ့သည္။

မိုင္းရင္းေက်းရြာအုပ္စုအုပ္စုအတြင္း TNLAက၀င္ေရာက္ေနရာယူကာ ေဒသခံမ်ားထံမွအိမ္ေထာင္စုစာရင္းဇယား မ်ားကို ဒီဇင္ဘာ ၃ရက္ေန႔ က၀င္ေရာက္ေတာင္းခံခဲ့ေၾကာင္းသိရသည္။

“ကၽြန္ေတာ္တို႔ကေတာ္လွန္ေရးအဖဲြ႕အစည္းေတြဆိုေတာ့ မူးယစ္ေဆး၀ါးနဲ႔ပတ္သတ္ၿပီးေတာ့စစ္ေဆးရင္လုိအပ္လို႔ေတာင္းခံတဲ့
သေဘာပါ။ရြာထဲ၀င္ၿပီးတပ္သားသစ္စုေဆာင္းတာ ေနရာ၀င္ယူတာမ်ိဳးမဟုတ္ပါဘူး”ဟု တာ့ဖုန္းေက်ာ္က ေျပာသည္။

SSPP ထိန္းခ်ဳပ္နယ္ေျမအတြင္း TNLAတပ္ဖဲြ႕မ်ား ၀င္ေရာက္ လာျခင္းေၾကာင့္ ႏွစ္ဖက္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရျခင္းျဖစ္ ေၾကာင္းသိရသည္။

“ကၽြန္ေတာ္တို႔က အရင္ကတည္းကနမၼတူေဒသမွာ အတူယွဥ္တဲြေနထိုင္ ခဲ့တာပါ ။ျပႆနာမရွိပါဘူး”ဟု၎ကေျပာ သည္။
၀ ျပည္ေသြးစည္းညီညြတ္ေရးပါတီUWSP ဦးေဆာင္သည့္ FPNCC ေျမာက္ပိုင္းမဟာမိတ္အဖဲြ႕တြင္ SSPP/SSA ၊ TNLA ၊ ကခ်င္အမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႕ KIO/KIA ၊ ျမန္မာအမ်ိဳးသားဒီမိုကေရစီမဟာမိတ္တပ္မေတာ္ MNDAA ၊ အမ်ိဳးသားဒီမိုကေရစီမဟာမိတ္တပ္မေတာ္ NDAA ၊ ရကၡိဳင့္တပ္မေတာ္ AAတို႔ပါ၀င္သည္။

ေမာင္ဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ရ။၂၀၁၇။

ရှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ် ၊မိုင်းရင်းကျေးရွာအနီးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC အဖွဲ့ဝင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSAနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြားဒီဇင်ဘာ ၅ရက်နေ့မှစတင် ဖြစ်ပွားနေသည့် တိုက်ပွဲရပ်တန့်ခဲ့ပြီဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ တာ့ဖုန်းကျော်ကပြောသည်။

“ကျွန်တော်တို့နဲ့SSPPကမဟာမိတ်တွေပါတိုက်ပွဲဖြစ်တာကကြီးကြီးမားမားမဟုတ်ပါဘူး။ နှစ်ဖက်ခေါင်းဆောင်တွေညှိ နှိုင်းပြီးပြေလည်သွားပါပြီ။ တိုက်ပွဲတွေမရှိတော့ပါဘူး”ဟုတာ့ဖုန်းကျော် ကဒီဇင်ဘာ ရရက်နေ့ မွန်းလွဲပိုင်းက ပဉ္စမလှိုင်း သို့ပြောသည်။

ဒီဇင်ဘာ ၅ရက်နေ့နံနက်ပိုင်းကစတင်၍ နှစ်ဖက်ပစ်ခတ်မှုများရှိခဲ့ပြီး ဒီဇင်ဘာ၆ရက်နေ့ နံနက်၁နာရီကျော်အထိဆက် လက်ဖြစ်ပွားခဲ့သည်။

မိုင်းရင်းကျေးရွာအုပ်စုအုပ်စုအတွင်း TNLAကဝင်ရောက်နေရာယူကာ ဒေသခံများထံမှအိမ်ထောင်စုစာရင်းဇယား များကို ဒီဇင်ဘာ ၃ရက်နေ့ ကဝင်ရောက်တောင်းခံခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ကတော်လှန်ရေးအဖွဲ့အစည်းတွေဆိုတော့ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီးတော့စစ်ဆေးရင်လိုအပ်လို့တောင်းခံတဲ့
သဘောပါ။ရွာထဲဝင်ပြီးတပ်သားသစ်စုဆောင်းတာ နေရာဝင်ယူတာမျိုးမဟုတ်ပါဘူး”ဟု တာ့ဖုန်းကျော်က ပြောသည်။

SSPP ထိန်းချုပ်နယ်မြေအတွင်း TNLAတပ်ဖွဲ့များ ၀င်ရောက် လာခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ် ကြောင်းသိရသည်။

“ကျွန်တော်တို့က အရင်ကတည်းကနမ္မတူဒေသမှာ အတူယှဉ်တွဲနေထိုင်ခဲ့တာပါ။ ပြဿနာမရှိပါဘူး”ဟု၎င်းကပြော သည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီUWSP ဦးဆောင်သည့် FPNCC မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် SSPP/SSA ၊ TNLA ၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ KIO/KIA ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA ၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ၊ ရက္ခိုင့်တပ်မတော် AA တို့ပါ၀င်သည်။

မောင်ဉာဏ်

Leave a Reply