၇ နှစ်အရွယ်ကလေးအား အဓမ္မကျင့်သူကို ရဲစခန်းမှ ထုတ်ပေးရန် တောင်းဆိုခဲ့သူများထဲက ၁၁ ဦးထိန်းသိမ်းခံရ

0
181

မန္တလေး၊ မတ် ၁၉၊ ၂၀၁၈
၇ နှစ်အရွယ်ကလေးအား အဓမ္မကျင့်သူကို ရဲစခန်းမှ ထုတ်ပေးရန် တောင်းဆိုခဲ့သူများထဲက ၁၁ ဦး ထိန်းသိမ်းခံရကြောင်း အောင်မြေ သာစံမြို့နယ် ရဲတပ်ဖွဲ့မှသိရသည်။

တောင်းဆိုသူများသည် အောင်မြေသာစံမြို့နယ်၊အမှတ်(၄)ရဲစခန်းရှေ့တွင် ရဲစခန်းကို ခဲဖြင့်ထုခြင်း၊ ဆူပူခြင်းများ ပြုလုပ်ခဲ့ကြပြီး မတ်လ ၁၈ ရက်နေ့ ညပိုင်း၌ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရမှုများ ရှိခဲ့သည်။

“ညက ဖြစ်တဲ့ ဖြစ်စဉ်က လူတွေကိုတော့ ထိန်းသိမ်းထားစဲပါ။ သူတို့ကို
တော့ ဘာပုဒ်မမှ တပ်မထားသေးဘူး ။ အရေးယူမယ် ဆိုရင်တော့ ပြည်သူ ပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အရေးယူမယ်”ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဆူပူမှုဖြစ်စဉ်များ ဖြစ်ပြီးနောက် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မှ လာရောက်ကြည့်ရှု၍ ရဲတပ်ဖွဲ့ အင်အား ၂၀၀ ကျော်ဖြင့် အမှတ်(၄)ရဲစခန်း အနီးတွင် လုံခြုံရေးချထားမှုများ ဆောင်ရွက်ခဲ့သည်။

မတ်လ ၁၈ ရက်၊မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်ရှိ အသက် (၇) နှစ် (၃) လအရွယ် မိန်းကလေး ငယ်ကို မဖွယ်မရာပြုကျင့်ခဲ့သည့် အမျိုးသားအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် မတ်လ ၁၈ ရက်နေ့ ညဦးပိုင်းက အမှုဖွင့် ဖမ်းဆီး အရေးယူ ထားကြောင်း သတင်းရရှိသည်။

နိုင်လင်းဦး

Leave a Reply