PSG ကွင်းလယ်လူ ဒိုင်ဆလာကို ခေါ်ဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်နည်းပြ 

0
173

မတ် ၁၉ ၊ ၂၀၁၈

လီဗာပူးလ်အသင်းရဲ့ နည်းပြဂျာကင်ကလော့ဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ PSG အသင်းရဲ့ ဂျာမန်ကွင်းလယ်လူ ဂျူလီယန် ဒိုင်ဆလာကို ခေါ်ယူနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။

ဂျာကင်ကလော့ဟာ ဒိုင်ဆလာရဲ့ အပြောင်းအရွှေ့အတွက် PSG အသင်းထံ ချိတ်ဆက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းရဲ့ လူစာရင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

အီတလီအခြေစိုက် သတင်းဌာတွေရဲ့ ဖော်ပြမှုအရ လီဗာပူးလ်အသင်းရဲ့ နည်းပြ ဂျာကင်ကလော့ဟာ လာမယ့်ရာသီအတွက် တောင်ပံတိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေနေပြီး အသက် ၂၄ နှစ်အရွယ်ရှိသော ဒိုင်ဆလာကို ခေါ်ယူဖို့ ကြိုးစားနေခြင်း ဖြစ်ပါတယ်။

ဒိုင်ဆလာဟာ အင်္ဂလန်အသင်းတော်တော်များများ အလိုရှိနေတဲ့ လူငယ်ကွင်းလယ်လူဖြစ်ပြီး ယခုနှစ် အပြောင်းအရွှေ့ကာလမှာ PSG အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ဒိုင်ဆလာကို ခေါ်ယူဖိုပအတွက် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာအပြောင်း အရွှေ့မှာ ကော်တင်ဟိုကို ဘာစီလိုနာသို့ ရောင်းထုတ်ခဲ့ပြီး ကစားသမား အသစ်တွေ ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

NN

Leave a Reply