အာဂ်င္တီးနားသမၼတေဟာင္း ဖာနန္ဒက္ဇ္အား ႏုိင္ငံေရးအရ ဖံုးဖိမႈျဖင့္ ဖမ္းဆီးရန္ ႀကိဳးပမ္း

0
196

ျဗဴႏိုေအးရီးစ္ ။ဒီဇင္ဘာ ၈။၂၀၁၇။

အာဂ်င္တီးနားသမၼတေဟာင္း ခရစၥတီနာ ဖာနန္ဒက္ဇ္ဒီကစ္ခ်္နာအား ႏုိင္ငံေရးအရဖံုးဖိမႈျဖင့္ဖမ္းဆီးလိုေၾကာင္းအာဂ်င္တီးနားတရားသူႀကီးတစ္ဦးက ေျပာဆုိလိုက္ၿပီျဖစ္သည္။

အာဂ်င္တီးနားႏုိင္ငံအား ၂၀၀၇ ခုႏွစ္ ဒီဇင္ဘာမွစၿပီး သမၼတအျဖစ္ ရွစ္ႏွစ္ၾကာ အုပ္ခ်ဳပ္ခဲ့သည့္ ဖာနန္ဒက္ဇ္သည္ မၾကာေသးမီတြင္ အထက္လႊတ္ေတာ္အမတ္အျဖစ္ ေရြးေကာက္ခံခဲ့ရၿပီး လႊတ္ေတာ္အမတ္တစ္ဦး၏ စံုစမ္းစစ္ေဆးခံရျခင္းမွ ကင္းလြတ္ခြင့္ရရွိထားသည္။ ဖာနန္ဒက္ဇ္ကို ဖမ္းဆီးႏုိင္ရန္ အထက္လႊတ္ေတာ္သည္ ဖာနန္ဒက္ဇ္ခံစားေနရေသာ စံုစမ္းစစ္ေဆးအျပစ္ေပးခံရျခင္းမွ ကင္းလြတ္္ခြင့္ကို ႐ုပ္သိမ္းသင့္မသင့္ကို မဲခဲြဆံုးျဖတ္ရမည္ျဖစ္သည္။ လႊတ္ေတာ္အမတ္ သုံးပံုႏွစ္ပံုက ေထာက္ခံမွသာ ႐ုပ္သိမ္းခြင့္ရွိေနသည္။

တရားသူႀကီး၏လုပ္ေဆာင္မႈသည္ အျပစ္မရွိအျပစ္ရွာျခင္းျဖစ္ၿပီး ဥပေဒခ်ိဳးေဖာက္ေနေၾကာင္း ဖာနန္ဒက္ဇ္ကေျပာဆုိခဲ့သည္။ တရားသူႀကီး၏ေတာင္းဆိုမႈကိုရရွိၿပီးပါက သံုးသပ္မည္ျဖစ္ေၾကာင္း အထက္လႊတ္ေတာ္အမတ္မ်ားကေျပာဆုိခဲ့သည္။

၁၉၉၄ ခုႏွစ္တြင္ ျဗဴႏိုေအးရီးစ္ရွိ ဂ်ဴးယဥ္ေက်းမႈဌာနအား ဗံုးခဲြတိုက္ခိုက္မႈတြင္ အီရန္အဆင့္ျမင့္အစိုးရအရာရွိမ်ားပါဝင္ခ့ဲမႈကုိ ဖာနန္ဒက္ဇ္သည္ ဖံုးဖိထားခဲ့ေၾကာင္း တရားသူႀကီး ကေလာက္ဒီယုိဘိုနာဒီယိုကေျပာဆုိခဲ့သည္။

ဖာနန္ဒက္ဇ္အစိုးရလက္ထက္တြင္ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ထမ္း
ေဆာင္ခဲ့သည့္ ဟက္တာတီမာမန္းအား ယင္းဖံုးဖိထားမႈႏွင့္ဆက္စပ္ၿပီး ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္းထားရန္ တရားသူႀကီး ဘိုနာဒီယို ကေျပာဆုိခဲ့သည္။

ဖာနန္ဒက္ဇ္၏မဟာမိတ္ႏွစ္ဦးသည္လည္း ဒီဇင္ဘာ ၇ ရက္ အေစာပိုင္း တြင္ အဖမ္းခံခဲ့ရသည္။ ၎တုိ႔မွာ ဖာနန္ဒက္ဇ္ အစိုးရ လက္ထက္တြင္ တရားေရးဌာနအဆင့္ျမင့္အရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ကာလို႔စ္ ဇန္နာဒီႏွင့္ ႏုိင္ငံေရးလႈပ္ရွားသူ လူဝီစ္ဒီအီလီယာတို႔ျဖစ္သည္။

ဒီဇင္ဘာ ၇ ရက္တြင္ ဖာနန္ဒက္ဇ္သည္ သတင္းစာရွင္းလင္းပဲြျပဳလုပ္ၿပီး တရားသူႀကီး၏စြပ္စဲြမႈမ်ားကို ႐ႈပ္ခ်ခဲ့သည္။ “တရားသူႀကီးရဲ႕ လုပ္ရပ္က ဥပေဒခ်ိဳးေဖာက္႐ံုသာမကဘူး ႏုိင္ငံေရးၿပိဳင္ဘက္ေတြအေပၚ ႏုိင္ငံေရးနဲ႔ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈလုိ႔ပါက သတ္မွတ္လို႔ရပါတယ္” ဟု ဖာနန္ဒက္ဇ္ကေျပာဆုိခဲ့သည္။

ထုိ႔ျပင္ ၎ကို ေျခာက္လွန္႔ရန္အတြက္ တရားသူႀကီး ဘုိနာဒီယိုသည္ သမၼတ ေမာ္ရီလွ်ိဳမာခရီ၏ ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ခဲ့ျခင္း သာျဖစ္ေၾကာင္း ဖာနန္ဒက္ဇ္က ဆက္လက္ေျပာဆုိခဲ့သည္။ သမၼတမာခရီသည္ ၎၏စီးပြားေရးမူဝါဒမ်ား မေအာင္ျမင္္ခဲ့သည္ကို ဖံုးဖိထားလိုၿပီး အမ်ားျပည္သူကို အာ႐ုံလဲႊလိုေသာေၾကာင့္ ယခုလိုက္ ေနာက္ကြယ္က ႀကိဳးကုိ္င္ကာ စီမံေနျခင္းျဖစ္ေၾကာင္း ဖာနန္ဒက္ဇ္က စြပ္စဲြေျပာဆုိခဲ့သည္။

တရားသူႀကီး မာခရီသည္ ၁၉၉၄ ခုႏွစ္တြင္ ဂ်ဴးယဥ္ေက်းမႈဌာန ဗုံးခဲြတိုက္ခိုက္ခံရမႈကို စံုစမ္းစစ္ေဆးေနသည့္ ေကာ္မရွင္၏ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ေနသည္။ ဗံုးခဲြမႈေၾကာင့္ လူ ၈၅ ဦးေသဆံုးခဲ့သည္။ ၂၀၁၅ ခုႏွစ္တြင္ ျပည္ေထာင္စုတရားသူႀကီးတစ္ဦးက ပယ္ခ်ခဲ့ေသာ္လည္း တရားသူႀကီး ဘိုနာဒီယိုသည္ ဖာနန္ဒက္ဇ္ကို စံုစမ္းစစ္ေဆးရန္ ဆံုးျဖတ္ခဲ့သည္။ အစိုးရအဖဲြ႕ဝင္မ်ား ဗံုးခဲြမႈႏွင့္ပတ္သက္ၿပီး ဖံုးဖိထားခဲ့ေၾကာင္း အထူးဥပေဒအရာရွိ အယ္လ္ဘာတိုနစ္မန္းက ထုတ္ေဖာ္ခဲ့ၿပီးျဖစ္သည္။ နစ္ဇ္မန္းသည္ ၂၀၁၅ ခုႏွစ္ ဇန္နဝါရိီတြင္ ႐ုတ္တရက္ေသဆံုးခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။အာဂ်င္တီးနားသမၼတေဟာင္း ခရစၥတီနာ ဖာနန္ဒက္ဇ္ဒီကစ္ခ်္နာ။

 

ဗြူနိုအေးရီးစ် ။ဒီဇင်ဘာ ၈။၂၀၁၇။

အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ဒီကစ်ချ်နာအား နိုင်ငံရေးအရဖုံးဖိမှုဖြင့်ဖမ်းဆီးလိုကြောင်းအာဂျင်တီးနားတရားသူကြီးတစ်ဦးက ပြောဆိုလိုက်ပြီဖြစ်သည်။

အာဂျင်တီးနားနိုင်ငံအား ၂၀၀၇ ခုနှစ် ဒီဇင်ဘာမှစပြီး သမ္မတအဖြစ် ရှစ်နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဖာနန်ဒက်ဇ်သည် မကြာသေးမီတွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး လွှတ်တော်အမတ်တစ်ဦး၏ စုံစမ်းစစ်ဆေးခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသည်။ ဖာနန်ဒက်ဇ်ကို ဖမ်းဆီးနိုင်ရန် အထက်လွှတ်တော်သည် ဖာနန်ဒက်ဇ်ခံစားနေရသော စုံစမ်းစစ်ဆေးအပြစ်ပေးခံရခြင်းမှ ကင်းလွတ််ခွင့်ကို ရုပ်သိမ်းသင့်မသင့်ကို မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။ လွှတ်တော်အမတ် သုံးပုံနှစ်ပုံက ထောက်ခံမှသာ ရုပ်သိမ်းခွင့်ရှိနေသည်။

တရားသူကြီး၏လုပ်ဆောင်မှုသည် အပြစ်မရှိအပြစ်ရှာခြင်းဖြစ်ပြီး ဥပဒေချိုးဖောက်နေကြောင်း ဖာနန်ဒက်ဇ်ကပြောဆိုခဲ့သည်။ တရားသူကြီး၏တောင်းဆိုမှုကိုရရှိပြီးပါက သုံးသပ်မည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ်များကပြောဆိုခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ဗြူနိုအေးရီးစ်ရှိ ဂျူးယဉ်ကျေးမှုဌာနအား ဗုံးခွဲတိုက်ခိုက်မှုတွင် အီရန်အဆင့်မြင့်အစိုးရအရာရှိများပါဝင်ခဲ့မှုကို ဖာနန်ဒက်ဇ်သည် ဖုံးဖိထားခဲ့ကြောင်း တရားသူကြီး ကလောက်ဒီယိုဘိုနာဒီယိုကပြောဆိုခဲ့သည်။

ဖာနန်ဒက်ဇ်အစိုးရလက်ထက်တွင်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်း
ဆောင်ခဲ့သည့် ဟက်တာတီမာမန်းအား ယင်းဖုံးဖိထားမှုနှင့်ဆက်စပ်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရန် တရားသူကြီး ဘိုနာဒီယို ကပြောဆိုခဲ့သည်။

ဖာနန်ဒက်ဇ်၏မဟာမိတ်နှစ်ဦးသည်လည်း ဒီဇင်ဘာ ရ ရက် အစောပိုင်း တွင် အဖမ်းခံခဲ့ရသည်။ ၎င်းတို့မှာ ဖာနန်ဒက်ဇ် အစိုးရ လက်ထက်တွင် တရားရေးဌာနအဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလို့စ် ဇန်နာဒီနှင့် နိုင်ငံရေးလှုပ်ရှားသူ လူဝီစ်ဒီအီလီယာတို့ဖြစ်သည်။

ဒီဇင်ဘာ ရ ရက်တွင် ဖာနန်ဒက်ဇ်သည် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တရားသူကြီး၏စွပ်စွဲမှုများကို ရှုပ်ချခဲ့သည်။ “တရားသူကြီးရဲ့ လုပ်ရပ်က ဥပဒေချိုးဖောက်ရုံသာမကဘူး နိုင်ငံရေးပြိုင်ဘက်တွေအပေါ် နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ပါက သတ်မှတ်လို့ရပါတယ်” ဟု ဖာနန်ဒက်ဇ်ကပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းကို ခြောက်လှန့်ရန်အတွက် တရားသူကြီး ဘိုနာဒီယိုသည် သမ္မတ မော်ရီလျှိုမာခရီ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ခြင်း သာဖြစ်ကြောင်း ဖာနန်ဒက်ဇ်က ဆက်လက်ပြောဆိုခဲ့သည်။ သမ္မတမာခရီသည် ၎င်း၏စီးပွားရေးမူဝါဒများ မအောင်မြင််ခဲ့သည်ကို ဖုံးဖိထားလိုပြီး အများပြည်သူကို အာရုံလွှဲလိုသောကြောင့် ယခုလိုက် နောက်ကွယ်က ကြိုးကို်င်ကာ စီမံနေခြင်းဖြစ်ကြောင်း ဖာနန်ဒက်ဇ်က စွပ်စွဲပြောဆိုခဲ့သည်။

တရားသူကြီး မာခရီသည် ၁၉၉၄ ခုနှစ်တွင် ဂျူးယဉ်ကျေးမှုဌာန ဗုံးခွဲတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေသည့် ကော်မရှင်၏ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ဗုံးခွဲမှုကြောင့် လူ ၈၅ ဦးသေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုတရားသူကြီးတစ်ဦးက ပယ်ချခဲ့သော်လည်း တရားသူကြီး ဘိုနာဒီယိုသည် ဖာနန်ဒက်ဇ်ကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရအဖွဲ့ဝင်များ ဗုံးခွဲမှုနှင့်ပတ်သက်ပြီး ဖုံးဖိထားခဲ့ကြောင်း အထူးဥပဒေအရာရှိ အယ်လ်ဘာတိုနစ်မန်းက ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ နစ်ဇ်မန်းသည် ၂၀၁၅ ခုနှစ် ဇန်နဝါရိီတွင် ရုတ်တရက်သေဆုံးခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ဒီကစ်ချ်နာ။

Leave a Reply