လက်​ရှိစီးပွား​ရေးအ​ခြေ​နေကို ပြန်​လည်​သုံးသပ်​ရန်​ အစိုးရသို့ တိုက်​တွန်း

0
210

ရန်​ကုန်​၊ မတ်​လ ၁၉ ၊ ၂၀၁၈

မြန်​မာနိုင်​ငံ၏ လက်​ရှိ စီးပွား​ရေး အ​နေအထား တုံ့​နှေး ကျဆင်း​နေခြင်းများ အား အစိုးရအ​နေဖြင့်​ပြန်​လည်​သုံးသပ်​​ရေးကို အမြန်​ဆုံး အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​သင့်​​ကြောင်း မြန်​မာနို​င်​ငံမော်​​တော်​ယာဉ်​ ထုတ်​လုပ်​၊ဖြန့်​ဖြူး ရောင်းချ​သူများအသင်း၏ ဥက္ကဋ္ဌ ​ဒေါက်​တာစိုးထွန်းက တိုက်​တွန်း​ပြောဆိုသည်​။

ရန်​ကုန်​မြို့ရှိ ​တော်​ဝင်​နှင်းဆီ စား​သောက်​ဆိုင်​တွင်​ယနေ့ ပြုလုပ်​သည့်​ အခွန်​သက်​သာခွင့်အစီအစဉ်​​ရွှေ့ဆိုင်းပါက စီးပွား​ရေးပြို လဲနို​င်​သည့်​ အကျိုးဆက်​များ ရှင်းလင်းတင်​ပြပွဲတွင်​၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

“စီးပွား​ရေးလုပ်​ကိုင်​တဲ့​နေရာမှာ ​ဖြေရှင်းဖို့ နည်း​လမ်း​ထဲမှာ​တော့ အခွန်​​လျှော့ချ​ရေးဆိုတဲ့အချက်​ ၁ ချက်​ပါတယ်​။အစိုးရအ​နေနဲ့ လုပ်​ငန်း​ ပ​ရောဂျက်​​တွေကို အ​ကောင်​အထည်​​ဖော်​ဖို့ကိစ္စနဲ့ လုပ်​ငန်းရှင်​ ပြည်​သူ​တွေကို နှစ်​ရှည်​​ချေး​ငွေ ​ပေးဖို့ပါတယ်​။ အခွန်​​ကောက်​​လျှော့ချ​ရေး ဆိုတာ​တော့ တုံ့​နှေးနေတဲ့စီးပွား​ရေးမှာ ​ဖြေရှင်းဖို့အချက်​ ၁ချက်​​အနေနဲ့ပါတယ်​။သို့​သော်​လည် ​ဒါကြီးတစ်ခုထဲက​တော့ ​ဖြေရှင်းချက်​မဟုတ်​ဘူး။အခြားဟာ​တွေကိုလဲ အစိုးရအ​နေနဲ့ စဉ်းစားဖို့ လိုပါတယ်​။”ဟု ၎င်းက​ပြောသည်​။

အစိုးရအ​နေဖြင့်​ လက်​ရှိ စီးပွား​ရေး အ​ခြေ​နေအမှန်​ကို သိရှိရန်​လိုအပ်​ကာ စီးပွား​ရေးအ​ခြေ​နေအား ပြန်​လည်သုံးသပ်​​ရေးကိုလည်း အမြန်​ဆုံး အ​ကောင်​အထည်​​ဖော်​ရန်​ တိုက်​တွန်းလိုပြီး ထိုသို့လုပ်​​ဆောင်​မှသာ တိုင်းပြည်​စီးပွား​ရေးမှာ ပြန်​လည်​တိုးတက်​လာနိုင်​မည်​ဖြစ်​​ကြောင်း ၎င်းက​ပြောသည်​​။

မြန်​မာနို​င်​ငံ၏စီးပွား​ရေးတုံ့​နှေး ကျဆင်း​နေမှုကို ကုစားရန်​ အတွက်​ အခွန်​​ကောက်​ ​လျှော့ချ ခြင်း​မှာအချက်​ ၁ ​ချက်​​အ​နေဖြင့်​ ပါဝင်​​သော်​လည်း
ယင်းသို့​လျှော့ချလိုက်ခြင်းသည်​လည်း ရာနှုန်းပြည့်​ ​ဖြေရှင်းနိုင်​သည့်​ နည်းလမ်းမဟုတ်​​ကြောင်း ၎င်းက​ဆိုသည်​။

“အခွန်​​ကောက်​​လျှော့ချလိုက်​လို့ စီးပွား​ရေးတက်​မလားဆိုတာက ၁၀၀ ရာခိုင်​နှုန်းမ​သေချာဘူး။သီးခြားဥပ​ဒေကြမ်းကို လာမယ့်​လွှတ်​​တော်​ကျမှတင်​မယ်​။ ဒီအ​ခြေ​နေ​တွေကိုလဲ သက်ဆိုင်​ရာ အစိုးရအဖွဲ့နဲ့လွှတ်​​တော်​ကို ဆက်​လက်​တင်​ပြသွားမယ်​။”ဟု ​ဒေါက်​တာစိုးထွန်းက​ပြောသည်​။

၂၀၁၈ခုနှစ်​ ပြည်​​ထောင်​စုအခွန်​​အကောက်​ဥပ​ဒေတွင်​မပါဝင်​​သော်​လည်း ယင်းကိစ္စသည်​ လုံးဝ ပျက်​ပြယ်​သွားခြင်းမဟုတ်​ဘဲ သီးခြားဥပ​ဒေကြမ်း​ပြန်​လည်​​တင်​ပြရန်​ ဆွေး​နွေးမည်​ဟုမြင်​​သောကြောင့်​ ယင်းကိစ္စနှင့်​ပတ်​သက်​ပြီး ယခုထက်​ပို၍ကျယ်​ကျယ်​ပြန့်​ပြန့်​​ချပြ ​ဆွေး​နွေး​ပေးရန်လိုကြောင်း ၎င်းက အကြံပြု ​ပြောဆိုသည်​။

ဧပြီလ၁ရက်တွင်စတင်သက်ရောက်မည့်၂၀၁၈ခုနှစ်​ပြည်ထောင်စုအခွန်အကောက်ဥပဒေ ပုဒ်မ၂၅ ပါ ဝင်ငွေရလမ်းမဖော်​ပြနိုင်သော ​ငွေများအား ၃ရာခိုင်​နှုန်း နှင့် ၅ရာခိုင်​နှုန်း လျော့ချကောက်ခံမည့် အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်အများစုကန့်ကွက်၍ထည့်​သွင်းခြင်းမပြုတော့
ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply