Wolver MDC 2018 Myanmar Drift Championship ကားပြိုင်ပွဲ ကျင်းပမည်

0
131

မန္တလေး၊ မတ် ၁၉၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီးရှိ ရတနာပုံ ဆိုက်ဘားစီးတီးတွင် Wolver MDC 2018 Myanmar Drift Championship ကားပြိုင်ပွဲကို မတ်လ (၂၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကားမောင်းပြိုင်ပွဲကို MSAM (Motor Sport Association of Mandalay) မှ ကြီးမှုးကျင်းပသွားမည်ဖြစ်ပြီး Pro Drift, Semi pro Drift နှင့် Time Attack အပျော်တမ်းကားမောင်းပြိုင်ပွဲ အမျိုးအစားများ ပါဝင်မည်ဖြစ်သည်။

Motor Sports နှင့် ပတ်သက်၍ စနစ်တကျလေ့ကျင့်ပြီး အားကစားနည်း တစ်ခုအဖြစ် စနစ်တကျ လေ့လာနိုင်ရန် ၊ နိုင်ငံတကာစံချိန်နှင့် အညီ ကားမောင်းပြိုင်ပွဲတွေ ပေါ်ပေါက်လာရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း MSAMမှ ဒါရိုက်တာအဖွဲ့ဝင် ကိုမင်းသန့်ထက် ကပြောသည်။

Wolver MDC 2018 Myanmar Drift Championship ကားပြိုင်ပွဲတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် Smoke Award , Angel Award များပေးအပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ဒိုင်အဖွဲ့ဝင် ၂ ဦးနှင့် အခြားဒိုင် အဖွဲ့ဝင်သုံးဦးက အကဲဖြတ်အမှတ်ပေးမည်ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply