ဧပြီ ၁ ရက်​မှစ၍ လိုင်စင်မဲ့ယာဉ်များအား စီမံချက်ဖြင့် ​​ဖမ်းဆီးမည်

0
101

ပဲခူး၊ မတ် ၁၉၊ ၂ဝ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်းအသုံးအပြုသော လိုင်စင်မဲ့ယာဉ်များအား လာမည့်ဧပြီ ၁ ရက်မှစတင်ကာ စီမံချက်ဖြင့်​​ဖမ်းဆီးအရေး ယူမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သတင်းရရှိ သည်။

ထိုကဲ့သို့ အရေးယူဆောင်ရွက်ရာတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သည်ကို စစ်ဆေး တွေ့ရှိပါက ​ကျောင်းသား၊ ဝန်​ထမ်းစသည်​မခွဲခြားဘဲ ဥပ​ဒေအတိုင်း​ဆောင်​ရွက်​ရန်​ တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​မှ ညွှန်​ကြားထား​ကြောင်း ယင်းဌာနက ဆိုသည်​။

“ဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ ယာဉ်ပိုင်ရှင်တွေကို လိုင်စင်လုပ်နိုင်ဖို့အတွက် ရက်ချိန်းပေး မယ်။ ဘယ်နှစ်ရက်အတွင်းမှာ အပြီးလုပ်ပါမယ် ဆိုတဲ့ ကတိရရင် ဆိုင်ကယ်တွေကို သိမ်းမှာမဟုတ်ဘူး။ ခဏတော့ ထိန်း သိမ်းထားမယ်၊ လိုင်စင်ယင်တော့မယ်ဆိုတာနဲ့ ပြန်ထုတ်သွားပြီးတော့ လိုင်စင်လုပ်နိုင်အောင် စီစဉ်ပေးမှာပါ” ဟု တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးထိန်းဝင်းက ပြောသည်။

ဖမ်းဆီးစစ်ဆေးမှုများကို လူစည်ကားသည့်အရပ်များဖြစ်သော ဥဿာပြင်စည်ဈေးအနီး၊ ပဲခူးဈေးကြီးရှေ့၊ ရွှေမော်ဓေါ ဘုရားကြီး ဝန်းကျင်နှင့် တိုင်းလွှတ်တော်ရုံးအနီးနေရာများ၌ ရွေ့လျားပုံစံဖြင့် တိုင်းဒေသကြီးအစိုးတာဝန်ရှိသူများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယာဉ်ကြီးကြပ်အဖွဲ့နှင့် အဖွဲ့စုံတို့မှ ဖမ်းဆီးစစ်ဆေး မှုများပြုလုပ် သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“လိုင်​စင်​​မရှိလို့ ဖမ်းမယ်​ဆိုတာက​တော့ ​ခေါတ်​အဆက်​ဆက်​လုပ်​ခဲ့ကြတာပဲ။ ဒါ​ပေမဲ့ တကယ်​တမ်းလိုင်​စင်​လုပ်​ရမဲ့ပြည်​သူ​တွေရဲ့အခက်​အခဲကို ထည့်​ပြီးစဉ်းစား​ပေးတာမျိုးမရှိဘူး။ ဘာလို့လည်းဆို​တော့ လိုင်​စင်​​ကြေးနဲ့ အခွန်​​ငွေက ဆိုင်​ကယ်​ဖိုး​လောက်​နီးပါးရှိ​နေတဲ့အတွက်​ ဝန်​ထုပ်​ဝန်​ပိုးဖြစ်​​စေတယ်​” ဟု ပဲခူးမြို့ခံ ကိုလင်းထိုက်​က မှတ်​ချက်​​ပေးသည်​။

တိုင်းဒေသကြီးယာဉ်ကြီးကြပ်အဖွဲ့မှ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီး အရေးယူရာတွင် လမ်းပေါ်ရှိယာဉ်များကိုသာ ဖမ်းဆီး စစ်ဆေးမှုများပြုလုပ် မည်ဖြစ်ပြီး ဆိုင်များအတွင်းရှိနေသည့် လိုင်စင်မဲ့ ယာဉ်များအား စစ်ဆေး မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ထို့ပြင် မြို့တွင်းပြေးဆွဲလျှက်ရှိသော သုံးဘီးမော်တော်ယာဉ်များ လဲလှယ်ပြေးဆွဲရေးနှင့် ပတ်သက်ပြီး ၂ဝ၁၇ နိုဝင်ဘာ လအတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ နှင့်တွေ့ဆုံရာတွင် ယာဉ် ပိုင်ရှင်နှင့်ယာဉ်မောင်းများအား တရားဝင်အသိပေး ပြောကြားထားသည်။ ယင်းကို ယာဉ်ပိုင်ရှင်များက အချိန် ၁၂ လဆိုင်းငံ့ ပေးရန်တောင်းဆိုခဲ့ပြီးနောက် ယခုနှစ်ကုန်မှစ၍ ယာဉ်များ လဲလှယ်ပြေးဆွဲရန် အစိုးရမှ ထပ်မံအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ထိုသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တွေ့ဆုံစဉ် အသစ် လဲလှယ် မည့်မော်တော်ယာဉ်များ ဝယ်ယူရေးနှင့် ပတ်သက်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် ကုမ္ပဏီနှင့်ညှိနှိုင်းပေးမည်ဟု ဝန်ကြီးမှပြောဆိုခဲ့သော်လည်း ယခုအချိန် ထိတစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ယာဉ်ပိုင်ရှင်များကဆိုသည်။

ပဲခူးမြို့တွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်း ၅ လိုင်းရှိကာ သုံးဘီးယာဉ် အစီးရေ ၅ဝဝ ခန့်ရှိပြီး ယင်းအနက်မှ အစိုးရ၏ညွှန်ကြားချက်အတိုင်း မော်တော်ယာဉ်လဲလှယ်ပြေးဆွဲမှု အစီး ၂ဝ သာရှိကြောင်း ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း များဘဝတိုးတက်မြင့်မားရေးအသင်းရှိ စာရင်းများအရ သိရသည်။

အထက်ပါအရေးကိစ္စစပ်လျှင်းပြီး ဒီဇင်ဘာ ၁၆ ရက်က ပဲခူးမြို့ရှိ စေတနာ့ အလင်းအိမ် ပညာဒါနသင်တန်း ကျောင်းတွင်ပြု၌ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများဘဝ တိုးတက်မြင့်မားရေဒအသင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြု လုပ်ခဲ့ပြီး သုံးဘီးမော်တော်ယာဉ်လိုင်းများအား ပဲခူးမြို့တွင်းသို့ ပြေးဆွဲနေခြင်းကို ဟံသာဝတီလေဆိပ်စီမံကိန်း ပြီးဆုံး ချိန်အထိ ဆက်လက် ပြေးဆွဲခွင့်ပြုရန် ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများဘဝ တိုးတက်မြင့်မားရေးအသင်းက တောင်းဆိုထားသည်။

မိုး​မြေ

Leave a Reply