EU မှ မြန်မာနိုင်ငံ၏ CMP လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် စက်​ရုံများသို့ ဝင်​​ရောက်​စစ်​​ဆေးခဲ့

0
177

ရန်ကုန်၊ မတ်လ ၁၉၊ ၂၀၁၈

EU မှ မြန်မာနိုင်ငံ၏ CMP လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုပြုလုပ်ရန် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာကို အကြောင်းပြ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများသို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လှိုင်​သာယာ၊ ရွှေလင်ပန်းစက်မှုဇုန် ဥက္ကဋ္ဌ
ဦး​အေး​သောင်းက​ပြောသည်​။

ယ​နေ့ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်​သည့်
အခွန်သက်သာခွင့် အစီအစဉ်ရွှေ့ဆိုင်းပါက စီးပွားရေးပြိုလဲနိုင်သည့် အကျိုးဆက်များ ရှင်းလင်းတင်ပြပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

လက်ရှိတွင် EU မှ အရေးပိတ်ဆို့မှု ပြု လုပ်ရန် ရခိုင်ပြည်နယ် ပြဿ
နာအပြင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်ရှင်၊ အ လုပ်သမားများ အကြားဖြစ်ပေါ်နေသော အငြင်းပွားမှုများနှင့် တိုက်ဆိုင်နေခြင်းဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံ၏ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာစံချိန်စံညွှန်းအတိုင်းလိုက်နာ၍ ပြည်တွင်း CMP လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်​​ကြောင်း၎င်းက​ပြောသည်​။

“ဒီကိစ္စဖြစ်နေတာကတော့ အနောက်တံခါး စဖြစ်ကတည်းကပါ။ လော်ဘီ လုပ်တဲ့ သူတွေ က ဘယ်အပိုင်းကို လော်ဘီလုပ်လည်း ကျွန်တော်တို့ မကြည့်မိတော့ မသိပါဘူး ။ ဒီအပိုင်းကို အကြောင်းပြပြီးတော့ သူ တို့ စက်မှုဇုန်တွေကို အဓိက ထားလာတာပါ။ ကျွန်တော်တို့ဆီ ဝင်လာတာ ကတော့ နှစ်လ၊ သုံးလရှိပါပြီ။ ကျွန်တော်တို့ စက်မှုဇုန်တွေကို လေ့လာ တယ်။ဆွေးနွေးတယ်။ မေးတယ်။ ထောက်လှမ်းတယ်။ ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်တယ်။ လမ်းမှာရှိတဲ့ အလုပ်သမားတွေ ကိုလည်း တစ်ယောက်ချင်း ခေါ်ပြီးမေးတာ ကြာပါပြီ။ အခုမှစက်ရုံတွေကို တရားဝင် ဝင်တာပါ။” ဟု ၎င်းက​ပြောသည်။

ရခိုင်​​ဒေသ၌ ဖြစ်ပေါ်နေသော ပြဿနာများအပေါ် လောဘီပြုလုပ်သူ အချို့ကြောင့် စက်ရုံ၊ အလုပ်ရုံများ၌ လူ့အခွင့်ရေးချိုးဖောက် မှုများရှိနေသည်ဟုအ​ကြောင်းပြကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရွှေလင်ပန်းစက်မှုဇုန် အပါအဝင် အခြားစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံမှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုEU သံအမတ်ကြီး ဦးဆောင် သည့်​ အရေး ယူပိတ်ဆို့မှုပြုလုပ်ရန် အဆိုတင်သွင်း ထောက်ခံသော အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ ပါဝင်​သော စစ်ဆေးရေးအဖွဲ့အနေဖြင့် မေးခွန်းများ မေးမြန်း၍ ယင်းကိစ္စရပ်များ မတွေ့ရှိဟူသော အဖြေရလဒ်ထွက်ပေါ်လာကြောင်း သိရသည်။

“ကျွန်တော်တို့ အခုအဲ့ဒါကို စိုးရိမ်နေတာ။ ပြည်တွင်းမှာ အခုဖြစ် နေတာတော့ ဆောက်လုပ်ရေး လုပ်ငန်းက အားမကောင်းဘူးဖြစ်နေတယ်။ အခုရခိုင်အေ ရးခင်းဖြစ်တဲ့အခါကြတော့ ပြည်ပက ပါ ဖိအားတွေ ဝင်လာတယ်။ အခု EU ကလည်း ပြန်ပြီးသုံးသပ်နေတယ်။ အခုလာမဲ့ ၂၀၁၈ မှာ ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာဖို့ ခက်တယ်။ ပြည်တွင်းမှာ လုပ်ငန်းရှင်တွေကအလုပ်တွေ ရပ်မယ်။ ပြည်ပက လာမဲ့သူတွေကလည်း မလာတော့ဘူး ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပြဿနာရှိ လာနိုင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီအခြေအနေတွေကို ပိုပြီး အာရုံစိုက်ရမယ်လို့ မြင်ပါတယ်။” ဟု မြန်မာနိုင်ငံမော်တော်ယာဉ်​ ထုတ်လုပ်၊ ဖြန့်ဖြူး ​ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်းမှာ EU ဈေးကွက်သို့ ၉၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်​ အားကိုးနေရသည့်အချိန်၌ ယင်းလုပ်ငန်းများ ရပ်ဆိုင်းသွားပါက အဆိုပါလုပ်ငန်းအပေါ် မှီခိုနေသည့် အလုပ်သမား ၅ သိန်းဝန်းကျင်မှာ အလုပ်လက်မဲ့ဖြစ်သွားနိုင်ကြောင်း သိရသည်။

ထို့ပြင် EU အနေဖြင့် ရခိုင်ပြည်နယ် ပြဿနာကြောင့် မြန်မာ-EU နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချု ပ် ချုပ်ဆိုရန်လည်း ယာယီရပ်ဆိုင်းထားသည့်​အပြင်​ အမေရိကန် နိုင်ငံ၏ စီးပွားရေး အရေးယူပိတ်ဆို့မှုကိုလည်း နှစ်ပေါင်းများစွာ ရင်ဆိုင်နေရခြင်းဖြစ်ကာ ၂၀၁၆ ခုနှစ်မှစတင်၍ ယင်းအရေးယူမှုကို ဖြေလျော့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply