၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံမဖြစ်ခဲ့ရင် အခွင့်အရေး ရှိတော့မည် မဟုတ်ဟု မက်ဆီဆို

0
157

မတ် ၁၉ ၊ ၂၀၁၈

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအနေနဲ့ ချန်ပီယံ မဖြစ်ခဲ့ဘူးဆိုရင် နောက်ဘယ်တော့မှ ချန်ပီယံမဖြစ်တော့ဘူးလို့ မက်ဆီက ဆိုပါတယ်။

မက်ဆီအပါအ၀င် အာဂျင်တီးနားအသင်းမှာ ပါဝင်နေတဲ့ ကစားသမား တွေဖြစ်ကြတဲ့ အဂူရို ၊ ဟီဂူအင် ၊ ဒီမာရီယာ ၊ အော်တာမန်ဒီ နဲ့ မာရှေးယာနိုတို့ဟာ အသက်အရွယ်အားဖြင့် ကြီးရင့်လာခဲ့ကြပြီ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ အဆိုပါ ကစားသမားတွေကို အမာခံထား၍ ဖွဲ့စည်းထားပြီး ယင်းကစားသမား တွေအနေနဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာသာ ဗိုလ်မစွဲနိုင်တော့ဘူးဆိုရင် ယခုလို အခွင့်အရေးမျိုး နောက်ထပ် ထပ်ရတော့မှာ မဟုတ်ဘူးလို့ မက်ဆီက သတိပေးလိုက်ခြင်း ဖြစ်ပါတယ်။

မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ၊ ၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိက ဖလားတွေမှာ ဗိုလ်လုပွဲကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့ပေမယ့် ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ကြရပါတယ်။ ဒါကြောင့် ယခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူဦးဆောင်တဲ့ အာဂျင်တီးနား အသင်းအနေနဲ့ ချန်ပီယံဆုရရှိအောင် နိုင်ငံအသင်းအတွက် စွမ်းဆောင် ပေးလိုခြင်းဖြစ်ပါတယ်။

“ကျွန်တော် ငိုခဲ့ရတဲ့ အကြိမ်တွေ အများကြီးရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ နိုင်ငံအတွက် ချန်ပီယံဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဆုဖလား မရခဲ့တဲ့အတွက်ပါ။ကျွန်တော်တို့ နိုင်ငံအသင်းအတွက် ဗိုလ်လုပွဲကို ၃ ကြိမ်ရောက်ဖူးတယ်။ ဒါပေမယ့် ချန်ပီယံဖြစ်အောင် သူတို့ကို ကျွန်တော် မကူညီနိုင်ခဲ့ဘူး။ဒီကိစ္စတွေအတွက် ကျွန်တော်တို့ အရမ်းခံစားရပါတယ်။ အခုပြိုင်ပွဲဟာ နောက်ဆုံးအခွင့်အရေးပါ”လို့ မက်ဆီက ဆိုပါတယ်။

ဘာစီလိုနာနဲ့အတူ ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ယခုအခါ အသက် ၃၀ ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ နိုင်ငံအသင်းအတွက် အနားယူပြီးမှ တစ်ကျော့ပြန်လည် ကစားပေးခဲ့ပြီး ဗိုလ်လုပွဲတွေနဲ့ ပတ်သက်လာရင် နိုင်ငံအသင်းမှာ ကံခေနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

NN

Leave a Reply