ျပည္သူ႔အခြန္ေငြကို မျဖဳန္းလိုေသာေၾကာင့္ ေရြးေကာက္ပဲြမဝင္ေတာ့ဟု ဘရာဇီးအမတ္တစ္ဦးဆို

0
185

ဘရာစီးလ်ား ။ဒီဇင္ဘာ ၈ ။၂၀၁၇။

ဘရာဇီးႏိုင္ငံ၌ ျပည္သူ႔ကုိ္ယ္စားလွယ္ေလာင္းအျဖစ္ ေရြးေကာက္ပဲြဝင္ခဲ့ၿပီး မဲမ်ားစြာရရွိကာ ေရြးေကာက္ခံခဲ့ရသည့္ လူျပက္တစ္ဦးသည္ အမ်ားျပည္သူ၏ အခြန္ေငြမ်ားကို ျဖဳန္းလိုျခင္းမရွိေတာ့ေသာေၾကာင့္ လႊတ္ေတာ္အမတ္အျဖစ္ ေရြးေကာက္ပဲြထပ္ဝင္ေတာ့မည္မဟုတ္ေၾကာင္း ထုတျ္ပန္လိုက္ၿပီျဖစ္သည္။

တီရီရီကာဟု သိၾကသည့္ ဖရန္စစၥကိုအီဗာရာဒိုအိုလီဗီရာေဆလ္ဗာသည္ ေအာက္လႊတ္ေတာ္အမတ္အျဖစ္ ဒုတိယသက္တမ္းကို ထမ္းေဆာင္ခဲ့ၿပီးျဖစ္သည္။ လႊတ္ေတာ္အမတ္ ၅၀၀ ဦးအနက္ ၎အပါအဝင္ ရွစ္ဦးသာ လႊတ္ေတာ္အစည္းအေဝးမ်ားကုိ ပံုမွန္တက္ေရာက္ေလ့ရွိေၾကာင္း တီရီရီကာကေျပာဆုိခဲ့သည္။ အျခားလႊတ္ေတာ္အမတ္မ်ား၏အျပဳအမူေၾကာင့္ အရွက္ရခဲ့ရၿပီး လူျပက္တစ္ဦးအျဖစ္သာ အခ်ိန္ျပည့္ လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း တီရီရီကာကေျပာဆုိခဲ့သည္။

“ကၽြန္ေတာ္တို႔ ႏုိင္ငံအက်ိဳးေဆာင္ဖို႔အတြက္ လစာရေနတာ၊ ဒါေပမဲ့ လူတုိင္းက အလုပ္မလုပ္ဘူးဗ်၊ ေအာက္လႊတ္ေတာ္အမတ္ ၅၁၃ ဦးရွိတယ္၊ အဲဒီထဲက ရွစ္ဦးပဲ လႊတ္ေတာ္အစည္းအေဝးပံုမွန္တက္တယ္။အဲဒီထဲမွာ ဆပ္ကပ္လူျပက္ျဖစ္တဲ့ ကၽြန္ေတာ္လည္းပါပါတယ္” ဟု တီရီရီကာက ပထမဆံုးေရြးေကာက္ခံခဲ့ရသည့္ ၂၀၁၀ ခုႏစ္မွစၿပီး ပထမဆံုးေျပာဆိုသည့္ မိန္႔ခြန္းတြင္ထည့္သြင္းေျပာဆုိခဲ့သည္။

လႊတ္ေတာ္အမတ္အျဖစ္ ခုႏွစ္တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ႏုိင္ငံအက်ိဳးအတြက္ ထိေရာက္စြာလုပ္ေဆာင္ႏုိင္ျခင္းမရွိခဲ့ေၾကာင္း၊ လႊတ္ေတာ္တြင္း ထိုင္ေနျခင္းသာရွိခဲ့ေၾကာင္း တီရီရီကာက ရွစ္မိနစ္ၾကာမိန္႔ခြန္းတြင္ထည့္သြင္းေျပာဆုိခဲ့သည္။

တီရီရီကာသည္ မဲဆႏၵရွင္မ်ားၾကားတြင္ လူႀကိဳက္မ်ားခံရသူျဖစ္သည္။ ပိုၿပီးအေျခအေန မဆိုးႏုိင္ ဟု ေၾကြးေၾကာ္ကာ မဲဆြယ္ခဲ့သည့္ တီရီရီကာသည္ ၂၀၁၀ ခုႏွစ္တြင္ ဆႏၵမဲ ၁ ဒသမ ၃ သန္းရရွိခဲ့သည္။ တီရီရီကာသည္ စာမဖတ္တတ္၊ စာမေရးတတ္သူျဖစ္ေသာေၾကာင့္ လႊတ္ေတာ္အမတ္ရာထူးႏွင့္မထုိက္တန္ေၾကာင္း သတင္းစာတခ်ိဳ႕က ေဝဖန္ေရးသားခဲ့သည္။

သို႔ေသာ္ တီရီရီကာသည္ အေျခခံစာေရးစာဖတ္တတ္ေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ တရား႐ုံးတစ္႐ုံးက တီရီရီကာဘက္မွ ဆံုးျဖတ္ခ်က္ခ်ေပးခဲ့သည္။ တီရီရီကာသည္ ၂၀၁၄ ခုႏွစ္တြင္ ထပ္မံေရြးေကာက္ခံရၿပီး ေဆာ္ေပါလိုျပည္နယ္၌ မဲအမ်ားဆံုးရရွိသည့္ လႊတ္ေတာ္အမတ္အျဖစ္ ရပ္တည္ခဲ့သည္။

တီရီရီကာတစ္ဦးတည္းသာ လႊတ္ေတာ္အမတ္မ်ားအေပၚ အဆုိးျမင္ေနျခင္းမဟုတ္ေခ်။ အထက္ႏွင့္ ေအာက္လႊတ္ေတာ္ေခါင္းေဆာင္မ်ား အက်င့္ပ်က္ျခစားမႈျဖင့္ စံုစမ္းစစ္ေဆးခံေနရသျဖင့္ ဘရာဇီးႏုိင္ငံေရးသမားမ်ားအေပၚ ႏုိင္ငံသားမ်ား၏ယံုၾကည္မႈ လြန္စြာက်ဆင္းေနခဲ့သည္။ လႊတ္ေတာ္အမတ္မ်ား၏အလုပ္လုပ္ေဆာင္မႈ ဆိုးရြားသို႔မဟုတ္ လြန္စြာဆိုးရြား ဟု ဘရာဇီးႏုိင္ငံသား ၆၀ ရာခိုင္ႏႈန္းကေျပာဆိုခဲ့သည္ဟု ဒီဇင္ဘာ ၆ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ဒါတာဖိုဟာ စစ္တမ္းတြင္ေဖာ္ျပထားသည္။

Source:BBC

႐ိုးေျမ

ပုံစာ။ လႊတ္ေတာ္အမတ္ တီရီရီကာ သို႔မဟုတ္ ဖရန္စစၥကိုအီဗာရာဒိုအိုလီဗီရာေဆလ္ဗာ။

 

ဘရာစီးလျား ။ဒီဇင်ဘာ ၈ ။၂၀၁၇။

ဘရာဇီးနိုင်ငံ၌ ပြည်သူ့ကို်ယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပြီး မဲများစွာရရှိကာ ရွေးကောက်ခံခဲ့ရသည့် လူပြက်တစ်ဦးသည် အများပြည်သူ၏ အခွန်ငွေများကို ဖြုန်းလိုခြင်းမရှိတော့သောကြောင့် လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲထပ်ဝင်တော့မည်မဟုတ်ကြောင်း ထုတြ်ပန်လိုက်ပြီဖြစ်သည်။

တီရီရီကာဟု သိကြသည့် ဖရန်စစ္စကိုအီဗာရာဒိုအိုလီဗီရာဆေလ်ဗာသည် အောက်လွှတ်တော်အမတ်အဖြစ် ဒုတိယသက်တမ်းကို ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ လွှတ်တော်အမတ် ၅၀၀ ဦးအနက် ၎င်းအပါအဝင် ရှစ်ဦးသာ လွှတ်တော်အစည်းအဝေးများကို ပုံမှန်တက်ရောက်လေ့ရှိကြောင်း တီရီရီကာကပြောဆိုခဲ့သည်။ အခြားလွှတ်တော်အမတ်များ၏အပြုအမူကြောင့် အရှက်ရခဲ့ရပြီး လူပြက်တစ်ဦးအဖြစ်သာ အချိန်ပြည့် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း တီရီရီကာကပြောဆိုခဲ့သည်။

“ကျွန်တော်တို့ နိုင်ငံအကျိုးဆောင်ဖို့အတွက် လစာရနေတာ၊ ဒါပေမဲ့ လူတိုင်းက အလုပ်မလုပ်ဘူးဗျ၊ အောက်လွှတ်တော်အမတ် ၅၁၃ ဦးရှိတယ်၊ အဲဒီထဲက ရှစ်ဦးပဲ လွှတ်တော်အစည်းအဝေးပုံမှန်တက်တယ်။အဲဒီထဲမှာ ဆပ်ကပ်လူပြက်ဖြစ်တဲ့ ကျွန်တော်လည်းပါပါတယ်” ဟု တီရီရီကာက ပထမဆုံးရွေးကောက်ခံခဲ့ရသည့် ၂၀၁၀ ခုနစ်မှစပြီး ပထမဆုံးပြောဆိုသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။

လွှတ်တော်အမတ်အဖြစ် ခုနှစ်တာဝန်ထမ်းဆောင်ချိန်အတွင်း နိုင်ငံအကျိုးအတွက် ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လွှတ်တော်တွင်း ထိုင်နေခြင်းသာရှိခဲ့ကြောင်း တီရီရီကာက ရှစ်မိနစ်ကြာမိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့သည်။

တီရီရီကာသည် မဲဆန္ဒရှင်များကြားတွင် လူကြိုက်များခံရသူဖြစ်သည်။ ပိုပြီးအခြေအနေ မဆိုးနိုင် ဟု ကြွေးကြော်ကာ မဲဆွယ်ခဲ့သည့် တီရီရီကာသည် ၂၀၁၀ ခုနှစ်တွင် ဆန္ဒမဲ ၁ ဒသမ ၃ သန်းရရှိခဲ့သည်။ တီရီရီကာသည် စာမဖတ်တတ်၊ စာမရေးတတ်သူဖြစ်သောကြောင့် လွှတ်တော်အမတ်ရာထူးနှင့်မထိုက်တန်ကြောင်း သတင်းစာတချို့က ဝေဖန်ရေးသားခဲ့သည်။

သို့သော် တီရီရီကာသည် အခြေခံစာရေးစာဖတ်တတ်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် တရားရုံးတစ်ရုံးက တီရီရီကာဘက်မှ ဆုံးဖြတ်ချက်ချပေးခဲ့သည်။ တီရီရီကာသည် ၂၀၁၄ ခုနှစ်တွင် ထပ်မံရွေးကောက်ခံရပြီး ဆော်ပေါလိုပြည်နယ်၌ မဲအများဆုံးရရှိသည့် လွှတ်တော်အမတ်အဖြစ် ရပ်တည်ခဲ့သည်။

တီရီရီကာတစ်ဦးတည်းသာ လွှတ်တော်အမတ်များအပေါ် အဆိုးမြင်နေခြင်းမဟုတ်ချေ။ အထက်နှင့် အောက်လွှတ်တော်ခေါင်းဆောင်များ အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသဖြင့် ဘရာဇီးနိုင်ငံရေးသမားများအပေါ် နိုင်ငံသားများ၏ယုံကြည်မှု လွန်စွာကျဆင်းနေခဲ့သည်။ လွှတ်တော်အမတ်များ၏အလုပ်လုပ်ဆောင်မှု ဆိုးရွားသို့မဟုတ် လွန်စွာဆိုးရွား ဟု ဘရာဇီးနိုင်ငံသား ၆၀ ရာခိုင်နှုန်းကပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဒါတာဖိုဟာ စစ်တမ်းတွင်ဖော်ပြထားသည်။

Source:BBC

ရိုးမြေ

ပုံစာ။ လွှတ်တော်အမတ် တီရီရီကာ သို့မဟုတ် ဖရန်စစ္စကိုအီဗာရာဒိုအိုလီဗီရာဆေလ်ဗာ။

Leave a Reply