ပေါ့လ်ဘာဟာ မန်ယူအသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ပြင်သစ်နည်းပြပြော

0
141

မတ် ၂၀ ၊ ၂၀၁၈

ပြင်သစ်ကစားသမား ပေါ့လ်ဘာဟာ မန်ယူအသင်းမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ပြင်သစ်နည်းပြ ဒပ်ခ်ျချမ့်က ပြောလိုက်ပါတယ်။

ဒပ်ခ်ျချမ့်ဟာ ပေါ့လ်ဘာကို ကိုလံဘီယာ၊ရုရှားတို့နဲ့ကစားမယ့် ချစ်ကြည်ရေးခြေစမ်းပွဲအတွက် ပြင်သစ်လူစာရင်းမှာ ရွေးချယ်ထားပါတယ်။

ပေါ့လ်ဘာဟာ ၂၀၁၆ခုနှစ်က အီတလီကလပ် ဂျူဗင်တပ်ကနေ မန်ယူအသင်းကို ပြောင်းရွှေ့ ကြေး ပေါင်၈၉သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပါတယ်။မန်ယူအသင်းနဲ့ ပထမရာသီမှာ ယူရိုပါလိဂ်ဖလားနဲ့ ကာရာဘောင်းဖလားတွေရရှိအောင် စွမ်းဆောင်ခဲ့တဲ့ ပေါ့လ်ဘာဟာ လက်ရှိမှာတော့ မော်ရင်ဟိုရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။

ပေါ့လ်ဘာဟာ လက်ရှိမှာ မန်ယူအသင်းရဲ့ ပထမဦးစားပေးကစားသမားဘဝကနေ ချန်လှပ်ခံနေရတဲ့အတွက် မပျော်မရွှင်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နွေရာသီအပြောင်းအရွှေ့ မှာ မန်ယူကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေသူဖြစ်ပါတယ်။
“သူဟာ မပျော်မရွှင်ဖြစ်နေပါတယ်။ ကျွန်တော် သတင်းတွေ ကြားရပါတယ်။ ဘာကြောင့် အခုလိုဖြစ်နေသလဲတော့ မသိဘူး။ ကြားရတာကတော့ မန်ယူရဲ့ လူထုတ်ပုံတွေအတွက် သူစိတ်ညစ်နေတာပါ”လို့ ဒပ်ခ်ျချမ့်က ဆိုပါတယ်။

ပေါ့လ်ဘာဟာ FAဖလား ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံထားရပါတယ်။မတ်လ ၃၁ရက်နေ့မှာ ကစားမယ့် ဆွမ်ဆီးနဲ့ပွဲစဉ်မှာတော့ ပြန်ပါလာဖွယ်ရှိနေပါတယ်။

NN

Leave a Reply