အေမရိကန္သမၼတထရမ့္၏ေဝဖန္မႈကုိ အက္ဖ္ဘီအုိင္အႀကီးအကဲ ခုခံေခ်ပ

0
202

ဝါရွင္တန္။ ဒီဇင္ဘာ ၈။၂၀၁၇။

ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးျဗဴ႐ို( အက္ဖ္ဘီအိုင္) ၏အႀကီးအကဲ ခရစၥတိုဖာ ေရးသည္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အက္ဖ္ဘီအုိင္ကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့မႈႏွင့္ပတ္သက္ၿပီး ခုခံေခ်ပလိုက္ၿပီျဖစ္သည္။

ေရးသည္ေအာက္လႊတ္ေတာ္တရားေရးေကာ္မတီ၏ၾကားနာစစ္ေဆးမႈကိုခံယူရင္း ခုခံေျပာ ဆုိခဲ့ျခင္းျဖစ္သည္။ အက္ဖ္ဘီအိုင္ထက္ ပိုမိုေကာင္းမြန္ေသာအဖဲြ႕အစည္းမရွိေတာ့ေၾကာင္း ေရးကေျပာဆုိခဲ့သည္။ အက္ဖ္ဘီအုိင္၏ဂုဏ္သိကၡာသည္ စုတ္ျပတ္ေနၿပီျဖစ္ေၾကာင္း ထရမ့္က မၾကာေသးမီတြင္ ေဝဖန္ေျပာဆုိခဲ့သည္။

၂၀၁၆ခုႏွစ္အေမရိကန္သမၼတေရြးေကာက္ပဲြမဲဆြယ္စည္း႐ုံးမႈကာလ အတြင္းထရမ့္၏မဲဆြယ္စည္း႐ုံးမႈအဖဲြ႕ဝင္မ်ားႏွင့္႐ုရွားေထာက္လွမ္းေရးတုိ႔ၾကား အဆက္အသြယ္ရွိခဲ့ျခင္းရွိမရွိကို အက္ဖ္ဘီအိုင္ အႀကီးအကဲေဟာင္း လည္းျဖစ္သလို အထူးစံုစမ္းစစ္ေဆးေရးမွဴးတာဝန္လည္းယူထားရသည့္ ေရာဘတ္ျမဴလာက စံုစမ္းစစ္ေဆးေနသည္။ ၎၏မဲဆြယ္စည္း႐ုံးမႈအဖဲြ႕ဝင္မ်ား ႐ုရွားႏွင့္ ပတ္သက္မႈမရွိခဲ့ေၾကာင္း ထရမ့္ကေျပာဆုိခဲ့သည္။

“အက္ဖ္ဘီအုိင္ထက္ ပိုေကာင္းတဲ့ အဖဲြ႕အစည္းမရွိေတာ့ဘူး၊ အဲဒီမွာ အလုပ္လုပ္ေနတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြထက္ ပိုမိုထက္ျမက္ထူးခၽြန္ၿပီး ေကာင္းမြန္သူမရွိေတာ့ဘူူး” ဟု ေရးက ေျပာဆုိခဲ့သည္။

ေရးသည္ ဒီဇင္ဘာ ၇ ရက္ နံနက္ပိုင္းတြင္ ေကာ္မတီေရွ႕၌ ထြက္ဆုိခ့ဲျခင္းျဖစ္သည္။ ေကာ္မတီဝင္မ်ားသည္ ျမဴလာ၏ စံုစမ္းစစ္ေဆးမႈအဖဲြ႕ဝင္ေဟာင္း အက္ဖ္ဘီအုိင္ တန္ျပန္ေထာက္လွမ္းေရး အရာရွိ ပတီတာစထာေဇာ့အား စစ္ေၾကာေမးျမန္းခဲ့သည္။

၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပဲြမဲဆြယ္စည္း႐ုံးမႈအတြင္း စထာေဇာ့သည္ ေဒၚနယ္ထရမ့္ႏွင့္ပတ္သက္ၿပီးအဆိုးျမင္သည့္စာသားမက္ေဆ့ဂ်္မ်ားကိုေရးသားခဲ့မႈအတြက္ ယခုႏွစ္ ေႏြရာသီတြင္ စံုစမ္းစစ္ေဆးေရးအဖဲြ႕မွ ဖယ္ရွားခံခဲ့ရသည္။စထာေဇာ့သည္ထရမ့္၏အမ်ိဳးသားလံုၿခံဳေရးအႀကံေပးအရာရွိေဟာင္း မိုက္ကယ္ဖလင္းကို ေတြ႕ဆံုေမးျမန္းမႈႏွင့္ ဟီလာရီ ကလင္တန္ ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခ်ိန္တြင္ ပုဂၢလိကအီးေမးလ္အသံုးျပဳခဲ့မႈကို စုံစမ္းစစ္ေဆးရာတြင္ ပါဝင္ခဲ့သူျဖစ္သည္။

အက္ဖ္ဘီအိုင္အဖဲြ႕တြင္း ဘက္လိုက္မႈမ်ားရွိမရွိႏွင့္ပတ္သက္ၿပီး လႊတ္ေတာ္အမတ္မ်ားက ေရးကိုေမးျမန္းခဲ့ျခင္းျဖစ္သည္။ အဖဲြ႕အစည္းတိုင္းသည္ အမွားမ်ားကိုက်ဴးလြန္တတ္ေသာ္္လည္း အက္ဖ္ဘီအုိင္အဖဲြ႕တြင္း လြတ္လပ္ၿပီး အမွီအခိုကင္းသည့္ လုပ္ငန္းလည္ပတ္မႈျဖစ္စဥ္ရွိေနသျဖင့္ အမွားက်ဴးလြန္သည့္ အဖဲြ႕ဝင္မ်ားကို ၎တို႔၏လုပ္ရပ္အတြက္ တာဝန္ယူခုိင္းမႈမ်ားရွိေနေၾကာင္း ေရးက တုံ႔ျပန္ေျပာဆုိခဲ့သည္။

ျမဴလာက စထာေဇာ့ကို ရာထူးမွဖယ္ရွားခဲ့ၿပီးေနာက္ ထရမ့္သည္ အက္ဖ္ဘီအိုင္ကို ေဝဖန္ေျပာဆုိခဲ့ျခင္းျဖစ္သည္။ “အက္ဖ္ဘီအိုင္ရဲ႕ ဂုဏ္သတင္းက စုတ္ျပတ္ေနတာပဲ၊ သမိုင္းတစ္ေလွ်ာက္ အဆိုးဆံုးပဲ၊ ဒါေပမဲ့ မစိုးရိမ္ၾကပါနဲ႔ ဂုဏ္သတင္းျပန္ေကာင္းေအာင္လုပ္ေပးမွာပါ” ဟု ထရမ့္က တြစ္တာ၌ ေရးသားခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးျဗဴ႐ို( အက္ဖ္ဘီအိုင္) ၏အႀကီးအကဲ ခရစၥတိုဖာ ေရး။

 

ဝါရှင်တန်။ ဒီဇင်ဘာ ၈။၂၀၁၇။

ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗြူရို( အက်ဖ်ဘီအိုင်) ၏အကြီးအကဲ ခရစ္စတိုဖာ ရေးသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အက်ဖ်ဘီအိုင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့မှုနှင့်ပတ်သက်ပြီး ခုခံချေပလိုက်ပြီဖြစ်သည်။

ရေးသည်အောက်လွှတ်တော်တရားရေးကော်မတီ၏ကြားနာစစ်ဆေးမှုကိုခံယူရင်း ခုခံပြော ဆိုခဲ့ခြင်းဖြစ်သည်။ အက်ဖ်ဘီအိုင်ထက် ပိုမိုကောင်းမွန်သောအဖွဲ့အစည်းမရှိတော့ကြောင်း ရေးကပြောဆိုခဲ့သည်။ အက်ဖ်ဘီအိုင်၏ဂုဏ်သိက္ခာသည် စုတ်ပြတ်နေပြီဖြစ်ကြောင်း ထရမ့်က မကြာသေးမီတွင် ဝေဖန်ပြောဆိုခဲ့သည်။

၂၀၁၆ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုကာလ အတွင်းထရမ့်၏မဲဆွယ်စည်းရုံးမှုအဖွဲ့ဝင်များနှင့်ရုရှားထောက်လှမ်းရေးတို့ကြား အဆက်အသွယ်ရှိခဲ့ခြင်းရှိမရှိကို အက်ဖ်ဘီအိုင် အကြီးအကဲဟောင်း လည်းဖြစ်သလို အထူးစုံစမ်းစစ်ဆေးရေးမှူးတာဝန်လည်းယူထားရသည့် ရောဘတ်မြူလာက စုံစမ်းစစ်ဆေးနေသည်။ ၎င်း၏မဲဆွယ်စည်းရုံးမှုအဖွဲ့ဝင်များ ရုရှားနှင့် ပတ်သက်မှုမရှိခဲ့ကြောင်း ထရမ့်ကပြောဆိုခဲ့သည်။

“အက်ဖ်ဘီအိုင်ထက် ပိုကောင်းတဲ့ အဖွဲ့အစည်းမရှိတော့ဘူး၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေထက် ပိုမိုထက်မြက်ထူးချွန်ပြီး ကောင်းမွန်သူမရှိတော့ဘူူး” ဟု ရေးက ပြောဆိုခဲ့သည်။

ရေးသည် ဒီဇင်ဘာ ရ ရက် နံနက်ပိုင်းတွင် ကော်မတီရှေ့၌ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ကော်မတီဝင်များသည် မြူလာ၏ စုံစမ်းစစ်ဆေးမှုအဖွဲ့ဝင်ဟောင်း အက်ဖ်ဘီအိုင် တန်ပြန်ထောက်လှမ်းရေး အရာရှိ ပတီတာစထာဇော့အား စစ်ကြောမေးမြန်းခဲ့သည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွင်း စထာဇော့သည် ဒေါ်နယ်ထရမ့်နှင့်ပတ်သက်ပြီးအဆိုးမြင်သည့်စာသားမက်ဆေ့ဂျ်များကိုရေးသားခဲ့မှုအတွက် ယခုနှစ် နွေရာသီတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဖယ်ရှားခံခဲ့ရသည်။စထာဇော့သည်ထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း မိုက်ကယ်ဖလင်းကို တွေ့ဆုံမေးမြန်းမှုနှင့် ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပုဂ္ဂလိကအီးမေးလ်အသုံးပြုခဲ့မှုကို စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

အက်ဖ်ဘီအိုင်အဖွဲ့တွင်း ဘက်လိုက်မှုများရှိမရှိနှင့်ပတ်သက်ပြီး လွှတ်တော်အမတ်များက ရေးကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့အစည်းတိုင်းသည် အမှားများကိုကျူးလွန်တတ်သော််လည်း အက်ဖ်ဘီအိုင်အဖွဲ့တွင်း လွတ်လပ်ပြီး အမှီအခိုကင်းသည့် လုပ်ငန်းလည်ပတ်မှုဖြစ်စဉ်ရှိနေသဖြင့် အမှားကျူးလွန်သည့် အဖွဲ့ဝင်များကို ၎င်းတို့၏လုပ်ရပ်အတွက် တာဝန်ယူခိုင်းမှုများရှိနေကြောင်း ရေးက တုံ့ပြန်ပြောဆိုခဲ့သည်။

မြူလာက စထာဇော့ကို ရာထူးမှဖယ်ရှားခဲ့ပြီးနောက် ထရမ့်သည် အက်ဖ်ဘီအိုင်ကို ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အက်ဖ်ဘီအိုင်ရဲ့ ဂုဏ်သတင်းက စုတ်ပြတ်နေတာပဲ၊ သမိုင်းတစ်လျှောက် အဆိုးဆုံးပဲ၊ ဒါပေမဲ့ မစိုးရိမ်ကြပါနဲ့ ဂုဏ်သတင်းပြန်ကောင်းအောင်လုပ်ပေးမှာပါ” ဟု ထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗြူရို( အက်ဖ်ဘီအိုင်) ၏အကြီးအကဲ ခရစ္စတိုဖာ ရေး။

Leave a Reply