နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြောင်းလဲမှုကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများစွာ ရှိနေဟုရန်​ကုန်​တိုင်​ဝန်​ကြီးချုပ်​​ပြော

0
140

ရန်​ကုန်​၊ မတ်​လ ၂၀၊ ၂၀၁၈

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပြောင်းလဲမှုကြောင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းများစွာ ရှိနေကြောင်းရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရ အဖွဲ့ ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ယ​နေ့ ဆူး​လေရှန်​ဂရီလာဟိုတယ်​၌ ပြုလုပ်​သည့်​ မြန်​မာနိုင်​ငံ၏ အ​ခြေခံအ​ဆောက်​အအုံဆိုင်​ရာ နှီး​နှောဖလှယ်ပွဲတွင်​ ၎င်းက​ပြောကြား ခဲ့ခြင်းဖြစ်​သည်​။

“အခုဆို နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုဥပ​ဒေကလဲ ပြု ပြင်​​ပြောင်းလဲသွားခဲ့ပြီးဖြစ်​ပါတယ်​။ဒါ​ကြောင့်​ရင်းနှီးမြှုပ်​နှံသူ​တွေအတွက်​ အခွင့်​လမ်း​ကောင်း​များစွာရှိတယ်​လို့​ပြောပါရ​စေ။ အ​ခြေခံအ​ဆောက်​အအုံကဏ္ဍနှင့်​ပတ်​သက်​ရင်​လဲ ရန်​ကုန်​တိုင်းတစ်ခုထဲမှာတင်​ ကန်​ ​ဒေါ်လာ ၅ဘီလီယံ​လောက်​တည်​​ဆောက်​ရမယ့်​ လုပ်​ငန်း​တွေများစွာရှိ​နေပါတယ်​။”ဟု၎င်းက​​ပြောသည်​​။

အ​ခြေခံအ​ဆောက်​အအုံဟုဆိုရာတွင်​ လမ်း​တံတားတည်​​ဆောက်ရေးလုပ်​ငန်း​များ၊​ဆောက်​လုပ်​​ရေးကဏ္ဍတွင်​ အိမ်​ရာစီမံကိန်း၊ မြို့ပြစီမံကိန်းများရှိပြီး ပို့​ဆောင်​ဆက်​သွယ်​​ရေးကဏ္ဍတွင်​ ​ရေ​ကြောင်း​၊​လေ​ကြောင်း၊ရထားလမ်း စသည့်​ကဏ္ဍများကို အဖက်​ဖက်​မှ ဖွံ့ဖြိုးတိုးတက်​​အောင်​​ဆောင်​ရွက်​ရမည့်
လုပ်​ငန်း​များစွာရှိ​နေ​ကြောင်း ၎င်းက​ပြောသည်​။

မြန်​မာနိုင်​ငံသည်​ ပင်​လယ်​ကမ်းရိုးတန်းရှည်​လျားစွာရှိပြီး ​ရေနက်​ဆိပ်​ကမ်း​များ၊ပင်လယ်ဆိပ်ကမ်းများ တည်ရှိနိုင်သည့်​ ​နေရာ​ဒေသ တစ်ခုတွင် ရှိ​သော ကြောင့်​ အ​ခြေခံအ​ဆောက်​အအုံတည်​​ဆောက်​​ရေးလုပ်​ငန်းကဏ္ဍနယ်​ပယ်​အတွင်းမှာများစွာ​သော အလားအလာ​ကောင်း​များ ရှိသည့်​ ဧရိယာ တစ်ခုဖြစ်​​ကြောင်း ၎င်းက​ဆိုသည်​။

“စီးပွား​ရေးလုပ်​ငန်း​တွေကို မြန်​မာနိုင်​ငံမှာလာ​ရောက်​ရင်းနှီးမြှုပ်​နှံမယ်​ဆိုရင်​ လွယ်​ကူ​ချော​မွေ့ပြီး​တော့ အာမခံမှုရှိ​စေနိုင်​တဲ့ ဥပ​ဒေ ၊နည်းဥပ​ဒေ​တွေနဲ့ အညီ အကာအကွယ်​​ပေးနိုင်​ဖို့တွက်​ပြုပြင်​​ပြောင်းလဲမှု​တွေကိုစတင်​ ​ဆောင်​ရွက်​ ​နေတဲ့အ​ခြေ​နေဖြစ်ပါတယ်။ ​မြန်မာနိုင်ငံဟာအ​ရှေ့​တောင်အာရှ ​ဒေသကြီးတစ်ခုလုံးနဲ့ အာရှ​ဒေသအတွင်းမှာ ကြည့်​မယ်​ဆိုရင်​ အဓိကကျတဲ့ ဧရိယာမှာ ရှိ​နေတာပဲဖြစ်​ပါတယ်​။”ဟုဦးဖြိုးမင်းသိန်းက ​ပြောသည်​။

ယင်းအခြေ​နေ​အားလုံးကို အ​ခြေပြု ပြီး မြန်​မာနိုင်​ငံ၏ စီးပွား​ရေး ဖွံဖြိုး တိုးတက်​​ရေးအတွက်​ ကြိုးပမ်း​ဆောင်​ရွက်​ကြရမည်​ဖြစ်​ပြီး လက်​ရှိ အစိုးရသစ်​၂နှစ်​တာ ကာလအတွင်း ပြု ပြင်​​ပြောင်းလဲမှု​များစွာကို ​ဆောင်​ရွက်​​လျှက်​ရှိ​ကြောင်း​သိရသည်​။

“ရန်​ကုန်​မြို့ရဲ့အထပ်​မြင့်​အ​ဆောက်​အဦးတစ်ခု​ပေါ်က​နေကြည့်​ရင်​ ရန်​ကုန်​မြို့မှာရာ​ပေါင်းများစွာ​သောအ​ဆောက်အဦကြီး​တွေတည်​​ဆောက်​ ​နေတာကို ​တြွေု့မင်​ရမှာဖြစ်​ပါတယ်​။ရန်​ကုန်​ဟာ အလားအလာ​ကောင်း​သော တကယ့်​ကို ​ရှေး​ဟောင်းအ​မွေအနှစ်​​တွေနဲ့စိမ်းလန်းပြီး ​နေချင်​စဖွယ်​စီးပွား​ရေး မြို့​တော်​ကြီးအဖြစ်​နဲ့ တည်​​ဆောက်​​နေတာဖြစ်​ပါတယ်​။”ဟု၎င်း က​ပြောသည်​။

ရန်​ကုန်​မြို့ကို အ​ခြေပြု ပြီး မြန်​မာတစ်​နိုင်​ငံလုံး ဖွံဖြိုးတိုးတက်​​ရေး အတွက်​ အ​​ခြေခံအ​ဆောက်​အအုံကဏ္ဍ ဖွံဖြိုးတိုးတက်​​ရေးနယ်​ပယ်တွင်​​အားလုံး ပူး​ပေါင်း​ဆောင်​ရွက်​နိုင်​သည့်​ အခွင့်​လမ်း​ကောင်း​များ ရှိ​နေ​သော​ကြောင့်​ ယင်း အခွင့်​လမ်း​များကို အသုံးပြု ၍ မြန်​မာနိုင်​ငံ၏ ဖွံဖြိုးတိုးတက် ​​ရေး ကို ​ဆောင်​ရွက်​နိုင်​သကဲ့သို့ မိမိ၏စီးပွား​ရေး ဖွံဖြိုးတိုးတက်​​ရေးအတွက်​လည်း ​ဆောင်​ရွက်​နိုင်​သည့်​အ​ခြေ​နေတွင်​ရှိေ​န​ကြောင်း​၎င်းကဆိုသည်​။

ဝေ​ဝေဖြိုး

Leave a Reply