သနပ်ပင်မြို့နယ်​အတွင်းရှိ​​ထိုင်​​ရေးခက်​ခဲသူများကို ဝါးအိမ် ​အလုံး ၂ဝဝ ​ကျော်​တည်​​ဆောက်​ ​ပေးမည်

0
226

သနပ်​ပင်​၊ မတ်​ ၂ဝ၊ ၂ဝ၁၈

ပဲခူးတိုင်း​ဒေသကြီး သနပ်​ပင်​မြို့နယ်​အတွင်းရှိ ​ကျေးရွာ​များမှ ​နေထိုင်​​ရေး အခက်​အခဲရှိသူများအား ဝါးဖြင့်​တည်​​ဆောက်​သည့်​အိမ်​အလုံး​ပေါင်း ၂ဝဝ ​ကျော်​အား တည်​​ဆောက်​​ပေးသွားမည်​ဖြစ်​​ကြောင်း Habitat For Huminity International Myanmar-HFHI အဖွဲ့ထံမှ သတင်းရရှိသည်​။

ထိုသို့တည်​​ဆောက်​​ပေးရာတွင်​ အမှန်​တကယ်​​နေထိုင်​​ရေးအခက်​အခဲရှိသူများကိုသာ စာရင်း​ကောက်​ယူခဲ့ပြီး သက်​ဆိုင်​ရာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ထောက်​ခံချက်​ပါရှိရန်​လိုအပ်​ပြီး ​မြေပိုင်​ဆိုင်​သူများကိုသာ တည်​​ဆောက်​​ပေး​နေခြင်းဖြစ်​​ကြောင်း အဆိုပါအဖွဲ့က ဆိုသည်​။

“ကျွန်​မတို့အ​နေနဲ့ သနပ်​ပင်​မြို့နယ်​ကို အဓိကထားပြီး စီမံကိန်းအ​ကောင်​အထည်​​ဖော်​တဲ့အခါမှာ တစ်​ကယ်​လိုအပ်​တဲ့သူ​တွေ ကို ​နေထိုင်​​ရေး အဆင်​​ပြေ​စေဖို့ ရည်​ရွယ်​လုပ်​​ဆောင်​​နေခြင်းဖြစ်​ပါတယ်​။ စီမံကိန်းကာလ အ​နေနဲ့ ၂ဝ၂ဝ အထိ​စီမံချက်​​ရေးဆွဲထားပါတယ်​” ဟု HFHI မှ သနပ်​ပင်​မြို့နယ်​စီမံကိန်းတာဝန်​ခံ ​ဒေါ်စုမြတ်​နိုင်​က ​ပြောသည်​။

လက်​ရှိအ​ခြေအ​နေ၌ သနပ်​ပင်​မြို့နယ်​အတွင်းမှ​နေထိုင်​​ရေးခက်​ခဲ သည့်​​ပြည်​သူများအား ဝါးအိမ်​များတည်​​ဆောက်​​ပေးလျှက်​ရှိရာတွင်​ ၂ဝ၁၇ ခုနှစ်​ကုန်​ပိုင်းက ​နေအိမ်​ ၃၅ လုံးနှင့်​ ယခုလတတိယ ပတ်​အထိ ​နေအိမ်​ ၁၃ လုံးနှင့်​ စုစု​ပေါင်း ၄၈ လုံးအထိ​တည်​​ဆောက်​ပြီးစီးခဲ့ပြီ ဖြစ်​​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

“သူတို့က ​မြေကွက်​အပိုင်​ရှိတဲ့သူ​တွေကိုပဲ ​ဆောက်​​ပေးတယ်​လို့သိရပါ တယ်​။ လက်​ရှိ ကျွန်​​တော်​တို့မိသားစုအတွက်​ ​ဆောက်​လုပ်​​ပေးတဲ့ အခါမှာ လည်း ​ငွေး​ကြေးတစ်​စုံတစ်​ရာ​ပေးရတာမျိုးမရှိပါဘူး။ ​ဆောက်​လုပ်​တဲ့ အလုပ်​သမား စရိတ်​ကအစ အဲဒီအဖွဲ့က တာဝန်​ယူ​ပေးတာဖြစ်​တဲ့အတွက်​ ကျွန်​​တော်​တို့လို အိမ်​မ​ဆောက်​နိုင်​သူ​တွေအတွက်​ အများကြီး အဆင်​​ပြေ ပါတယ်​” ဟု သနပ်​ပင်​မြို့နယ်​ ကံကုန်း​ကျေးရွာမှ ဦးမြတ်​စံက ​ပြောသည်​။

အထက်​ပါအဖွဲ့အစည်း၏ တည်​​ဆောက်​​ပေးမှုအရ ကံကုန်း​ကျေးရွာအတွင်း ဝါးအိမ်​ ၂ဝ ​ကျော်​အထိရှိပြီဖြစ်​ကာ ​နေအိမ်​နှင့်​အတူ မိုး​ရေ​လှောင်​ကန်​အပါအဝင်​ ​ရေ​လောင်းအိမ်​သာတို့ကိုပါ တွဲဖက်​တည်​​ဆောက်​​ပေးခြင်းဖြစ်​သည်​ဟု ၎င်းက ရှင်းပြသည်​။

HFHI အဖွဲ့မှ ပဲခူးတိုင်း​ဒေသကြီးအတွင်းရှိ သနပ်​ပင်​မြို့နယ်​မှ ​ကျေးရွာ​နေ ပြည်​သူများအတွက်​ ဝါးအိမ်​တည်​​ဆောက်​​ရေးစီမံကိန်းများအ​ကောင်​အထည်​​ဖော်​လျှက်​ရှိရာတွင်​ ၂ဝ၂ဝ ခုနှစ်​အ​ရောက်​တွင်​ အိမ်​အလုံး ၂ဝဝ ​ကျော်​အထိ​ဆောက်​လုပ်​​ပေးနိုင်​ရန်​​မျှော်​မှန်းထားပြီး စီမံကိန်းအတွက်​ အ​မေရိကန်​​ဒေါ်လာ ၁ ဒသမ ၅ သန်းအထိအသုံးပြုရန်​လျာထား​ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်​။

မိုး​မြေ

Leave a Reply