လီဗာပူးလ်တိုက်စစ်မှူး ဆာလပ်ကို ရီးရဲ ၊ဘာကာနဲ့ PSG တို့မှ ပေါင်သန်း ၂၀၀ ဖြင့် ခေါ်ယူရန် ကြံစဉ်နေ

0
189

မတ် ၂၀ ၊ ၂၀၁၈

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလပ်ဟာ ရီးရဲမက်ဒရစ် ၊ဘာစီလိုနာနဲ့ PSG တို့ရဲ့ နွေရာသီပစ်မှတ် ဖြစ်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ အထိ အသုံးပြုဖို့ စီစဉ်နေကြပါတယ်။
ဆာလပ်ဟာ လီဗာပူးလ်နဲ့ ယခုနှစ်ဘောလုံရာသီမှာ ပြိုင်ပွဲအစုံ ၄၃ ပွဲကစားထားပြီး သွင်းဂိုး ၃၇ ဂိုးအထိ သွင်းယူထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ သွင်းဂိုးစွမ်းရည်ဟာ ဥရောပ အင်အားကြီး ဘောလုံးအသင်းတွေအတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။ဒါပေမယ့်လည်း လီဗာပူးလ်နည်းပြ ကလော့ကတော့ သူ့ရဲ့ ကစားသမားကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တောင် အန်ဖီးလ်ကနေ ထွက်ခွာခွင့် မပေးဘူုးလို့ အသိပေးထားပါတယ်။

လက်ရှိမှာတော့ ဥရောပရဲ့ အင်အာကြီး အသင်း ၃ သင်းဟာ ဆာလပ်ကို ခေါ်ယူဖို့ ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။ အဆိုပါ အသင်းတွေထဲမှာတော့ နေမာလိုကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၁၉၈သန်းအထိ ပေးချေပြီး ခေါ်ယူထားတဲ့ PSG အသင်း ပါဝင်နေတာကတော့ ဂျာကင်ကလော့ရဲ့ ဆန္ဒတွေကို ပြည့်ဝစေမှာ မဟုတ်ပါဘူး။

မိုဟာမက် ဆာလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ လီဗာပူးလ်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲမှာ သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူပြီး ဥရောပ လိဂ်ပေါင်းစုံမှာ သွင်းဂိုးအများဆုံး တိုက်စစ်မှူး အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ကို ကနဦးအလိုရှိနေခဲ့ပြီး ယခုအခါ ဘာစီလိုနာအသင်မှ ပစ်မှတ်ထားနေသော လီဗာပူးလ် တိုက်စစ်မှူး ဆာလပ်ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားလာခြင်း ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ဆာလပ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပြီး ဆာလပ်အနေနဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ဖို့အတွက် သင်ယူစရာတွေ သက်သေပြစရာတွေ အများကြီးရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

NN

Leave a Reply