ပဲခူးတိုင်းအတွင်း ​​အမှုလက်​ကျန်​များ​ကြောင့် တရားလွှတ်​​တော်​တရားသူကြီးတစ်​ဦး ထပ်​မံခန့်​အပ်

0
184

ပဲခူး၊ မတ်​ ၂ဝ၊ ၂ဝ၁၈။

ပဲခူးတိုင်း​ဒေသကြီးအတွင်းရှိ တရား​ရေးဌာနများ၌ စစ်​​ဆေးရန်​လိုအပ်​သည့်​အမှုလက်​ကျန်​များကြောင့် တိုင်းတရားလွှတ်​​တော်​တွင်​တာဝန်​ထမ်း​ဆောင်​ရန်​ တရားသူကြီးတစ်​ဦးထပ်​မံခန့်​အပ်​လိုက်​​ကြောင်း အဆိုပါတရားလွှတ်​​တော်​ရုံးမှ သတင်းရရှိသည်​။

ထိုသို့ တရားသူကြီးသစ်​တစ်​ဦးခန့်​အပ်​နိုင်​​ရေးအတွက်​ တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဦးဝင်းသိန်းက နဝမပုံမှန်​အစည်းအ​ဝေး ဒသမ​နေ့တွင်​လွှတ်​​တော်​၌အဆိုပြုတင်​ကာ အမည်​စာရင်းတင်​သွင်းခဲ့သည်​ကို လွှတ်​​တော်​မှအတည်​ပြု​ပေးခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။

“ကျွန်​​တော်​တို့က လက်​ရှိအ​ခြေအ​နေမှာ ဖွဲ့စည်းပုံအင်​အားရဲ့ တစ်​ဝက်​​တောင်​မပြည့်​မီဘဲနဲ့ စစ်​​ဆေးမှု​တွေပြုလုပ်​ရတဲ့အခါမှာ အမှု​တွေ ကမပြီးပြတ်​ဘဲ ကျန်​​နေပါတယ်​။ ဒါကို တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ရဲ့ အဆိုပြု​ပေးမှုနဲ့ အခုလိုမျိုး တိုးချဲ့ခန့်​အပ်​နိုင်​ခဲ့တာပါ” ဟု ပဲခူးတိုင်း​ဒေသကြီး တရားလွှတ်​​တော်​မှ တိုင်းဦးစီးမှူးဦးမြင့်​ဆန်းက ​ပြောသည်​။

တိုင်း​ဒေသကြီးအတွင်း ဖြစ်​ပွားခဲ့​သော ရာဇဝတ်​မှုများနှင့်​ တရားမမှုများအား စစ်​​ဆေးကြား နာမှု များပြုလုပ်​ခဲ့ရာတွင်​ ၂ဝ၁၇ ဒီဇင်​ဘာလကုန်​အထိ
စစ်​​ဆေးရန်​ကျန်​သည့်​အမှုများအနက်​ ရာဇဝတ်​မှု ၃၁၈ မှု၊ တရားမမှု ၃ဝဝ ​ကျော်​ အသီးသီး စစ်​​ဆေးရန်​ကျန်​ရှိ​နေ​ကြောင်း ၎င်းက ဆက်​​ပြောသည်​။

“ပုဒ်မ၃၀၈(က)မှာတိုင်းဒေသကြီးတရားလွှတ်တော်တွင် ​​တရားသူကြီး အနည်းဆုံး(၃)ဦးမှ(၇)ဦး ထိခန့်အပ်နိုင်တယ်လို့ပါပါတယ်။ လက်ရှိပဲခူး တိုင်းဒေသကြီးတရားလွှတ်တော်မှာက(၃)ဦး ထဲရှိပါတယ်။တစ်ဦးထပ်တိုး ပြီးတာဝန်ပေး အပ်တာပါ။အမှုလက်ကျန်တွေများနေလို့ ထပ်ခန့်အပ် တာဝန်ပေးအပ်တာပါ”ဟုပဲခူးတိုင်းဒေသကြီးလွှတ်တော်မှဒုတိယဥက္ကဋ္ဌ
ဦးကြည်​ဇင်​ကပြောသည်။

ဝန်​ကြီးချုပ်​မှ အဆိုပြုခဲ့သည့်​ ​တိုင်းတရားလွှ​တ်​​တော်​တရားသူကြီး ​ဒေါ်
ခင်​မာ​ဆွေသည်​ ဧရာဝတီ တိုင်း​ဒေသကြီး ​မြောင်းမြခရိုင်​တရားသူကြီး အဖြစ်​ တာဝန်​ထမ်း​ဆောင်​​ခဲ့သူဖြစ်​​ကြောင်း တိုင်း​ဒေသကြီး တရား လွှတ်​​တော်​ ထံမှသိရသည်​။

မိုး​မြေ

Leave a Reply