ၾသစေၾတးလ်၌ လိင္တူလက္ထပ္မႈဥပေဒၾကမ္းကို ဥပေဒအျဖစ္ အတည္ျပဳလက္မွတ္ေရးထုိး

0
184

ကင္ဘာရာ ဒီဇင္ဘာ ၈။ ၂၀၁၇။

ၾသစေၾတးလ်ေအာက္လႊတ္ေတာ္ရွိ အမတ္မ်ားက တစ္ညီတစ္ညြတ္တည္း မဲေပးေထာက္ခံခဲ့ၿပီးေနာက္ တစ္ရက္အၾကာ ဒီဇင္ဘာ ၈ ရက္တြင္ လိင္တူလက္ထပ္မႈဆုိင္ရာဥပေဒၾကမ္းကုိ ၾသစေၾတးလ်အုပ္ခ်ဳပ္ေရးမွဴး ပီတာေကာ့စ္ဂ႐ုိ႕ဗ္က ဥပေဒအျဖစ္ အတည္ျပဳလိုက္မွတ္ေရးထုိး ေပးလိုက္ၿပီျဖစ္သည္။

လက္မွတ္ေရးထိုးပဲြၿပီးေနာက္တြင္ ၾသစေၾတးလ်ႏုိင္ငံတစ္ဝန္းရွိ လိင္တူလက္ထပ္မႈကိုေထာက္ခံသူမ်ားသည္ သက္တံေရာင္ အလံမ်ားကိုကိုင္စဲြျခင္း၊ သက္တံေရာင္ဝတ္စံုမ်ားကို ဝတ္ဆင္ျခင္းတို႔ကုိ ျပဳလုပ္ၿပီး ေအာင္ပဲြဆင္ႏဲြခဲ့သည္။ ၾသစေၾတးလ်ႏုိင္ငံ၏ဥပေဒတစ္ခုအျဖစ္ ရပ္တည္သြားၿပီျဖစ္ေၾကာင္း ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ မယ္လ္ကြမ္းတန္းဘူး ကေျပာဆိုခဲ့သည္။ ဥပေဒသည္ ဒီဇင္ဘာ ၈ ရက္ သန္းေခါင္ယံမွစၿပီး သက္ေရာက္မႈရွိမည္ျဖစ္ေၾကာင္း ေျပာဆုိခဲ့သည္။

ၾသစေၾတးလ်၌ လိင္တူစံုတဲြမ်ားသည္ လက္ထပ္လိုေၾကာင္း တစ္လႀကိဳတင္အေၾကာင္းၾကားရမည္ျဖစ္ေသာေၾကာင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီတြင္ ပထမဆံုးလက္ထပ္ပဲြမ်ားကို က်င္းပမည္ျဖစ္သည္။ ျပည္ပရွိ ၾသစေၾတးလ်ႏုိင္ငံသားလိင္တူစံုတဲြမ်ား၏လက္ထပ္မႈကုိလည္း ၾသစေၾတးလ်တြင္ အသိအမွတ္ျပဳမည္ျဖစ္သည္။

ၾသစေၾတးလ်ႏို္င္ငံသားမ်ားက လိင္တူလက္ထပ္မႈကို စာတုိက္မွတစ္ဆင့္ မဲေပးေထာက္ခံခ့ဲၿပီးေနာက္ ဥပေဒၾကမ္းကို လႊတ္ေတာ္သို႔ တင္သြင္းခဲ့ျခင္းျဖစ္သည္။ လက္ထပ္မႈ၊ အခ်စ္၊ ေလးစားမႈႏွင့္ စိတ္ႏွစ္ျမႇဳပ္လုပ္ကိုင္မႈတို႔အတြက္ ၾသစေၾတးလ်ႏုိင္ငံသားမ်ားသည္ ေထာက္ခံမဲေပးခဲ့ၿပီျဖစ္ေၾကာင္း တန္းဘူးကေျပာဆုိခဲ့သည္။

လက္ထပ္ထိမ္းျမားမႈဆိုင္ရာဥပေဒကို ျပင္ဆင္ႏုိင္ျခင္းသည္ ၎၏အစုိးရလက္ထက္တြင္ အႀကီးက်ယ္ဆံုးေသာ ေအာင္ျမင္မႈျဖစ္ေၾကာင္း တန္းဘူးကေျပာဆိုခဲ့သည္။ သို႔ေသာ္ အစိုးရအဖဲြ႕တြင္း သေဘာထားကဲြျပားမႈမ်ားေၾကာင့္ ဥပေဒၾကမ္းကုိ အတည္ျပဳရန္ ေႏွာင့္ေႏွးခဲ့ရေၾကာင္း ေဝဖန္မႈမ်ားရွိခဲ့သည္။

ၾသစေၾတးလ်ႏုိင္ငံသား ၆၁ ဒသမ ၆ ရာခိုင္ႏႈန္းက လိင္တူလက္ထပ္မႈကိုေထာက္ခံေၾကာင္း ဆႏၵမဲေပးခဲ့ၿပီးေနာက္ လက္ထပ္ထိမ္းျမားမႈဥပေဒကို ျပင္ဆင္ျဖည့္စြက္သည့္ ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္သို႔ လြန္ခဲ့ေသာလတြင္ တင္သြင္းခဲ့ျခင္းျဖစ္သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ၾသစေၾတးလ်ရွိ လိင္တူခ်စ္သူမ်ား ေအာင္ပဲြခံခဲ့စဥ္။

 

ကင်ဘာရာ ဒီဇင်ဘာ ၈။ ၂၀၁၇။

သြစတြေးလျအောက်လွှတ်တော်ရှိ အမတ်များက တစ်ညီတစ်ညွတ်တည်း မဲပေးထောက်ခံခဲ့ပြီးနောက် တစ်ရက်အကြာ ဒီဇင်ဘာ ၈ ရက်တွင် လိင်တူလက်ထပ်မှုဆိုင်ရာဥပဒေကြမ်းကို သြစတြေးလျအုပ်ချုပ်ရေးမှူး ပီတာကော့စ်ဂရို့ဗ်က ဥပဒေအဖြစ် အတည်ပြုလိုက်မှတ်ရေးထိုး ပေးလိုက်ပြီဖြစ်သည်။

လက်မှတ်ရေးထိုးပွဲပြီးနောက်တွင် သြစတြေးလျနိုင်ငံတစ်ဝန်းရှိ လိင်တူလက်ထပ်မှုကိုထောက်ခံသူများသည် သက်တံရောင် အလံများကိုကိုင်စွဲခြင်း၊ သက်တံရောင်ဝတ်စုံများကို ဝတ်ဆင်ခြင်းတို့ကို ပြုလုပ်ပြီး အောင်ပွဲဆင်နွဲခဲ့သည်။ သြစတြေးလျနိုင်ငံ၏ဥပဒေတစ်ခုအဖြစ် ရပ်တည်သွားပြီဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွမ်းတန်းဘူး ကပြောဆိုခဲ့သည်။ ဥပဒေသည် ဒီဇင်ဘာ ၈ ရက် သန်းခေါင်ယံမှစပြီး သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သြစတြေးလျ၌ လိင်တူစုံတွဲများသည် လက်ထပ်လိုကြောင်း တစ်လကြိုတင်အကြောင်းကြားရမည်ဖြစ်သောကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ပထမဆုံးလက်ထပ်ပွဲများကို ကျင်းပမည်ဖြစ်သည်။ ပြည်ပရှိ သြစတြေးလျနိုင်ငံသားလိင်တူစုံတွဲများ၏လက်ထပ်မှုကိုလည်း သြစတြေးလျတွင် အသိအမှတ်ပြုမည်ဖြစ်သည်။

သြစတြေးလျနို်င်ငံသားများက လိင်တူလက်ထပ်မှုကို စာတိုက်မှတစ်ဆင့် မဲပေးထောက်ခံခဲ့ပြီးနောက် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။ လက်ထပ်မှု၊ အချစ်၊ လေးစားမှုနှင့် စိတ်နှစ်မြှုပ်လုပ်ကိုင်မှုတို့အတွက် သြစတြေးလျနိုင်ငံသားများသည် ထောက်ခံမဲပေးခဲ့ပြီဖြစ်ကြောင်း တန်းဘူးကပြောဆိုခဲ့သည်။

လက်ထပ်ထိမ်းမြားမှုဆိုင်ရာဥပဒေကို ပြင်ဆင်နိုင်ခြင်းသည် ၎င်း၏အစိုးရလက်ထက်တွင် အကြီးကျယ်ဆုံးသော အောင်မြင်မှုဖြစ်ကြောင်း တန်းဘူးကပြောဆိုခဲ့သည်။ သို့သော် အစိုးရအဖွဲ့တွင်း သဘောထားကွဲပြားမှုများကြောင့် ဥပဒေကြမ်းကို အတည်ပြုရန် နှောင့်နှေးခဲ့ရကြောင်း ဝေဖန်မှုများရှိခဲ့သည်။

သြစတြေးလျနိုင်ငံသား ၆၁ ဒသမ ၆ ရာခိုင်နှုန်းက လိင်တူလက်ထပ်မှုကိုထောက်ခံကြောင်း ဆန္ဒမဲပေးခဲ့ပြီးနောက် လက်ထပ်ထိမ်းမြားမှုဥပဒေကို ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေကြမ်းကို အထက်လွှတ်တော်သို့ လွန်ခဲ့သောလတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ သြစတြေးလျရှိ လိင်တူချစ်သူများ အောင်ပွဲခံခဲ့စဉ်။

Leave a Reply