ရင်းနှီးမြှုပ်​နှံလိုသူ​များအတွက်​ တိကျသည့်​အချက်​လက်​​များ ​မေလတွင်​ ထုတ်​ပြန်​​ကြေညာမည်

0
164

ရန်​ကုန်​၊မတ်​လ ၂၀၊ ၂၀၁၈

ရန်​ကုန်​တိုင်း​​ဒေသကြီးအစိုးရမှ ရန်​ကုန်​မြို့ကို အ​ခြေပြု ပြီး မြန်​မာနို​င်​ငံတစ်ဝှမ်းဖွံဖြိုးတိုးတက်​​ရေးနယ်ပယ်​​များ​ပေါ်၌ ရင်းနှီးမြှုပ်​နှံလိုသူ​များအတွက်​ ပိုမို တိကျသည့်​ အချက်​အလက်​​များကို လာမည့်
မေလတွင်​ ထုတ်​ပြန်​​ကြေညာသွားရန်​ ပြင်​ဆင်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

“အိမ်​ခန်း​တွေကို လိုချင်​တဲ့သူ ရာနဲ့ချီ၊ထောင်​နဲ့ချီ၊သိန်းနဲ့ချီပြီး ရှိ​နေပါတယ်​။ ရာနဲ့ချီဆိုတာ အဆင့်​မြင့်​အိမ်​ရာ​တွေ​အတွက်​နေထိုင်လိုသူ​တွေ ရှိနိုင်​ပါတယ်​။ ​ထောင်​နဲ့ချီဆိုတာ အလယ်​အလတ်​​သောသူများအတွက်​ ရှိ​နေ ပါတယ်​။သိန်းနဲ့ချီတဲ့အ​ခြေခံလူတန်းစား​တွေအတွက်​ ​နေထိုင်​စရာ၊ အခွင့်​ လမ်း​တွေများစွာလိုအပ်​​နေတဲ့နိုင်​ငံတခုဖြစ်​ပါတယ်​။ဒီအခွင်​အလမ်းဟာ စီးပွား​ရေးလုပ်​ငန်းရင်းနှီးမြှုပ်​နှံလိုသူ​တွေအတွက်​ ခွင့်​လမ်း​ကောင်းပဲဖြစ်​ပါတယ်​။”ဟု၎င်းက​ပြောသည်​။

လူဦး​ရေးတိုးတက်​များပြားလာသည်​နှင့်​အမျှ လူဦး​ရေ ၇ ဒသမ ၄သန်း​ကျော်​ရှိ​နေသည့်​ ရန်​ကုန်​မြို့သည်​ စီးပွား​ရေးအတွက်​ အ​ရေးကြီး​သော စိန်​​ခေါ်မှု​များရှိသကဲ့သို့ အခွင့်​အလမ်း​ပေါင်းများစွာလည်းရှိ​နေ​ကြောင်းသိရသည်​။

ထို့ပြင်​​ဆောက်​လုပ်​​ရေးလုပ်​ငန်းနယ်​ပယ်​ စနစ်​တကျဖွံဖြိုးတိုးတက်​ရန်​ အတွက်​ တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ စနစ်​တကျ​ ​ဆောင်​ရွက်​​နေပြီး မြန်​မာနိုင်​ငံ၏ စီးပွား​ရေး တည်ငြိမ်​မှုရနိုင်​​စေရန်​မှာ အိမ်​ခြံ​မြေလုပ်​ငန်း​​ပေါ်တွင်​သာ မူတည်​​ကြောင်း ၎င်းက​ပြောသည်​။

“ဘာ​ကြောင့်​လဲဆိုရင်​မြန်​မာနိုင်​ငံရဲ့စီးပွား​ရေးဖွံဖြိုးတိုးတက်​မှု စနစ်​တကျဖြစ်​လာ​စေဖို​အတွက်​ပါ။အိမ်​ခြံ​မြေ​ကြောင့်​စီးပွား​ရေး​နှောင့့်နှေးသွားတယ် ဆိုတာထက်​ အိမ်​ခြံ​မြေ​ကြောင့်​ မြန်​မာနိုင်​ငံရဲ့စီးပွား​ရေး မိုးပျံ ပူ​ဖောင်း​ပေါက်​သလို မဖြစ်​သွား​စေနိုင်​ဖို့အတွက်​ ထိန်းညှိလိုက်​တာပဲ ဖြစ်​ပါတယ်​။”ဟု ဝန်​ကြီးချုပ်​က​ပြောသည်​။

အိမ်​ခြံ​မြေကဏ္ဍ၏ လှုပ်​ခက်​မှုသည်​ မြန်​မာနိုင်​ငံ၏ စီးပွား​ရေးနှင့် ဘဏ်​ကဏ္ဍ​ဖွံဖြိုးတိုးတက်​မှု​များ၊ဘဏ်​​များ၏​ဆောင်​ရွက်​​နေရမှုအ​ခြေ​နေ​များ တောင့်​တင်းခိုင်​မာသွား​စေနိုင်​ရန်​အတွက်​ အစိုးရသစ်​တာဝန်​ယူခဲ့သည့်​ ၂နှစ်​တာကာလအတွင်း အိမ်​ခြံ​မြေ​အ​ခြေ​နေကိုထိန်းသိမ်းနိုင်ခဲ့​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

ရန်​ကုန်​၊မတ်​လ ၂၀၊ ၂၀၁၈

Leave a Reply