ဝေဖန်မှုတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ စီရော်နယ်ဒို 

0
167

မတ် ၂၀ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၇ ခုနှစ်အတွက် ပေါ်တူဂီအကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ သူ့ကို စာရင်းထဲကနေ ထုတ်ထားပါလို့ ပြောဆိုဝေဖန်မှုတွေကို ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

ပေါ်တူဂီအကောင်းဆုံး ကစားသမားဆု 2018 Quinas De Ouro Awardကို တနင်္လာနေ့မှာ ရော်နယ်ဒိုက ရရှိခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဒီဆုရတဲ့အတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ဒီဆုဟာ ကျွန်တော့်ရဲ့ ကစားဖော်တွေရဲ့ ပံ့ပိုးပေးမှုကြောင့် ရခဲ့တဲ့ ဆုပါ။၂၀၁၇ ခုနှစ်ဟာ အကောင်းဆုံး နှစ်တစ်ခုဖြစ်ခဲ့သလို ဘယ်တော့မှ မေ့လို့မရတဲ့ နှစ်လည်း ဖြစ်ခဲ့ပါပြီ။ ကျွန်တော်ဟာ ၅ကြိမ်မြောက် Ballon d’Or ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော့်မှာ သားသမီး ၄ယောက်အထိ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ဒါက ပြင်ပဘ၀အတွက် ရလဒ်တစ်ခုပါ”လို့ ရော်နယ်ဒိုက ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းကို ၂နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲအောင် ကြိုးစားပေးခဲ့တဲ့ အတွက် သူပရဲ့ ၅ကြိမ်မြောက် Ballon d’Or ဆုကို ထပ်မံရရှိခဲ့ပါတယ်။ 2018 Quinas De Ouro Award ဆုကိုတော့ ရော်နယ်ဒိုဟာ စပိုတင်းလစ္စဘွန်း ဂိုးသမား ယူရီပါထရီဆီယိုနဲ့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ ယခုဆုကို ရရှိခြင်းဟာ သူ့ဘ၀အတွက် အကောင်းဆုံးအရာတစ်ခုကို ပြန်လည်ရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ပေါ်တူဂီနိုင်ငံအတွက် အမြဲတိုက်ပွဲဝင်နေတဲ့သူတွေပါ။ကျွန်တော်ဟာ အကောင်းဆုံးဆိုတာ အမြဲတမ်းယုံကြည်နေပါတယ်။ ဒါပေမယ့် တခြားသူတွေက ကျွန်တော့်ရဲ့ အကောင်းဆုံးဆိုတာတွေကို ကွင်းထဲမှာ သက်သေထူခိုင်းပါတယ်။ဒါကြောင့် ကျွန်တော်ဟာ အမြဲတမ်း ကြိုးစားပြီး သက်သေပြနေသူပါ”လို့ ရော်နယ်ဒိုက ဆက်ပြောပါတယ်။

ရော်နယ်ဒိုဟာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ရီးရဲမက်ဒရစ်အသင်းအတွက် ၄၆ ပွဲ ကစားပြီး ၄၂ ဂိုးသွင်း ယူပေးခဲ့ပါတယ်။ယခုနှစ်ဘောလုံးရာသီမှာတော့ ၃၅ပွဲကစားပြီး ၃၇ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ သူဟာ ယခုတစ်ပတ်မှာ ကစားခဲ့တဲ့ ဂျီရိုနာနဲ့ ပွဲစဉ်မှာ သူ့အတွက် အကြိမ် ၅၀ မြောက် ဟက်ထရစ်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ စပိန်လာလီဂါအမှတ်ပေးပြိုင်ပွဲမှာ ဘာစီလိုနာရဲ့ ၁၅ မှတ်ဖြတ်ထားခြင်းကို ခံနေခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ယမန်နှစ်က ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ဖူးတဲ့ ဂျူဗင်တပ်အသင်းနဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

NN

Leave a Reply