သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်း အင်အား နှစ်ဆတိုး၍ ၀န်ဆောင်မှုပေးမည်

0
196

ရန်ကုန်၊မတ်၂၀၊၂၀၁၈

နှစ်စဉ်ဆင်နွဲလေ့ရှိသော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ပုံမှန် ထက် ပိုမိုဆောင်ရွက်ထားလေ့ရှိပြီး ၂၀၁၈ခုနှစ်သင်္ကြန်ပွဲတော် တွင် လည်းသာမာန်ထက် ကျန်းမာရေးဝန်ထမ်းအင်အားနှစ်ဆတိုး ချထား ကာဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီးမှသိရသည်။

သင်္ကြန်ကာလသည်သာမာန် အားဖြင့် ထိခိုက်ဒဏ်ရာဖြစ်ပွားမှု များရှိတတ် ပြီး အများပြည်သူရုံးပိတ်ရက်ဖြစ်ခြင်းကြောင့် အရေးပေါ်ထိခိုက်မှုများ ပေါ်ပေါက် လာပါက အချိန်မှီကုသမည့် အခြေအနေ များ ပြုလုပ်ပေး နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး ၀န်ထမ်းများအား အထူးတိုးချဲ့ တာဝန်ချထားခြင်းဖြစ်ကြောင်းသိရသည်။

“ပုံမှန်ဆိုရင်အရေးပေါ် ဌာနမှာရိုးရိုးအရေးပေါ်အနေနဲ့ လက်ထောက် ဆရာဝန်လေးတွေကို ၁၂ယောက်လောက်ချတယ်။ သင်္ကြန်ကာလဆိုရင် တော့ပုံမှန်ကာလထက် ၂၄ယောက်လောက် ချတယ်။ သင်္ကြန် ကာလ အတွက် အထူးတလည်ပြင်ဆင်ပြီးချတယ်။ ကျန်တဲ့အချိန်ဆိုရင်တော့ သူကday nightပေါ့ ၂၄နာရီဆိုရင်၎ယောက်ချရင် ၄ယောက်ပေါ့။ သင်္ကြန် ချိန်ဆို ၈ယောက်ဖြစ်သွားတာအဲ့ လိုမျိုးသဘောပဲ။ အရေးပေါ်ဌာနနှီးနွယ် ဌာနတွေဖြစ်တဲ့ အရိုးနဲ့ထိခိုက်ဌာန ခွဲစိတ်ကုသဌာန ဓာတ်ခွဲဓာတ်မှန် ဌာနတွေရှိတယ်။အဲ့ဒီဌာနတွေလည်းလှစ်ဟာမှု မရှိအောင် အမြဲပဲ တာဝန် ချထားပါတယ်။ “ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်သိင်္ဂီမြင့် ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၇သင်္ကြန်ကာလတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ လူနာပေါင်း၈၉၁ယောက် တက်ရောက် ကုသမှုရှိ ခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိမှုကြောင့်ဆေးရုံရောက်ရှိ သည့်ဦးရေ ထက် ယာဉ်တိုက်မှုဖြင့် ဆေးရုံရောက်ရှိမှုပို၍များကြောင်း သတင်းရရှိသည်။

“အရေးပေါ်ဌာနအတွက်သွေးကို သွေးဌာနက အနှောက် အယှက် အခက်အခဲမဖြစ် အောင်သင်္ကြန်ကာလအတွက် စုဆောင်း ပေးထား တာတွေရှိလို့ အခက်အခဲအရမ်းကြီးမရှိလောက်ပါဘူး။ အဓိက သင်္ကြန် ကာလက အပြည်သူလူထုအကုန်ပါဝင်ဆင်နွဲကြတဲ့ ပွဲတော်ဖြစ်လို့ အပျော်မကြူးကြဖို့နဲ့ ယာဉ်မောင်းနှင်တဲ့အခါမှာလည်းအရက်သေစာ သောက်စားပြီးမမောင်းကြဖို့သတိ ပေးချင်ပါတယ်။ ဘာကြောင့်မို့လဲ ဆိုတော့နှစ်တိုင်း နှစ်တိုင်းရောက်လာ တဲ့လူနာတွေကယာဉ်တိုက်မှု အရမ်းများတဲ့အတွက်ပါ။များသောအားဖြင့်အသက်သေဆုံးပြီးမှရောက် လာကြတဲ့အခါကျတော့အကယ်၍ဆိုင်ကယ်နဲ့လည်လို့ရှိရင်လည်းဦးထုပ်လေးစောင်းကြပါလို့အကြံဥာဏ်ပေးခြင်ပါတယ်။”ဟုဒေါက်တာခင်သိင်္ဂီမြင့်ကဆက်လက်ပြောသည်။

ပြီးခဲ့သည့်၂၀၁၇ခုနှစ်သင်္ကြန်သည် ၂၀၁၆ခုနှစ်သင်္ကြန်နှင့်နှိုင်းယှဉ် ပါက လူနာအရေအတွက် စုစုပေါင်းမှာ ၂၀၁၆ ခုနှစ်သင်္ကြန် ကာလ အတွင်း ဆေးရုံရောက်ရှိသည့်လူနာအရေအတွက်၁၀၀၅ယောက်ထက် ၂၀၁၇ခုနှစ် တွင် လျော့ကျမှုရှိကြောင်းဆေးရုံ တက်ရောက် သည့်လူနာအရေ အတွက် နှိုင်းယှဉ်ချက်အရသိရသည်။

မေစု

Leave a Reply