ရန်​ကုန်​စ​တော့အိပ်​ချိန်း အ​ရောင်းအဝယ်​ပြုလုပ်​သည့်​အကြိမ်​​ရေတိုးမြှင့်​မည်

0
233

ရန်​ကုန်​၊မတ်​လ ၂၀၊၂၀၁၈

ရန်​ကုန်​စ​တော့အိပ်​ချိန်း၏ လက်​ရှိအ​ရောင်း​အဝယ်​ပြုလုပ်​​နေသည့်​ အကြိမ်​​ရေ ၂ ကြိမ်​မှ ၄ ကြိမ်​အထိ တိုးမြှင့်​ခြင်းကို ယခုတစ်​ပတ်​ အတွင်း ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းရန်​ကုန်​စ​တော့အိပ်​ချိန်းမှသိရသည်​။

စ​တော့​ဈေးကွက်​အတွင်း ရင်းနှီးမြှုပ်​နှံသူအ​ရေအတွက်​ပိုမိုတိုးတက်​များပြားလာ​စေ​ရန်​နှင့်​ ​ဈေးကွက်​ပိုမိုသွက်​လက်​လာ​စေရန်​ ရည်​ရွယ်​၍ အကြိမ်​ကို တိုးမြှင့်​ခြင်းဖြစ်​​ကြောင်း ရန်​ကုန်​စ​တော့အိပ်​ချိန်းမှ အကြီးတန်းမန်​​နေဂျာဦးသက်​ထွန်းဦးက​ပြောသည်​။

“ရန်​ကုန်​စ​တော့အိပ်​ချိန်းအ​နေနဲ့ အကြိမ်​​ရေ တိုးမြှင့်​ဖို့ကို အဆင်​သင့်​ အ​နေ အထားကို ​ရောက်​ရှိ​နေပါပြီ။ မြန်​မာနိုင်​ငံ ​ငွေ​ချေးသက်​သေခံလက်​မှတ်​ လုပ်​ငန်းကြီးကြပ်​​ရေး​ကော်​မရှင်ကိုလဲ တင်​ထားပြီးပါပြီ။အတည်​ပြုချက်​ရရင်​ ဒီ တစ်ပတ်​အတွင်းမှာလုပ်​သွားပါမယ်​။”ဟု၎င်းကပြောသည်​။

အဆိုပါစ​တော့ရှယ်​ယာများကို နံနက်​ ၁၀နာရီ၊ ၁၁နာရီ၊၁၂နာရီနှင့်​ မွန်းလွဲ ၁နာရီတို့တွင်​အ​ရောင်းအဝယ်​များပြုလုပ်​သွားမည်​ဖြစ်​သည်​။လက်​ရှိရန်​ကုန်​စ​တော့​ဈေးကွက်​အတွင်း ပျမ်းမျှရှယ်​ယာအ​ရေအတွက်​ ၁ ရက်​လျှင်​ ၁​သောင်း ခန့့်​အ​ရောင်းအဝယ်​ဖြစ်​ပြီး ​ငွေပမာဏအ​နေဖြင့်​ သန်း ၈၀ ဝန်းကျင်​ခန့်​သာရှိ​ကြောင်းသိရသည်​။

“ထင်​ထားသ​လောက်​ အ​ရောင်းအဝယ်​က မသွက်​ဘူး။ အခုဖြစ်​​နေတဲ့ အ​ရောင်းအဝယ်​ထက်​ ပိုပြီး တိုးတက်​လာ​အောင်တိုးမြှင့်​ရတာဖြစ်​ပါတယ်​။ ၄ကြိမ်​တိုးလိုက်​တာနဲ့ တပြိုင်​ထဲ ​ဈေးနှုန်းကလဲ ၁ရက်​ထဲမှာ ၄မျိုးဖြစ်​သွားမယ်​။Coustermer ​တွေအ​နေနဲ့ ​ဈေးကွက်​မှာ ပိုပြီး​တော့ ပါဝင်​ပတ်​သက်​မှု ပိုများလာမယ်​။”ဟု ​ဦးသက်​ထွန်းဦးက​ပြောသည်​။

အ​ရောင်းအဝယ်​အကြိမ်​​ရေ တိုးမြှင့်​ရန်​ ​ငွေ​ချေးသက်​​သေခံလက်​မှတ်​ကုမ္ပဏီများနှင့်​နည်းပညာဆိုင်​ရာ စမ်းသပ်​မှုများ ​အောင်​မြင်​စွာပြုလုပ်​ခဲ့ပြီးဖြစ်​ပြီး ယင်းသို့ စမ်းသပ်​မှုမှရရှိလာသည့်​ရလဒ်​များကို သက်​ဆိုင်​ရာ
မိတ်​ဖတ်​အဖွဲ့အစည်းများဖြစ်​​သော Japan Exchange Group (JPX)၊ Daiwa Institute of Research (DIR) တို့နှင့်​ စိစစ်မှုများ ပြုလုပ်​ခဲ့
ကြောင်းသိရသည်​။

ငွေ​ချေးသက်​​သေခံလက်​မှတ်​ကုမ္ပဏီများကလည်း အ​ရောင်းအဝယ် ​ပြုလုပ်​သည့်​အကြိမ်​​ရေ၄ကြိမ်ကိုစတင်​​ဆောင်ရွက်ရန်အသင့်​အ​နေထားရှိ ​နေပြီ
ဖြစ်​​သော​ကြောင့်​ မြန်​မာနိုင်​ငံ ​ငွေ​ချေးသက်​သေခံလက်​မှတ်​ လုပ်​ငန်းကြီး ကြပ်​​ရေး​ကော်​မရှင်​၏ အတည်​ပြုချက်​ရရှိပါက စတင်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply