နောက်ဆုံးပေါ် နည်းပညာများပါဝင် ပြသမည့် ၉ကြိမ်မြောက် ကျောက်မျက်ပြပွဲပြုလုပ်မည်

0
135

ရန်ကုန်၊မတ်၂၀၊၂၀၁၈

နောက်ဆုံးပေါ် ဂျာမနီနိုင်ငံ၏ လက်ဝတ်ရတနာ ဖန်တီးမှု နည်းပညာများ ပါဝင်သည့် ၉ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကြီးကို ၄ ရက်တိုင် ကျင်းပပြု လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ အလံပြဘုရား လမ်းရှိ Park Royalဟိုတယ်တွင် မတ်လ၂၀ ရက်နေ့ (ယနေ့) ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှသိရသည်။

အဆိုပါ ပြပွဲကို မြန်မာ့ကျောက်မျက်ရတနာအရောင်းခန်းမ ကမ္ဘာအေး ဘုရားလမ်း၊ ရန်ကုန်မြို့တွင်မတ်လ၃၀ရက်မှ ဧပြီလ၂ရက်နေ့အထိ မနက်၉နာရီမှ ညနေ၅နာရီအထိပြု လုပ်သွားမည်ဟုသိရသည်။

“မြန်မာနိုင်ငံလာပြီးပြသတဲ့ကျောက်မျက်တွေကလှလို့ဝယ်ချင်လို့လာမေးနေတဲ့ သူတွေအများကြီးပဲရှိပါတယ်။ မြန်မာနိုင်ငံကကျောက်မျက် ရတနာ ထွက်ရှိမှုများပေမယ့် လက်ဝတ်ရတနာနဲ့ပတ်သက်ရင် ရှေးကျနေသေးလို့ နည်းပညာပိုင်းမှာအသစ်တွေဖြစ်လို့ ကျောက်မျက် လက်ဝတ် ရတနာပြုလုပ် တဲ့ စက်ပစ္စည်းအသစ်တွေကို လာရောက် ပြသပေးတာတွေ ပါဝင်ပါတယ်။” ဟု ပြပွဲစီစဉ်ဆောင်ရွက်မည့် Asia Connect ကုမ္ပဏီမှ Mr. Michael ကပြောသည်။

ပြပွဲတွင်ကျောက်မျက်ရတနာအချောထည် နှင့်အကြမ်းထည်များအား ပြသခြင်း နှင့်အတူ မြန်မာပြည်၏ တွင်းထွက်ပတ္တမြား၊ နီလာ၊ကျောက်စိမ်း အစရှိသော အဖိုးတန်ကျောက်မျက်များကို အခြားနိုင်ငံများမှစိန်များ ဖြင့် တွဲဖက် ဖန်တီးထားသောလက်ဝတ် ရတနာများအား နည်းပညာ အသုံးပြု ထုတ်လုပ်နိုင်သည့် အကြောင်းအရာများကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ လာရောက် လေ့လာကြရန် အထူးသင့်တော်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်း ရှင်များ အသင်း၏ဒုတိယအတွင်းရေးမှူး ဦးထွန်းလှအောင်ကပြောသည်။

၂၀၁၈ခုနှစ်၏ န၀မအကြိမ် မြောက်မြန်မာ့ကျောက်မျက် ရတနာပြပွဲကြီးတွင် မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ ဂျာမနီ နှင့် အိန္ဒိယ အစရှိသောနိုင်ငံပေါင်း ၅နိုင်ငံမှ ဆိုင်ခန်းပေါင်း၃၀ဖြင့် ခင်းကျင်းပြသ ရောင်းချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မေစု

Leave a Reply