အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႕ တိုင္ၾကားသည့္အမႈမ်ားတြင္ ၀န္ထမ္းမ်ားမွ လုပ္ပိုင္ခြင့္အာဏာကို အလြဲသံုးစားျပဳလုပ္ၿပီး လာဘ္စားမႈအမ်ားဆံုးေတြ႔ရ။

0
211

ေနျပည္ေတာ္။ဒီဇင္ဘာ ၈။၂၀၁၇။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကိုစတင္ဖြဲ႕စည္းခဲ့သည့္အခ်ိန္မွစ၍ လက္ရွိအခ်ိန္ထိ တိုင္ၾကားမႈမ်ား၌ ၀န္ထမ္းမ်ား၏ အာဏာ အလြဲသံုးစားျပဳလုပ္ၿပီး လာဘ္စားသည့္အမႈမ်ားကို အမ်ားဆံုးေတြ႕ရွိရေၾကာင္း ေကာ္မရွင္ ျပန္ၾကားေရးအဖြဲ ့ေခါင္းေဆာင္ ဦးဟန္ညႊန္္ ကေျပာသည္။

“ထိပ္တန္းလ်ိႈ ့၀ွက္ခ်က္သတ္မွတ္ထားတဲ႔ ကိစၥအခ်ဳိ႕ကုိေတာ႔ ဥပေဒစည္းကမ္းအရ မေျပာၾကားျခင္းျဖစ္ပါတယ္။ ေယဘုယ်ကေတာ႔ ၀န္ထမ္းမ်ားနဲ႕ပတ္သက္ပါတယ္ ။၀န္ထမ္းမ်ားဟာ မိမိတို႕ရဲ႕လုပ္ပိုင္ခြင့္အာဏာကို အစြဲျပဳၿပီးေတာ့ မိမိတို႕ရဲ႕ လုပ္ပိုင္ခြင့္အာဏာအေပၚ သက္ဆိုင္ရာျပည္သူ လူထုအေပၚ ၎ တို႕အေနနဲ႕လာဘ္ေပးလာဘ္ယူမႈ အဂတိလုိက္စားမႈ ျပဳခဲ႔တယ္ဆုိတဲ႔ အခ်က္ေတြျဖစ္ပါတယ္။ အထူးသျဖင္႔ေတာ႔ ၀န္ထမ္းပုိင္းနဲ႔ ပဲ ပတ္သက္တဲ႔ အမႈမ်ားျပားတယ္”ဟု ဦးဟန္ညႊန္႔ကေျပာသည္။

ဒီဇင္ဘာလ ၈ ရက္ေန႔က ေနျပည္ေတာ္ Kempinski ဟုိတယ္တြင္ အျပည္ျပည္ဆုိင္ရာ အဂတိလုိက္ စားမႈ တုိက္ဖ်က္ေရးေန႔ အခမ္းအနားကုိ က်င္းပျပဳလုပ္ခဲ႔ၿပီး အဆုိပါ အခမ္းအနားအၿပီး ဦးဟန္ညႊန္႔မွ ေျဖၾကားခဲ႔ျခင္းျဖစ္သည္္။

အခမ္းအနားကုိ ေကာ္မရွင္ ဥကၠဌႏွင္႔ အဖြဲ႔၀င္မ်ား၊ ၀န္ႀကီးမ်ား၊ ဒုတိယ၀န္ႀကီးမ်ား၊ လႊတ္ေတာ္ကုိယ္ စားလွယ္မ်ား၊ သံအမတ္ႀကီးမ်ား၊ UNODC ႏွင႔္ UNDP တုိ႔က ကုိယ္စားလွယ္မ်ား အျခား အဖြဲ႔အစည္းေတြက တာ၀န္ရွိသူေတြတက္ေရာက္ခဲ႔ၾကေၾကာင္း သိရွိရသည္။

အဂတိလုိက္စားမႈေလ်ာ႔နည္းပေပ်ာက္ေရးအတြက္ အသိပညာေပးျခင္းလုပ္ငန္းမ်ားႏွင္႔ သတိေပးျခင္း လုပ္ငန္းမ်ားကုိေကာ္မရွင္အသစ္ေနျဖင္႔ စတင္ေဆာင္ရြက္လုပ္ကိုင္ေနေၾကာင္း ေကာ္မရွင္ ဥကၠဌက ေျပာသည္။

“လုပ္ငန္းစဥ္အားျဖင့္ တစ္ဖက္က စစ္ေဆးမႈေတြလုပ္မယ္။ တစ္ဖက္က ပညာေပးလုပ္ငန္းေတြလုပ္မယ္။ ပညာေပးေရးက တကယ့္တကယ္ေတာ႔ လုိအပ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ႔ ျမန္မာျပည္ရဲ႕ လူေနမႈဘ၀မွာကုိက ဒီ အဂတိလုိက္စားမႈေတြကုိ က်ယ္က်ယ္ျပန္႔ျပန္႔ ပီပီျပင္ျပင္ ရွိေနေတာ႔ ဒါေတြ အားလုံးကုိ လုပ္သြားမွရမယ္။ အသိပညာေပးတဲ႔ အပုိင္းသတိေပးတဲ႔ အပုိင္းၿပီးတဲ႔အခါက်ေတာ႔ အေရးယူေဆာင္ရြက္တဲ႔ အပုိင္းေတြကုိ လုပ္သြားမယ္။ လက္ရွိမွာလုပ္ငန္းေတြ စတင္လုပ္ေဆာင္ေနပါတယ္” ေကာ္မရွင္ဥကၠဌ ဦးေအာင္ၾကည္က ေျပာသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို ၂၀၁၄ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၅ ရက္ေန႔တြင္ဖြဲ႕စည္းခဲ့ၿပီး ေကာ္မရွင္ရံုးအား ၂၀၁၄ ခုႏွစ္ မတ္လ ၃ ရက္ေန႔၌ စတင္ဖြင့္လွစ္ခဲ့ကာ ၂၀၁၇ ခုနွစ္ ေအာက္တိုဘာ လကုန္ထိ ေကာ္မရွင္သို႕တိုင္ၾကားလာသည့္အမႈေပါင္း ၄၃၅၃ မႈရွိေၾကာင္းသိရွိရသည္။

ေကာ္မရွင္သုိ႔ တုိင္ၾကားလာသည့္ တုိင္ၾကားစာမ်ားထဲ၌ ရန္ကုန္တုိင္းေဒသႀကီးႏွင္႔ မႏၱေလးတုိင္းေဒသႀကီး တုိ႔မွ တုိင္ၾကားစာအမ်ားဆုံးျဖစ္ၿပီး ရန္ကုန္တုိင္းေဒသႀကီးမွ ၁၁၂၈ ေစာင္ႏွင္႔ မႏၱေလးတုိင္းေဒသႀကီးမွ ၇၇၉ ေစာင္တုိင္ၾကားလာေၾကာင္း သိရွိရသည္။

ထုိအျပင္ ေနျပည္ေတာ္မွ ၁၆၁ ေစာင္၊ ကခ်င္ျပည္နယ္မွ ၄၇ ေစာင္၊ ကယားျပည္နယ္မွ ၈ ေစာင္၊ ကရင္ျပည္္နယ္မွ ၅၂ ေစာင္၊ ခ်င္းျပည္နယ္မွ ၂၆ ေစာင္၊ စစ္ကုိင္းတုိင္းမွ ၄၄၅ ေစာင္၊ တနသၤာရီမွ ၃၃ ေစာင္၊ ပဲခူးတုိင္းမွ ၄၆၅ ေစာင္၊ မေကြးတုိင္းမွ ၁၆၅ ေစာင္၊ မြန္ျပည္နယ္မွ ၂၁၅ ေစာင္၊ ရခုိင္ျပည္နယ္မွ ၆၂ ေစာင္၊ ရွမ္းျပည္နယ္မွ ၂၉၄ ေစာင္ႏွင္႔ ဧရာ၀တီတုိင္းမွ ၄၇၃ ေစာင္ တုိင္ၾကားမႈ ရွိခဲ႔ေၾကာင္း သိရွိရသည္။

ယဥ္ေကႏြယ္ (ေနျပည္ေတာ္)

နေပြည်တော်။ဒီဇင်ဘာ ၈။၂၀၁၇။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုစတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ တိုင်ကြားမှုများ၌ ၀န်ထမ်းများ၏ အာဏာ အလွဲသုံးစားပြုလုပ်ပြီး လာဘ်စားသည့်အမှုများကို အများဆုံးတွေ့ရှိရကြောင်း ကော်မရှင် ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန် ကပြောသည်။

“ထိပ်တန်းလျှို့ဝှက်ချက်သတ်မှတ်ထားတဲ့ ကိစ္စအချို့ကိုတော့ ဥပဒေစည်းကမ်းအရ မပြောကြားခြင်းဖြစ်ပါတယ်။ ယေဘုယျကတော့ ၀န်ထမ်းများနဲ့ပတ်သက်ပါတယ် ။၀န်ထမ်းများဟာ မိမိတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကို အစွဲပြုပြီးတော့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာအပေါ် သက်ဆိုင်ရာပြည်သူ လူထုအပေါ် ၎င်း တို့အနေနဲ့လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှု ပြုခဲ့တယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ အထူးသဖြင့်တော့ ၀န်ထမ်းပိုင်းနဲ့ ပဲ ပတ်သက်တဲ့ အမှုများပြားတယ်”ဟု ဦးဟန်ညွှန့်ကပြောသည်။

ဒီဇင်ဘာလ ၈ ရက်နေ့က နေပြည်တော် Kempinski ဟိုတယ်တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက် စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားအပြီး ဦးဟန်ညွှန့်မှ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ၀န်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ သံအမတ်ကြီးများ၊ UNODC နှင့် UNDP တို့က ကိုယ်စားလှယ်များ အခြား အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အဂတိလိုက်စားမှုလျော့နည်းပပျောက်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများနှင့် သတိပေးခြင်း လုပ်ငန်းများကိုကော်မရှင်အသစ်နေဖြင့် စတင်ဆောင်ရွက်လုပ်ကိုင်နေကြောင်း ကော်မရှင် ဥက္ကဌက ပြောသည်။

“လုပ်ငန်းစဉ်အားဖြင့် တစ်ဖက်က စစ်ဆေးမှုတွေလုပ်မယ်။ တစ်ဖက်က ပညာပေးလုပ်ငန်းတွေလုပ်မယ်။ ပညာပေးရေးက တကယ့်တကယ်တော့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ရဲ့ လူနေမှုဘဝမှာကိုက ဒီ အဂတိလိုက်စားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပီပီပြင်ပြင် ရှိနေတော့ ဒါတွေ အားလုံးကို လုပ်သွားမှရမယ်။ အသိပညာပေးတဲ့ အပိုင်းသတိပေးတဲ့ အပိုင်းပြီးတဲ့အခါကျတော့ အရေးယူဆောင်ရွက်တဲ့ အပိုင်းတွေကို လုပ်သွားမယ်။ လက်ရှိမှာလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်” ကော်မရှင်ဥက္ကဌ ဦးအောင်ကြည်က ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ရုံးအား ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၁၇ ခုနှစ် အောက်တိုဘာ လကုန်ထိ ကော်မရှင်သို့တိုင်ကြားလာသည့်အမှုပေါင်း ၄၃၅၃ မှုရှိကြောင်းသိရှိရသည်။

ကော်မရှင်သို့ တိုင်ကြားလာသည့် တိုင်ကြားစာများထဲ၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ တိုင်ကြားစာအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁၁၂၈ စောင်နှင့် မန္တလေးတိုင်းဒေသကြီးမှ ရ၇၉ စောင်တိုင်ကြားလာကြောင်း သိရှိရသည်။

ထိုအပြင် နေပြည်တော်မှ ၁၆၁ စောင်၊ ကချင်ပြည်နယ်မှ ၄၇ စောင်၊ ကယားပြည်နယ်မှ ၈ စောင်၊ ကရင်ပြည််နယ်မှ ၅၂ စောင်၊ ချင်းပြည်နယ်မှ ၂၆ စောင်၊ စစ်ကိုင်းတိုင်းမှ ၄၄၅ စောင်၊ တနင်္သာရီမှ ၃၃ စောင်၊ ပဲခူးတိုင်းမှ ၄၆၅ စောင်၊ မကွေးတိုင်းမှ ၁၆၅ စောင်၊ မွန်ပြည်နယ်မှ ၂၁၅ စောင်၊ ရခိုင်ပြည်နယ်မှ ၆၂ စောင်၊ ရှမ်းပြည်နယ်မှ ၂၉၄ စောင်နှင့် ဧရာဝတီတိုင်းမှ ၄၇၃ စောင် တိုင်ကြားမှု ရှိခဲ့ကြောင်း သိရှိရသည်။

ယဉ်ကေနွယ် (နေပြည်တော်)

Leave a Reply