ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ယာဥ္တန္းျဖတ္သန္းၿပီး မိနစ္ပိုင္းအၾကာတြင္ ဆဲြမိုင္းတစ္လံုးေပါက္ကဲြ

0
190

ရန္ကုန္ ၊ ဒီဇင္ဘာ ၈။၂၀၁၇။

ယေန႔နံနက္ပိုင္း၁၀နာရီေက်ာ္က ရခိုင္ျပည္နယ္အမ္းၿမိဳ႕မွ စစ္ေတြၿမိဳ႕သို႔ သြားေရာက္သည့္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ဦးညီပု လိုက္ပါလာသည့္ ယာဥ္တန္းျဖတ္သန္းၿပီးမိနစ္ပိုင္းအၾကာ ေယာေခ်ာင္းတံတားအနီးတြင္ ဆဲြမိုင္းတစ္လံုးေပါက္ကဲြ ခဲ့ေၾကာင္း၀န္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိ ဦးေက်ာ္ခင္ကပဥၥမလိႈင္းသို႕အတည္ျပဳေျပာသည္။

အဆိုပါအခင္းျဖစ္ပြားရာေနရာသို႔ လံုၿခံဳေရးတပ္ဖဲြ႕၀င္မ်ား သြားေရာက္စစ္ေဆးေနၿပီျဖစ္ကာ အေသးစိတ္အခ်က္အ လက္မ်ားကိုမသိရွိရေသးေၾကာင္းဦးေက်ာ္ခင္ကေျပာသည္။

“ယာဥ္တန္းကဆက္သြားေနတာဆိုေတာ့ ရပ္လိုက္ဖို႔လည္းမျဖစ္ႏိုင္ဘူး။ သြားလဲမၾကည့္ရေသးဘူး။ ထိခိုက္ဒဏ္ရာရ တာေတာ့မၾကားရေသးဘူး ႐ံုးကိုေတာ့ျဖစ္စဥ္တင္ျပခိုင္းထားတယ္”ဟု ဦးေက်ာ္ခင္က ေျပာသည္။

ျပည္နယ္၀န္ႀကီးခ်ဳပ္ဦးညီပုသည္ ယေန႔မြန္းလဲြပိုင္းတြင္ စစ္ေတြၿမိဳ႕သို႕ျပန္လည္ေရာက္ရွိေနၿပီး လုပ္ငန္းတာ၀န္မ်ားျပန္ လည္ထမ္းေဆာင္ေနၿပီျဖစ္ေၾကာင္း၎ကေျပာဆုိသည္။

ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ျပည္နယ္အစိုးရအဖဲြ႕၀န္ႀကီးမ်ားသည္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ ဂြ ၊သံတဲြ ၊ အမ္း ၊ ေက်ာက္ေတာ္ ႏွင့္ ေတာင္ကုတ္ခရီးစဥ္ကို သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ကိုဥာဏ္

ရန်ကုန် ၊ ဒီဇင်ဘာ ၈။၂၀၁၇။

ယနေ့နံနက်ပိုင်း၁၀နာရီကျော်က ရခိုင်ပြည်နယ်အမ်းမြို့မှ စစ်တွေမြို့သို့ သွားရောက်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု လိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းပြီးမိနစ်ပိုင်းအကြာ ယောချောင်းတံတားအနီးတွင် ဆွဲမိုင်းတစ်လုံးပေါက်ကွဲ ခဲ့ကြောင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်ကပဥ္စမလှိုင်းသို့အတည်ပြုပြောသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးနေပြီဖြစ်ကာ အသေးစိတ်အချက်အ လက်များကိုမသိရှိရသေးကြောင်းဦးကျော်ခင်ကပြောသည်။

“ယာဉ်တန်းကဆက်သွားနေတာဆိုတော့ ရပ်လိုက်ဖို့လည်းမဖြစ်နိုင်ဘူး။ သွားလဲမကြည့်ရသေးဘူး။ ထိခိုက်ဒဏ်ရာရ တာတော့မကြားရသေးဘူး ရုံးကိုတော့ဖြစ်စဉ်တင်ပြခိုင်းထားတယ်”ဟု ဦးကျော်ခင်က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုသည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့သို့ပြန်လည်ရောက်ရှိနေပြီး လုပ်ငန်းတာဝန်များပြန် လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း၎င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဂွ ၊သံတွဲ ၊ အမ်း ၊ ကျောက်တော် နှင့် တောင်ကုတ်ခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကိုဉာဏ်

Leave a Reply