ကျုံးအတွင်း ရေနစ်သေဆုံးသူတစ်ဦး တွေ့ရှိ

0
189

မန္တလေး၊ မတ် ၂၁၊ ၂၀၁၈

မန္တလေးမြို့ ၂၆လမ်း ၇၁လမ်းထောင့် ကျုံးအတွင်း ရေနစ်သေဆုံးနေသူ တစ်ဦးကို မတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က ကယ်ဆယ် ရေးအဖွဲ့များ ဆယ်ယူရရှိခဲ့သည်။

သေဆုံးသူမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ကိုအာကာ အောင် ဖြစ်ပြီး မန္တလေးမြို့ကို အလည်လာရင်း မတ်လ ၁၉ ရက်နေ့က သူငယ်ချင်းများနှင့်အတူ ကျုံးအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်သေဆုံးသူကို မန္တလေးထွေထွေရောဂါကုဆေးရုံကြီးသို့ သယ်ဆောင် ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က သိရသည်။

နိုင်လင်းဦး

Leave a Reply