JMC လုပ်ငန်းများလုပ်ဆောင်ရာတွင် ဒေသခံများ၏ဆန္ဒပါဝင်ခြင်းမရှိပါက NCAအပေါ် ယုံကြည်မှုပျက်နိုင်သည်ဟု JMC-U ဒုဥက္ကဋ္ဌပြော

0
155

ရန်ကုန် ၊ မတ် ၂၁ ၊ ၂၀၁၈

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီJMCလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဒေသခံလူထု၏ဆန္ဒပါ ၀င်ခြင်းမရှိပါက NCAစာ ချုပ်နှင့် JMCအပေါ် ယုံကြည်မှုပျက်ပြားနိုင်ကြောင်း JMC-U ဒုဥက္ကဋ္ဌ စောအိုင်းဇက်ဖိုးက ပြောသည်။

ပြည်ထောင်စုအဆင့် JMC-U ၏ ၁၅ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟှိုဌာနတွင် မတ်လ ၂၁ရက်နေ့တွင်ကျင်းပပြုလုပ်နေပြီး အစည်းအဝေးနှုတ်ခွန်းဆက်စကားတွင် စောအိုင်းဇက်ဖိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဒေသခံပြည်သူများဟာ လက်နက်ကိုင် ပဋိပက္ခ ရဲ့မကောင်းတဲ့အကျိုးဆက်တွေကို ခေတ်အဆက် ဆက်ခံစား လာရတာဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ရဲ့စိတ်ထဲမှာ ကြောက်စိတ် ၊စိုးရိမ်စိတ်လွှမ်းမိုးနေစဲရှိ ပါသေးတယ် ။ ကျွန်တော် တို့လှုပ်ရှားမှု တိုင်းမှာသူတို့ရဲ့ဆန္ဒမပါဝင်ရင် ကျွန်တော်တို့ NCAနဲ့ JMC အကောင် အထည် ဖော်မှုတွေမှာ သူတို့ရဲ့ရှိပြီးသားယုံကြည်မှုတွေပါ ပျက်ပြား သွားနိုင် ပါတယ်။ဒါကိုနှစ်ဖက်လေးလေးနက်နက်စဉ်းစားဖို့ လိုအပ် ပါတယ်”ဟု စောအိုင်းဇက်ဖိုးကပြောသည်။

JMCလုပ်ငန်းများညှိနှိုင်းအကောင်အထည်ဖော်သည့်နေရာတွင် လက်တွေ့မြေပြင်၌အကောင်အထည်ဖော်မှုတွင်လိုအပ်ချက်များရှိနေပြီး တရားဝင်တွေ့ဆုံမှုများအပြင် အလွတ်သဘော တွေ့ဆုံမှုများပြုလုပ်ရန် လိုအပ်ကြောင်း စောအိုင်းဇက်ဖိုးကထောက်ပြပြောဆိုသည်။

ယခုလအတွင်းတွင် KNUတပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းတွင် တပ်မတော်မှလမ်းဖောက်လုပ်မှုကြောင့် တပ်မတော်နှင့် KNU နှစ်ဖက် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံရွာပေါင်း ၁၄ရွာမှ လူဦးရေး၂၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍KNUမှ ယခုကျင်းပနေသည့် JMC-Uအစည်းအဝေးတွင်တင်ပြသွားမည်ဖြစ်ပြီး JMC-Uမှ လွတ်လပ် သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာစေလွှတ်မည်ဟု KNUဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောဆိုထားသည်။

ကိုဥာဏ်

Leave a Reply